အပိုင်း(5)

12.7K 784 18
                                    

အခန်းဝကနေ တံခါးပေါက်လေးကို ဖွင့်လိုက်တော့ ကိုယ် ပထမဆုံး မြင်ချင်တဲ့သူကို မြင်ရလို့ ရင်ထဲမှာ  Deeပျော်သွားရသည်။

'ပြန်လာပြီလား Dee..'

Deeလည်း သူ့ကို ခေါင်းပဲ ညိမ့်ပြလိုက်တယ်။ ကိုယ်ဟာ သူ့ရှေ့ဆို မာနတွေပျောက်ကွယ်ပါရော။

'သက်သာလား ဒူးက .?'

ထပ်ပြီးပဲ ခေါင်းညိမ့်ပြလိုက်တယ်။အသာအယာပဲ အိပ်ရာပေါ် အ၀တ်အစားအိတ်တင်ကာ ..အပေါ်အကျီ င်္ကို ချွတ်လိုက်ကာ စီးထားသော ဆံပင်များကို ဖြည်လိုက်သည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်မှုက Deeတို့နှစ်ယောက်ကြား ကြီးစီးနေတယ်...

'ဟို Dee ...ဒါလေး ငါ့ကိုရှင်းပြပါလား
နားမလည်လို့ ...'

Deeက ကျောင်းမှာ အံ့ထားပြီးရင် စာအတော်ဆုံးသူဖြစ်သည်။

'လာ ..ဒီနားကို ...'

Deeရဲ့ အိပ်ယာပေါ်မှာ ...Deeနဲ့ သူ အနီးကပ်ဆုံးအနေအထားမှာ ရင်တွေခုန်နေပြန်ပါတယ်။ ကြယ်စင်များ ကြားသွားမလား စိုးရိမ်စိတ်နဲ့ သူ့ကို စာရှင်းပြရပါတယ်။

'အော် ...အဲ့လိုကိုး ...'

'အွန်း ...'

'ကျေးဇူးဟာ ..စာမေးပွဲကနီးနေပြီ ..စာက သိပ်မကျေသေးဘူးဖြစ်နေလို့ ...'

ကြယ်စင်လည်း ကိုယ့်စာကြည့်စားပွဲပြန်ထိုင်ကာ
စာကို သေချာတွတ်နေလိုက်သည်။

'ကြယ်စင် ...'

ရုပ်တရက် အချေမမ ဘက်က စပြီး ခေါ်တာမို့ ကြယ်စင် ပြုံးပြီး ထူးလိုက်တယ်။

'အွန်း ပြောလေ ..'

'ငါတောင်းပန်ပါတယ် ဟိုတနေ့က နင့်အပေါ်ရိုင်းသလိုဖြစ်သွားတယ် ငါ အဲ့နေ့က စိတ်ညစ်နေလို့ ..'

ကြယ်စင်က အတက်နိုင်ဆုံး Deeကို ပြုံးပြကာ..

'ရပါတယ်ဟာ ...နင့်ပုံစံက အဲ့လိုပဲမို့
ငါ့အတွက်မဆန်းတော့ဘူး နင့်အကြောင်းနဲ့ နင်လည်းရှိမှာပဲလေ စိတ်မကောင်းတော့ နည်းနည်းဖြစ်တယ်..'

Deeလည်း ကြယ်စင် အိပ်ယာပေါ် သွားကာ သူ့ရဲ့ ခါးကို ဖက်လိုက်တယ်။ ပြီးတော့ ကြယ်စင့်ရဲ့ ပါးခုံးလေးပေါ်ခေါင်းလေးမှီလိုက်ကာ ...

"Silence Area''Donde viven las historias. Descúbrelo ahora