အပိုင်း(37)

6.8K 441 12
                                    

"အဆင်ပြေပါ့မလား လီလီ"

ရှင်းရှင်းတစ်ယောက် လီလီ၏ အ​ဆောင်တော်ထဲက စားပွဲဝိုင်းတွင်ထိုင်နေပြီး လီလီကိုဆိုလိုက်သည်။

"ဖန်အာလား"

လီလီက မေးခွန်းပြန်ထုတ်လိုက်တော့ ရှင်းရှင်းခေါင်းငြိမ့်လိုက်သည် ။ မှန်သည်လေ သူမဖန်အာ့ကို စိုးရိမ်သည်။

"အဆင်ပြေမှာပါ မင်းကြီးကပြန်ကောင်း လာပြီဆိုတော့ ဂရုစိုက်ပေးမှာပါ"

"ငါစိုးရိမ်တာ အဲတာကြောင့်"

ရှင်းရှင်းက ပြောလိုက်တော့ လီလီက ရှင်းရှင်းကို ထူးဆန်းသလိုကြည့်နေသည်။

"ဘာလို့လဲ"

"မင်းကြီးရဲ့ အချစ်ကိုလိုချင်တဲ့လူတွေက ဖန်အာ့ကို ဒုက္ခပေးကြလိမ့်မယ်"

လီလီလည်း အံ့ သြ သွားသည်။ သူမဒီကိစ္စမစဉ်းစားမိပေ။

"အခုအချိန်ထိ ဖန်အာ့ကို ဘာမှမလုပ်ကြတာက မင်းကြီးက ဖန်အာ့အပေါ် နှိပ်စက်နေလို့ မချစ်နိုင်ဘူးထင်လို့ တကယ်လို့များ မင်းကြီးသာ ဖန်အာ့အပေါ်မေတ္တာမျှခဲ့ရင် "

ရှင်းရှင်းဆက်မပြောတော့ဘကျန်တာ လီလီဘာသာ သိမည်ကို သိသောကြောင့် ပင်ဖြစ်သည်။

"ဆိုတော့ အားချုံ မူဟန် သူတို့နှစ်ယောက်က"

"သူတို့နှစ်ယောက်ပဲ ထင်လို့လား"

ရှင်းရှင်းကဆို၏ တကယ်တော့ သူတို့နှစ်ယောက်အပြင်ထပ်ရှိသေးတယ်ဆိုတာ သူမသိသည်။

"ရှိသေးလို့လား"

"ရှိတော့ရှိသေးတယ် ဒါပေမယ့် သူတို့ဖန်အာ့ကို ဒုက္ခမပေးဖို့ မျှော်လင့်တာပဲ"

"ကောင်းပါပြီ အခုတော့ ညဥ့်နက်ပြီဆိုတော့ အိပ်တော့ ကိုယ်လည်း အိပ်တော့မယ်"

လီလီ စကားကိုဖျက်လိုက်သည် ။မဟုတ်ရင် ထိုကိစ္စဆွေးနွေးနေသည်နှင့်မိုးလင်းသွားမည် ဖြစ်သည်။

--------------------------------------------------------

" ဘာပြောတယ် ဒါတကယ်လား"

ဖန်လီတစ်ယောက် ညီဖြစ်သူ၏စကားကြောင့် မျက်မှောင်ကြုတ် လိုက်မိသည်။ ညီဖြစ်သူကိုပစ်ထား သည့်အတွက်လည်း ကိုယ့်ကိုကိုယ် စိတ်ပျက်နေမိသည်။

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Donde viven las historias. Descúbrelo ahora