အပိုင်း(9)

11.1K 693 40
                                    

'ပြန်ရောက်ပါပြီ ...'

ကြယ်စင် အိမ်က လူတွေကို ပြန်ရောက်ကြောင်း အော်ပြောလိုက်တော့ မေမေက ဟင်းချက်ရင်း ထွက်ကြည့်ကာ ပြောသည်။

'ကြယ်စင် ..တချိန်လုံး အပြင်ပဲ ထွက်မနေနဲ့
သင်တန်းလေး ဘာလေး တက်ဖို့ စိတ်ကူးမရှိဘူးလားဟင်..'

Resultထွက်မှ သင်တန်းတက်ရန်စဉ်းစားထားသည်ကို မိခင်ဖြစ်သူရဲ့ တနေ့တနေ့ မရိုးနိုင်တဲ့ ဓာတ်ပြားဟောင်းကြီးကြောင့် စိတ်ရှုပ်စွာပဲ ဆံပင်များကို ကုတ်လိုက်မိသည်။

'တက်မှာပေါ့ မေမေကလည်း resultက ဖြင့်မထွက်သေးတာကို ...'

resultကလည်း ရက်ပိုင်းသာ လိုတော့သည်။ ကြယ်စင် ရင်ခုန်လား မေးတော့ ရင်ခုန်သည်။ မိမိအတွက်မဟုတ်ခဲ့ဘဲ
အံ့ထား ဆိုသော မိန်းကလေး အတွက် ရင်ခုန်သည်။

'မေမေ ဘာချက်လဲ ဗိုက်ဆာပြီဗျ ...'

အပြင်က ပြန်ရောက်တဲ့ အချိန်တိုင်း မေးနေကြ ထိုစကားလေးက ကြယ်စင့်ရဲ့ အမေ ဒေါ်ထားထားအဖို့ ကြည်နူးရပြီး နားဝင်ချိုသော စကားလေးတွေဖြစ်သည်။

'ခဏစောင့်အုံး
သွား ရေမိုးချိုး အဝတ်အစားလဲ နေ..
ဖေကြီး ပြန်လာမှ အတူတူစားကြမယ် .'

'ဟုတ်ကဲ့ပါ ...'

မိခင်ဖြစ်သူကို အပြုံးပန်းတွေ ဝေဆာအောင် ပြုံးပြနေသော တစ်ဦးတည်းသော သမီးလေးကို တစိမ့်စိမ့်ကြည့်နေမိတယ်။
ကလေး ဘဝထဲက သွေးအားနည်းတဲ့ရောဂါရှိလို့ ကျန်းမာရေးချုချာလွန်းပြီး ဆေးရုံဆေးခန်းခဏခဏ ရောက်တဲ့ သမီးလေးကို သနားရှာသည်။ လူအရမ်းကြောက်တက်ပြီး အားငယ်တတ်တာကလည်း တခြားလူတွေ မသိဘဲ ကြယ်စင့် မိသားစုသာ သိတဲ့ လျှို့ဝှက်ချက်လေးပါ။

သေသပ်ပြီး ရှင်းလင်းနေသော မိမိအခန်းကို ကြည့်ကာ
ကြယ်စင် အားရမိတယ်။ခေါင်းရင်းနားက နံရံလေးမှာ အံ့ထားရဲ့ ဓာတ်ပုံသေးသေးလေးကို Stickerများနှင့် ကပ်ထားသည်မှာ မြင်လိုက်တိုင်း ရင်ခုန်ရပြန်တယ်။

'လွမ်းလိုက်တာ အံ့ရယ် .....'

အံ့ထားရဲ့ ဓာတ်ပုံလေးကို လက်လေးဖြင့် ဖွဖွလေးထိကာ
ပြောမိတယ်။ အံ့ထား မဟုတ်ပါပဲ ဓာတ်ပုံလေးသာ သက်ရှိဆိုရင် ကြယ်စင့်ကို အရမ်းသနားသွားမလားမသိဘူး။ နေ့ရှိသ၍ ဓာတ်ပုံလေး ကိုင်ကာ ငိုနေလို့လေ။

"Silence Area''Hikayelerin yaşadığı yer. Şimdi keşfedin