အပိုင်း(3)

15.9K 865 24
                                    

"ဒါဆို အံ့ က ..အဖေ မရှိတော့ဘူးပေါ့ .."

'ဟုတ်တယ် ကြယ်ရဲ့  ...ဟီး ..အမေတစ်ခု သမီးတစ်ခု ရှင်သန်ရပ်တည်နေတဲ့ ဘ၀လေ . ..အမေက အစိုးရ၀န်ထမ်းဆိုတော့ အံ့ကိုလည်း ပညာတက်ကြီး ဖြစ်စေချင်တာ အမေရဲ့ တစ်ခုတည်းသော ဆန္ဒတဲ့ အဲ့ကြောင့် အံ့က စာကိုကြိုးစားနေရတာ ...'

ကြယ်စင် အံ့ထားရဲ့ ဘ၀လေးကို သနားမိလာတယ်။ ကြယ်က သူနဲ့စာရင် မေမေလည်းရှိ ဖေဖေလည်းရှိတယ်။ ပြီးတော့ ကြယ်စင်က တစ်ဦးတည်းသော သမီး။ အံ့ထားက သူ့အောက်မှာ အငယ်လေးတစ်ယောက်ရှိတယ်တဲ့။

'ဒါဆို အဲ့အငယ်လေးက ခု ဘယ်နှတန်းလဲ ..'

'အွန်း သူက ဒီနှစ် 9တန်းတက်မှာလေ
အံ့ က ဆရာဝန်ဖြစ်ချင်တာ  ...ဆယ်တန်းကို Dတွေအများကြီးထွက်ပြီး အမှတ်ကောင်းကောင်းနဲ့အောင်ရင် ဆေးကျောင်းတက်မှာ အဲ့တာ အံ့ရဲ့ တစ်ခုတည်းသော အိမ်မက်ပဲ  ..'

အံ့က သူအိမ်မက်တွေအကြောင်း ပြောလာတဲ့အခါမှာ သူ့မျက်လုံးတွေ အရောင်တောက်လာတယ်။ သူအိမ်မက်တွေ တကယ်ကြီးတာပဲလို့ ကြယ်တွေးလိုက်မိတယ်။

'ဒါနဲ့ ရှင်လေးကရော အနာဂဏ် planတွေ ဘာတွေရှိလဲ  .?'

ကြယ်စင် အရမ်းရီချင်သွားတယ်။ စာကို အကျယ်ကြီး ကျက်။
တော်တော်နဲ့ မမှတ်မိတဲ့ ကြယ်ပါ။ ပြီးတော့ လူတွေကြားမ၀င်ရဲ  ကွယ်ရာကျ လက်သီးဆုပ် ..ကြယ်က ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိတဲ့ သူပေါ့ ...အတိအကျပြောရရင် လမ်းပျောက်နေသူပဲလား။

'ဟား ..ကြယ်ကလား ....?'

ကြယ်စင် စကားကို ခဏရပ်ကာ တိတ်ဆိတ်သွားတယ်။
အံ့ကို ကြယ့်အိမ်မက်တွေအကြောင်းပြောပြရင် သူအထင်သေးသွားမလား။ ဘယ်သူမဆို အကြောက်ဆုံးက ကိုယ်Crushနေတဲ့သူ ကိုယ့်ကို အထင်သေးသွားမှာ မဟုတ်လား။

'အွန်အွန်း ..'

'ကြယ် ပြောရင် အံ့ရီမှာလား ..?'

'ရီစရာလား ကြယ်ရယ် လူတိုင်းမှာ ကိုယ်စီအိမ်မက်တွေ ရှိကြတာပဲလေ အဲ့တာ လှောင်စရာမှ မဟုတ်တာ ..'

ကြယ် သူ့စကားကြောင့် ရှေ့ဆက်ရမယ့် အနာဂဏ်ကိုတောင် အားအင် ရှိသွားသလို..မေမေနဲ့ ဖေဖေတို့ကို ရင်ဆိုင်ဖို့ သတ္တိရှိလာလေသလား။

"Silence Area''Donde viven las historias. Descúbrelo ahora