ဟောပြောပွဲထဲမှ Dee ထွက်သွားသည်မို့ ရုက်တရက်ဆိုတော့ ကြယ်စင်လည်း ကြောင်စွာ ကြည့်နေမိသည်။
သက်ထက်ပါ နောက်က လိုက်သွားသည်မို့ စိတ်ထဲမှာ စနိုးစနောက်ဖြစ်ရတော့သည်။ Deeတစ်ခုခုများ ဖြစ်တာလား ဆိုော အတွေးက လူကို စိတ်ပူစေသလို အရမ်းလည်း စိုးရိမ်လာမိသည်။
ထိုင်နေရာက ထကာပဲ ..Deeတို့ထွက်သွားသည့် အတိုင်းလိုက်လာခဲ့မိသည်။
Toiletရဲ့ ရှေ့မှာ ထိုင်နေသော သက်ထက်ကို မြင်သည်မို့
ထိုအနားပြေးသွားကာ ..Dee ဘာဖြစ်တာလဲဟုမေးတော့"ဘာမှ မဖြစ်ဘူး ..သူအခုtoitelထဲမှာလေ."
"ဟူး ဟုတ်လား ..ငါ့မယ် အရမ်းစိတ်ပူသွားတာ
ရုပ်တရက် သူ အံ့ထားကို တွေ့တော့ စိတ်အနှောက်အယှက် ဖြစ်သွားတယ် ထင်တာ ..."Toiletထဲမှာ ထိကရုံးနှင့်အတူ Dee လက်ချင်းရှိတ်ပြီး ထွက်လာတာကို ကြယ်စင်မြင်လိုက်တော့ စွံအသွားမိသည်။ သူတို့က အရမ်းကို ခင်ကြတဲ့ သူတွေ အဆင့်တောင်ရောက်နေပြီလား ဟု တွေးမိကာ ကြယ်စင် သဝန်တိုသည်ဟူသော ခံစားချက်ကို ခံစားလိုက်ရသည်။
"Dee...စိတ်ပူသွားတာပဲ
မပြောမဆို ဟောခန်းထဲက ထွက်သွားတော့.."Dee မျက်နှာဟာ ပြုံးရွှင်ပြီး ဘေးက ထိကရုံးလက်ကိုပါ
တင်းနေအောင် ဆုပ်ကိုင်ထားတာကို ကြယ်စင်မြင်သွားသည်။"ဟုတ်လား .Deeက ထိကရုံးခေါ်လို့ လာတွေ့တာလေ
ဟုတ်တယ်မလား ရုံးလေး ..."လိမ်မည်၊ အဆုံးထိ Deeလိမ်နေပါရစေကြယ်စင်။
ကြယ်စင် ချစ်တဲ့သူ ကြယ်စင့်ကို ချစ်သောသူ ဆုံကြပြီလေ။
အပြုံးချင်သော အပြုံးများကို ခက်ခဲစွာ ဖန်တီးရင်း မချစ်သော သူလက်ကို ကိုင်ကာ ချစ်ရန်ဆောင်ရသည်မှာလည်း ငရဲတမျိုးပင်။"အော် ဟုတ်လား ...မသိပါဘူး ကြယ်စင်ထင်နေတာက
အံ့ထားကို တွေ့လိုက်လို့ စိတ်အနှောက်အယှက် ဖြစ်သွားတာလားလို့ပါ .""Deeကလား မဖြစ်ပါဘူး...သူလည်း သူ့နေရာ
ကိုယ်လည်း ကိုယ့်နေရာ အမှန်ပဲလေ ..ကြယ်စင်က
Deeကို အရမ်းအထင်သေးတာပဲနော်..အဲ့လောက် လွယ်လွယ်နဲ့တော့ အရှုံးပေးတတ်တဲ့သူ ထင်လို့လား.!!"