အပိုင်း(1)

63.2K 1.2K 56
                                    

'ကဲလာ သမီးထိုင် ...'

ကိုယ်ပိုင် အထက်တန်းကျောင်းဖြစ်တာနဲ့အညီ သန့်ရှင်းသပ်ရပ်၍ အဆင့်အတန်းမြင့်လှသည်။ ကြယ်စင်လည်း  မလှုပ်မယှက်ပင် တီချယ်ညွှန်ပြသော ထိုင်ခုံအလွှတ်မှာ ၀င်ထိုင်လိုက်သည်။

'တီချယ် မိတ်ဆက်ပေးချင်တယ် ကလေးတို့
သူလေးက ကြယ်စင်တဲ့ ...တီချယ်တို့ ကျောင်းကို အသစ်ရောက်လာတဲ့ ကျောင်းသူ ကောင်းကောင်းဆက်ဆံပေးကြနော် ...'.

'ဟုတ် တီချယ် ..'

ကျောင်းသားကျောင်းသူတွေ တပြိုင်တည်း ဖြေကြားပြီးနောက်
တီချယ် က စာ စသင်တော့သည်။

ကြယ်စင်က အခုနှစ် 10တန်း။ private ကျောင်းတွေထဲမှာ အိမ်က အခုကျောင်းက မိန်းကလေး သီးသန့်ကျောင်းဖြစ်လို့ ကြယ်စင့်ကို ထားခြင်းဖြစ်တယ်။  ကျန်းမာရေး ရှူရှာပြီး အရမ်းအားငယ်တတ်သော တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး ကြယ်စင်တို့ မိဘတွေက အရမ်းချမ်းသာတဲ့ထဲ မပါပေမယ့် အလယ်အလတ်လူတန်းစားသာဖြစ်တယ်။ ကြယ်စင့်ရဲ့ အဖေက အစိုးရ၀န်ထမ်း။ အမေကတော့ ကုန်စုံဆိုင်ဖွင့်ကာ ဈေးရောင်းသည်။ သာယာတဲ့ မိသားစုလေးကို ကြယ်စင်ပိုင်ဆိုင်ထားတယ်။

တီချယ် မြ၀တ်လွှာက ကြယ်စင်တို့ ကျောင်းမှာ English သင်ပေးသော တီချယ်။ အသက်က 26ပတ်ဝန်းကျင်လောက်ရှိမည်။ ချောတာတော့ အတော်ချောသည်။ တီချယ်က ကြယ်စင့် အတွက်တော့ အရမ်းကို သဘောကောင်းပြီး စိတ်ရင်းစေတနာကောင်းသော သူပင်။ စာသင်နေသော တီချယ်ကို ကြယ်စင်ငေးနေမိသည်။စာသင်အပြီး တီချယ်ထွက်သွားသော အခါကျမှ ...

'ဟိတ် ..'

ရုပ်တရက် ကျောကို ပုတ်ပြီး ခေါ်လိုက်တဲ့ အသံကြောင့်
ကြယ်စင် အရမ်းလန့်သွားသည်။ ပါးစပ်ထဲ ထည့်ကာ ကိုက်ထားသော ဘောပင် အပိတ်လေးမှာ ခုံအောက်ကျသွားလို့ ပြန်ကောက်ကာ ထိုအပိတ်ကို နဖူးပေါ်မှာ ကျနေသော ဆံပင်များကို ဖယ်ရှားပြီး ကလစ် ပန်သလို ပန်ထားလိုက်သည်။

'ဂါး ...နင်က ဘယ်လိုမိန်းကလေးလဲ
ညစ်ပတ်လိုက်တာ ...'

ရုပ်တရက် မိမိကို လာဝေဖန်နေသော ထို ပုလွေရိုးပုံစံ ကောင်မလေးကို ကြယ်စင် ရှိန်သွားသည်။ ပြသနာ က မိမိမှာ လူအရမ်းကြောက်တတ်သည်။ အရှက်အကြောက်ကြီးတဲ့ လူမျိုးထဲတွင် ကြယ်စင်ပါသည်။ထိုမိန်းကလေးနှင့်အတူ သူ့နောက်မှာ တခြား နှစ်ယောက်လည်း ပါလာတယ်။ ပုံစံတွေက ခပ်မိုက်မိုက်နဲ့ စကပ်အောက်မှာ ဘောင်းဘီ ၀တ်ထားတဲ့ သူက တစ်ယောက်။ နောက်တစ်ယောက်ကတော့ ကျောင်း uniformမဟုတ်ပဲ တခြား စကပ်အတိုလေးကို ၀တ်ထားလေသည်။

"Silence Area''Where stories live. Discover now