အပိုင်း(14)

9.7K 713 34
                                    

နွေရာသီ ဝင်စမို့ ထင်ပါတယ်။ လူကလည်း ညညဆိုတော်တော်နဲ့ မအိပ်ဖြစ်ဘဲ အွန်လိုင်းသုံးနေမိသည်။

နောက်ဆို Deeတစ်ယောက်တည်း ရှင်သန်ရမယ်၊ အဘွား များ အကယ်၍ ဆုံးပါးသွားခဲ့လျင်ဆိုသော အတွေးတွေက နှိက်စက်နေသည်ထင်ပါရဲ့။

NF ကြည့်နေရင်းမှ ..ကြယ်စင် အကောင့်ကို ဝင်ကြည့်ချင်မိလာသည်။

အကောင့်ထဲ ဝင်လိုက်တော့ သူ့ရဲ့ ပြောင်စပ်စပ်မျက်နှာနှင့်ပုံက ကြိုဆိုနေသည်။ musicတွေကို စိတ်ဝင်စားပုံပါပဲ။
သူ shareထားတဲ့ အရာတော်တော်များများက American အဆိုတော်ရဲ့ သီချင်းများနှင့် မြန်မာ အဆိုတော် များသာ။

"ဟူး လွမ်းလိုက်တာ ရှင့်ကို .."

ကြယ်စင့်ရဲ့ ပြောင်စပ်စပ် မျက်နှာ အောက်မှာဘဲ Deeကြွေ ဆင်းသွားပြန်ပါတယ်။

ဖုန်းဆက်ရင် ကောင်းမလား ဟူး မဖြစ်သေးပါဘူး
သူက အိပ်နေလောက်ပါပြီ။

ကိုယ့်မှာ သာ သူ့ကို လွမ်းနေမိတာ ..သူက သူ့စိတ်ထဲမှာ သူ့နှလုံးသား ထဲမှာ အံ့ထားသခင်ကို နေရာ ပေးထားတာ။

အချစ်နဲ့ အစစ်မှာ မတရား တာ မရှိပါဘူး။
လွမ်းလို့ မနေနိုင်မှတော့ ဆက်ရတော့မှာပါ။

ကြယ်စင် ရဲ့ contactကို နှိပ်ရနိုးနိုး နဲ့ နှိပ်လိုက်မိပါတယ်။

ဖုန်း ဝင်နေတာ အတော်ကြာပြီးမှ 'ဟဲလို 'ဆိုသော
အိပ်ချင်မူးတူး အသံလေးကို ကြားနေရသည်။

Deeတော့ ရူးချင်ပါသည်။ ဖုန်းကို ပြန်မဖြေဘဲ ကိုင်ထားမိသည်။

"ဟဲလို ဘယ်သူလဲ ..."

တဖက်က ကြယ်စင်ရှိမှာ Deeရဲ့ ဖုန်းနံပတ်မရှိဘူးထင်ပါရဲ့။
ဘယ်သူလဲ ဘယ်သူလဲနှင့်မေးနေပုံကို ကြည့်တာနဲ့ သိသည်။

"........."

"ဟဲလို ဘယ်သူလဲလို့ မေးနေတယ်လေ ..ဒီအချိန်ကြီး
မစကြပါနဲ့ကွာ ..ဘယ်သူလဲ .."

ဘယ်သူလဲ မေးလေ ကြောင်ကြောင်ကြီးနှင့် Deeမှာ ပြန်မဖြေပါ။ ပြန်ဖြေဖို့ နေနေသာသာ လူက တုန်ရီပြီး ပြန်ဖြေဖို့ စကားရှာမရတော့ပါ။

တဖက်က ဖုန်းထဲက တောက်ခေါက်သံပါ ကြားလိုက်ရလို့
Dee အမြန်အဆန်ပဲ ဖုန်းကို ချလိုက်သည်။ကိုယ် အသက်ရှူတွေ အရမ်းမြန်ပြီး နှလုံးခုန်လည်း အတော်မြန်နေတာ သတိထားမိလိုက်သည်။

"Silence Area''Where stories live. Discover now