"ဘာပြောတယ် ထိကရုံး
နင်ဘာတွေလျောက်လုပ်နေတာလဲ
Deeဆိုတာ ဘယ်သူလဲရော နင်သိရဲ့လား .."မမ ဘာပြောပြောထိကရုံး ဂရုမစိုက်စွာဘဲ ခြေထောက်ကို
စားပွဲပေါ်တင်လိုက်ကာ ရှေ့က အိတ်ထဲမှ နေကြာစေ့ကို ကောက်ကာ စားလိုက်သည်။"သိသားပဲ ...မမအဖေ့ရဲ့ မွေးစားသမီးမဟုတ်လား."
"ဟုတ်တယ် ဒါပေမယ့် နင် သူ့အကြောင်းတွေ ဘာသိထားသေးလို့ အခုလိုတွေ လုပ်နေရတာလဲ ရုံး နင် သူ့ကို လျော့မတွက်နဲ့နော် ..သူဘက်ကလည်း အဲ့လို နင့်ချစ်သူ အဖြစ် သက်သက်ကြီး တွဲတာခံနေတယ်များထင်နေလား သူက ကြယ်စင့်ကို ဟိုးအရင်ကတည်းက ကြိုက်လာတာ ..အခုကလည်း သူ
ကြယ်စင့်ကို ချစ်နေတာ ဖုံးကွယ်ချင်ရုံ သက်သက် နင့်ကို အသုံးချနေတာ သိရဲ့လား ရုံးရဲ့ ..."ထိကရုံး မျက်နှာကို မဲ့ကာ ပြုံးလိုက်မိသည်။
"သိတယ်လေ.."
မမအံ့က အတော်အံ့သြသွားသည့်ပုံစံနှင့် ရုံးကို စူးစိုက်ကာ နားမလည်သော အကြည့်များနှင့် ကြည့်နေလေသည်။
"အဲ့တော့ နင် အသုံးချခံ ဖြစ်နေတာလေ ရုံး.."
"ငါကိစ္စာ ငါသိတယ်မမ ...ငါဟာလေ
မအတွက်ဆို အသက်ပါပေးဖို့ အဆင့်သင့်ရှိပြီးသား
နင် ငါ့ကိစ္စတွေမှာဝင်မပါစမ်းနဲ့ဟာ .."အံ့ ထိကရုံးကို လုံးဝနားမလည်နိုင်တော့ပါ။ တချိန်က Deeနာကျင်အောင် ကြယ်စင့်ကို တွဲပြခဲ့တာကြောင့်
အခုအချိန်မှာ ညီမလေးကို အသုံးချပြီး အံ့ထားကို နာကျင်အောင် လုပ်မည်ဟု ထင်သည်။ ဒါပေမယ့် ကိုယ့်ညီမကိုယ်တိုင်က သူ့အပေါ်တမ်းတမ်းဆွဲဖြစ်နေလေတော့ Deeနဲ့ တွေ့ပြီး စကားပြောရန် လိုသည်ဟုထင်သည်။ တချိန်က Deeဆီက အရာအားလုံးကို လုယူခဲ့သည်မို့ ယခုအခါ သူပြန်လုယူသွားမည်ကိုပဲ အံ့ထား ကြောက်နေမိတော့သည်။✈✈✈✈✈✈✈
"ဘာလဲ ထိကရုံး.."
လွမ်းလွန်းလို့ ဖုန်းဆက်ရာ ပြန်ရရှိလိုက်သော ရုံးအတွက်တော့ မဆီက ခပ်ထန်သော လေသံသာ။
"မ...လွမ်းတယ်...ပြီးတော့ အရမ်းချစ်တယ်.."
ရင်ထဲကပါ၊ တကယ့် ရင်ဘက်ကြီးနဲ့ ခံစားပြီး ရုံးပြောခဲ့ပါတယ်။ တဖက်က မရဲ့ အသံအတော်လေးတိတ်ဆိတ်သွားတယ်။