'အံ့ ဘာလို့ ငါ့ကိုရှောင်နေရတာလဲ ...'
ကြယ်စင်တစ်ယောက် စာတွက်နေရင်း စာထဲစိတ်မရောက်ဘဲ
အံ့ ဆီသာ စိတ်ရောက်နေတယ်။ အခုတလော ကျောင်းဘက်မှာသိပ်မတွေ့ဖြစ်။ ကျောင်းကလည်း စာမေးပွဲနီးလို့ အနီးကပ် စောင့်ကြပ်ပြီး အတင်းတွန်းနေကြပြီ။့ကြယ်စင် စာလုပ်နေဆဲမှာပဲ Dee တစ်ယောက် ရေချိုးပြီးလို့ ထွက်လာတယ်။
'ကြယ်စင် ရေချိုးလို့ရပြီနော် ...'
'အွန်းပါ...'
'အွန်းပါ လုပ်မနေနဲ့ အမြန်ချိုး..အချိန်လည်းကြည့်အုံး
နေ့လည်ခင်း 1နာရီတောင်ထိုးတော့မယ် ...ပြီးတော့ ရေချိုးတာကလည်း ကြာသေး ..'တဗြစ်တောက်တောက်ပြောနေသော Dee ကြောင့် ကြယ်စင်လည်း စိတ်မရှည်တော့ပါ။ သူဟာလေ ကြယ်စင့်ကို ကလေးမျ မှတ်နေလား မသိဘူး။ တခါတလေကျ သူမဟုတ်သလို ချေနေပြီး တခါတလေကျ တခြားသူ တစ်ယောက်လို ဂရုစိုက်ပြန်ရော။ သူ့ခံစားချက်တွေ သူ့စိတ်ထဲမှာ ဘာတွေ ရှိနေလဲဆိုတာ ကြယ်စင်မခန့်မှန်းတတ်ပါ။
'အေးပါဟာ အခုချိုးပါ့မယ် ...'
ဆောင့်အောင့်ပြီး ရေချိုးခန်းထဲ ဝင်သွားသော ကြယ်စင့်ကို ကြည့်ကာ Dee ပြုံးမိတယ်။ အခုတလော ကြယ်စင်နဲ့ Dee ပိုရင်းနှီးလာသလို ခံစားရတယ်။ သူနဲ့ အံ့ ပြတ်သွားတာလည်း ကောင်းတာပါပဲ။ မဟုတ်ရင် ကျောင်းက သိနေမှ နှစ်ယောက်လုံး ဒုက္ခရောက်မှာ။
ဒါပေမယ့် ကြယ်စင်က အစွဲအလမ်းသိပ်ကြီးတာ။
သူ့ရဲ့ စာကြည့်စားပွဲပေါ်မှာ တင်ထားတဲ့ အံ့ရဲ့ ဓာတ်ပုံကို Dee အထင်သားမြင်နေရတော့ ရင်ထဲက နာကျင်သယောင်ယောင်။'ဟူး မလွယ်ပါလား ...'
သက်ပြင်းတချက်ကို ချရင်း အရင်က Deeရဲ့ ပုံစံကို ပြန်လိုချင်မိတာ အမှန်။
~~~~~~~~~~~~~~~~~~~
စာမေးပွဲ ပထမနေ့ ....
'သက်ထက် ဖြေနိုင်လား ...'
သက်ထက်က သွားကြီး ဖြီးကာပဲ ..
'အမလေး ဒီလောက်ကတော့ ... သက်ထက်တို့က အေးဆေးပါ..ငါကျက်တဲ့ဟာ အကုန်ပါတယ်ဟ ..'