အပိုင်း(4)

13.5K 803 12
                                    

'ကလေးတို့ရေ  တီချယ်တို့ ကျောင်းကဒီနှစ် ဒီဇင်ဘာမှာ
ကျောင်း5ရက်တိတိပိတ်ပေးပါမယ် ..'

'yay..!!'

တီချယ်ကြီး စကားပြောပြီးတဲ့နောက်မှာတော့ ကျောင်းသူတွေ အော်ကြတော့သည်။ စာတွေနဲ့ အမြဲလုံးပန်းနေပြီး
စာမေးပွဲ မဖြေခင်အတွင်း အားလပ်ရက် ပေးခြင်းဖြစ်သည်။

ကြယ်စင်လည်း ရှေ့ခုံက Deeကို တိုးတိုးလေး လှမ်းပြောလိုက်တယ်။

'ဟေး ..Dee..အိမ်ပြန်မှာလား ..'

Deeစုတ်က ကြယ်စင့်ကို တချက်လှည့်ကြည့်ပြီး
စကားတောင် ပြန်မပြောဘဲ တဖက်လှည့်သွားလေတော့ ကြယ်စင်အတော် စိတ်ဆိုးမိသည်။

'ဟို ကြယ်စင် ...အိမ်ပြန်မှာလား .?'

ရုပ်တရက် ကြယ့်စင့်ဘေးနားလာထိုင်ကာ မျက်နှာချင်းဆိုင်ကာ လာမေးသော အံ့ကြောင့် ကြယ် လန့်သွားသည်။

'အာ အံ့ ... ကြယ်စင်က ပြန်မှာလေ ..'

'ဟုတ်လား ...'

ချက်ချင်းကြီး အံ့ မျက်နှာက ညိုးငယ်သွားတာမို့ ဘာဖြစ်သွားတာလဲ ကြယ်စင် သိချင်မိသည်။

'ဟို ဘာဖြစ်လို့လဲ အံ့ရဲ့ ...အံ့ရော မပြန်ဘူးလား ..'

'အွန်း ..မပြန်ဖြစ်လောက်ဘူး ..'

'ဘာလို့လဲ ?'

'အမေက ပြောတယ် ကြယ်စင်ရဲ့
အဆောင်မှာနေပြီး စာလုပ်ရမယ်တဲ့.'

ကြယ်စင် အံ့ကို အရမ်းသနားမိပါတယ်။ သူ့ရဲ့ အမေ အတ္တကြီးသည်ဟု ကြယ်စင်ထင်မိတယ်။ သမီးကို ပြစ်ထားသလို အဖြစ်။ ပြီးတော့ ပုံစံခွက်ထဲ သွင်းနေသလို အံ့ကလည်း သူ့အမေရဲ့ ပုံစံခွက်ထဲမှာ အသားကျနေပြီထင်ပါတယ်။

'အံ့ လာလေ အတူပြန်မယ် ..'

ကြယ်စင်နှင့် အံ့ထား လက်ချင်းတွဲကာ အဆောင်ဘက် ပြန်ခဲ့ကြသည်။

~~~~~~~~~~~~~~~

'မိုးမီမီဆောင်း .!အဆင့်က ဘာလို့ကျသွားတာလဲ  .'

Deeရဲ့ ရှေ့မှာ ဇိမ်ခံ ဆိုဖာကြီးပေါ်တွင် အကျအနထိုင်နေပြီး dee၏ report cardကို စစ်ဆေးနေသော ဒယ်ဒီ။
မျက်နှာ အနေအထားက ပြုံးခြင်းရယ်ခြင်းမရှိဘဲ တင်းမာနေသည်။ deeကတော့ မက်တပ်ရပ်လျက်ပင်။

"Silence Area''Hikayelerin yaşadığı yer. Şimdi keşfedin