'သူဇာ အကို့ကို ခွင့်လွှတ်ပါကွာ ...'
ကုတင်အပေါ်မှာ ဒူးတုပ်ရပ်ထိုင်ပြီး..စောင်လေးကို ကျစ်ကျစ်ပါအောင် ခြုံထားကာ ..ကြွေမွခဲ့ရသော ပန်းလေး သူဇာ။
သူမရဲ့ မျက်ရည်တွေက သူမအရမ်းချစ်တဲ့ အကို့ ခြေရင်းမှာ မြေခရပါပြီ။'ဟင့်အင်း ....'
ကြေကွဲသံကြားထဲက ထွက်ကျလာတဲ့ အသံမို့ တင်းမာမနေပဲ ဖျော့တော့နေသည်။
သူဇာ ဘဝ ကို အကို ဖျက်ဆီးရက်တယ်နော်။ မကြာခင်လက်ထက်တော့မယ့် အကိုက သူဇာရဲ့ ဘ၀ကို အပိုင်ယူသွားတာ မုန်းမိပါတယ်။
'အကို ..သူဇာကို လက်ထက်ပါ ...'
အကိုရဲ့ မျက်နှာက ချက်ချင်းညိုးသွားသည်။ အကိုတို့ အသိုင်းအ၀ိုင်းက လူတွေက အရမ်းမောက်မာတာလည်း သူဇာ သိပါသည်။
'သူဇာ ...အကို ...'
'ဘာလဲ အကို ...သူဇာရဲ့ အပျိုဘ၀ကို အကို ဖျက်ဆီးခဲ့ပြီးပြီလေ ...အကို တာဝန်မယူရင် သူဇာက ဘာဖြစ်သွားမလဲ ..'
အရမ်းချစ်လွန်းလို့ မလွန်ဆန်နိုင်ပဲ လိုက်လျောခဲ့ပေမယ့်
အကို မှ တာဝန်မယူ ၊ မတော်တဆ ကိုယ်ဝန်ရသွားခဲ့ရင်
သူဇာ ဘာဆက်လုပ်ရမှာလဲ အကိုရယ်။အကိုရဲ့ မျက်နှာမှာ ကြောက်ရွံ တုန်လှုပ်ခြင်းတွေကို အတိုင်းသားမြင်တွေ့နေရတယ်။'အကို ....ပြန်ပါတော့.'
သူဇာ သူရဲ့ ကြောက်ရွံတုန်လှုပ်နေတဲ့ မျက်နှာကိုဆက်ပြီး မကြည့်နိုင်တော့ပါ။သူ စိတ်ထွက်ပေါက် ရရန် သူဇာ ဖန်တီးပေးခဲ့ပါတယ်။
အကို သိပ်ရက်စက်တယ်..နှုတ်တောင်မဆက်ပါဘဲနဲ့ သူထွက်သွားခဲ့တယ်။ သူဇာ တစ်ယောက်လည်း လောကကြီးကို စိတ်ကုန်စွာ အော်ငိုပစ်ခဲ့ပါသည်။
အံ့ထားတစ်ယောက် မေမေ့ရဲ့ ဒဏ္ဏာရီစာအုပ်လေးကို ကိုင်ကာ ပါးပြင်ပေါ်မှာ မျက်ရည် စတွေက တွဲလို့ခိုနေပြီ။
'နင်တို့မိသားစုကို မုန်းတယ် ...!'
တာဝန်ယူချင်တဲ့စိတ်မရှိပဲ ခြေတော်တင်ခဲ့တဲ့ နင့်အဖေကိုလည်း မုန်းတယ်.....
~~~~~~~~~~~~~~~~~~
'အံ့ ရေ ...ဒါလေးရှင်းပြပါအုံး ...'