အချိန်တန်လို့ ငါပြန်လာရင် ...နင့်နှလုံးသားတံခါးကို ဖွင့်ပြီး ငါ့ကို ကြိုဆိုနေမယ် မဟုတ်လားဟင် ကြယ်စင်။
အေးချမ်းလှတဲ့ လန်ဒန်မြို့ရဲ့ ရာသီဥတုအောက်မှာ
စာကြည့်နေရင်းမှ ကော်ဖီခါးခါးတစ်ခွက်ကိုသောက်ရင်း
ဘယ်လိုမှ မမေ့နိုင်သူ တစ်ယောက်အကြောင်း တွေးနေရသည်မှာလည်း ခံစားချက်တမျိုးပင်။ကိုင်ထားသော ကော်ဖီခွက်ကို စားပွဲပေါ်အသာအယာ ချလိုက်ရင်းမှာ ..အိပ်ယာဘေးနားက အသေးစား ဗီဒီရိုထဲရှိ အံ့ဆွဲလေးထဲမှ ဓာတ်ပုံလေးကို ထုတ်လိုက်သည်။
ထိုဓာတ်ပုံလေးမှာ အဖြုအမည်းအရောင်လေးနှင့် ဆယ်ကျော်သက် ကောင်မလေးနှစ်ယောက်။ တစ်ယောက်က အံ့ထား ဖြစ်ပြီး နောက်တစ်ယောက်က အံ့ထား အရမ်းချစ်ခဲ့ရသော ကြယ်စင်။
"ကြယ်စင်..."
ဓာတ်ပုံလေးထဲက ဆံပင်အတိုလေးနှင့်မိန်းကလေးကို
အံ့ထား ဆွေးဆွေးလေးခေါ်ပြီး ..သူ့မျက်နှာလေးကို လက်ဖျားလေးများဖြင့် ထိလိုက်မိသည်။"ငါ မကြာခင် ပြန်လာခဲ့မယ် ကြယ်
ငါ့ကို ဆက်ဆက်စောင့်နေပေးပါနော် နင့်ရဲ့ နှလုံးသားတံခါးကို ဖွင့်ပြီးတော့ပေါ့.."အံ့ထား အတ္တကြီးခဲ့ပါသည်၊ ဟုတ်ပါတယ် အတ္တကြီးခဲ့ပေမယ့်
သူနဲ့ ဝေးနေရတဲ့ အချိန်တွေမှာ သူ့အကြောင်းပဲတွေးနေမိတယ်၊ သူ့ကိုပဲ လွမ်းနေမိတယ်။ ကိုယ် သူ့အပေါ် စိတ်ကစားမိတယ် ထင်ထားခဲ့တာတွေက တကယ့်အမှန်မှာတော့ သူ့အပေါ် ကိုယ်တောင်မထင်မှတ်ထားလောက်သည်အထိ ချစ်နေတယ်ဆိုတာလေ။သူကတော့ အံ့ကို မုန်းနေမလား မသိပေမယ့် မြန်မာပြန်ကို အံ့ပြန်လာတဲ့ အချိန် ကျေနပ်သည် အထိတောင်းပန်မယ်။ ပြီးတော့ ကြယ်စင် ပြောသလို နှစ်ယောက် တစ်ဘဝ တည်ဆောက်ချင်တယ် ကြယ်စင်ရယ်....
🌸🌸🌸🌸
ပထမနှစ်တုန်းက အိမ်က ဒါရိုက်ဘာ လိုက်ပို့ပေမယ့်
အခုဆို Deeမှာ လိုက်ပို့ပေးမယ့် သူမရှိတော့ Ferryနဲ့သာ သွားရသည်။ဘဝ ကပြောင်းလဲသွားလိုက်တာ။ အရာရှိ အရာခံ သူဋ္ဌေးကြီးဦးမင်းထင်ရဲ့ သမီးမဟုတ်တော့ကြောင်း အားလုံးလည်း သိကြသလို Deeဟာ သာမန်ဘဝ ထဲက သာမန်လူတန်းစားသာ။ မိဘအရင်းရဲ့ စွန့်ပယ်ခံရသူ၊ မွေးစားမိဘရဲ့ စွန့်ပယ်ခံရသူ၊ နောက်ဆို ကိုယ်ချစ်တဲ့ သူကရော ကိုယ့်ကို စွန့်ပယ်မလား ဟူသော အတွေးက ခြောက်လန့်နေလေပြီ။