အပိုင်း(6)

12.5K 748 16
                                    

'ဘာ ..နင် ဘာတွေပြောနေတာလဲ ..Dee..
နင် အခု ဘာလုပ်လိုက်တာလဲ ...'

ကြယ်စင်က မက်တပ်ရပ်လိုက်ပြီး Deeရဲ့ ပါးခုံးနှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး မေးသည်။

'ငါ အကုန်သိတယ် ကြယ်
အံ့က နင့်ကို မချစ်ဘူး အသုံးချနေတာ ငါပြောတာကို
ယုံပေးပါ ကြယ်ရယ် ...'

ကြယ်က Deeရဲ့ မျက်လုံးတွေကို ကြည့်ကာ ..

'နင် ငါ့ကို ဘာလို့နမ်းတာလဲ ...'

အချိန်အတော်ကြာ ဖြေရန် အဖြေပျောက်ဆုံးနေခဲ့ပြီး
နောက်ဆုံးမှ ရရှိခဲ့တဲ့ အဖြေက ....

'ငါမသိဘူး ကြယ်စင် ...'

'နင်ဟာ  ...!'

ကြယ်စင်က စိတ်ပျက်စွာပဲ သူမရဲ့ အိပ်ယာပေါ်ထိုင်လိုက်သည်။ပြီးတော့ ငြိမ်သက်သော လေသံဖြင့်

'ငါ မပြတ်နိုင်ဘူး Dee
ငါ အံ့ကို သိပ်ချစ်တာ ဘ၀တစ်ခုလုံးအတွက်ရည်ရွယ်ပြီး
ချစ်တာ ...သူ့ဘက်ကလည်း ငါ့ကို တကယ်ချစ်တယ်လို့ ငါယုံကြည်တယ် ..'

Dee စိတ်ထဲမှာ အံ့ဟာ Dee  ကြယ်စင့်ကို စိတ်ဝင်စားမှန်းသိနေလို့ အခုလို ကြယ်စင့်ကို အသုံးချနေတာဟု ထင်မိသည်။ အံ့ရဲ့ ပစ်မှတ်က Dee စိတ်ထိခိုက်ရန် ..ရိုးနေပါပြီ အံ့ လုပ်နေကြ အကွက်တွေမို့ ...ကြယ်စင့်ကို ထိခိုက်နာကျင်မှာ Dee မလိုလားဘူး။ ဒါပေမယ့် အချိန်တွေ လွန်သွားပြီ။
ကြယ်က အံ့ထားသခင် ကို ရူးရူးမူးမူးဖြစ်နေလေပြီ။

'ုကြယ် ...ငါ ...'

ဆက်ပြောမယ့် စကားလုံးတွေက Deeကို ကြည့်နေသော သူ့မျက်နှာ ညိုးညိုးလေးကြောင့် ဆက်ခွင့်မရဘဲ ရပ်တန့်သွားခဲ့သည်။ အံ့က  Deeကို အနိုင်ရဖို့ ကြယ်စင့် အသုံးချနေတာလို့ ပြောရင် ....ကြယ်စင် ယုံမှာလားဟင်။ Dee ရဲ့ မျက်ဝန်းထဲမှာ ပထမဆုံးအကြိမ် တစိမ်းတစ်ယောက် အတွကိ မျက်ရည် လည်ဖူးခဲ့ပြီ။ ကျေးဇူးပါ ကြယ်စင် ....ချစ်တတ်အောင် သင်ပေးခဲ့လို့။

ကြယ်စင်  သူမရဲ မျက်နှာအား Deeနဲ့ ဆန့်ကျင်ဘက်ကို လှည့်ကာ ...စာကိုသာ အာရုံ စိုက်လိုက်တယ်။

~~~~~~~

'မနေ့က Dee လေ တမျိုးဖြစ်နေတာ ..'

Deeဆိုတဲ့ နာမည်ပါလာတာနှင့် အံ့ရဲ့ မျက်နှာမှာ စိတ်ဝင်စားမှု အရိပ်အယောင်များ ထင်နေတာ ကြယ် သတိထားမိလိုက်တယ်။

"Silence Area''Donde viven las historias. Descúbrelo ahora