ဒီအခန်းမှာ နေမိတာ မှားပြီထင်၏
ကြယ် အရမ်း မကြိုက်တဲ့ သူ .. မိုးမီမီဆောင်း
သူရဲ့ အကြည့်တွေ ..စကားလုံးတွေ ပြီးတော့
သူ့ရဲ့ ဂရုမစိုက်သလို အပြုအမှုက အစ လုံးဝ မကြိုက်ပါ။'ဟဲ့ နင်က ဘယ်လိုလုပ် ဒီအခန်းထဲကို ..??'
ကြယ်စင် အလျင်အမြန် အကျီ င်္ကိုအမြန်ကောက် ၀တ်ကာ ..
'ဟို ငါက ဒီအခန်းမှာ နေရမှာလေ
နင့်အခန်းဖော်ပေါ့ ...'သူက တချက်မျက်နှာ ပျက်သွားကာ
အိပ်ယာပေါ်ကို လှဲချလိုက်တယ်။'ဟူး ...စိတ်ညစ်လိုက်တာ ...'
ကြယ်စင်လည်း သူ့လိုစိတ်ညစ်ပါတယ်။
ကျောင်းမှာ အနိုင်ကျင့်တဲ့သူ နဲ့ ဘယ်သူကရော တစ်ခန်းထဲ နေချင်မှာတဲ့လဲ။ကြယ်စင် ကိုယ့်ဘာသာပဲ စာကြည့်စားပွဲနားသွားထိုင်ကာ
စာလုပ်နေလိုက်တော့တယ်။ သူကတော့ phone နှိပ်လေနေတယ်။ကြယ် တချက်ကြည့်လိုက်တော့ သူက ဖုန်းကို သိမ်းကာ ...'ဒီမယ် ...'
သူက ကြယ်စင့်ကို မျက်လုံးစိမ်းတွေနဲ့ကြည့်ကာ ..
'နင် ငါဖုန်းကိုင်တာကို နှုတ်လုံပါစေနော် ..'
ကြည်စင် ပြုံးပြီး ခေါင်းလေးညိတ်ပြလိုက်တယ်။စိတ်ထဲကတော့ မကျေနပ်။ စကားပြောတာကိုက အကြောကြီးနဲ့။
ခဏနေတော့ သူ ရေးချိုးမို့ ထင်ပါရဲ့ တပတ်ယူပြီး ရေချိုးခန်းထဲ ၀င်ခံနီး ကြယ်စင့်ကိုတောင် ဟောက်သွားသေးတာ။'ဟိုတစ်ယောက် ..! ဒီအခန်းမှာနေရင်တော့
အရမ်း မညစ်ပတ်နဲ့နော် ..'ကြယ်စင် စိတ်ထဲမှာ ဘာလားပေါ့။ ကိုယ်လည်း နေတာထိုင်တာ သန့်သန့်လေးပါ။ ဇီဇာကြောင်လှသော သူဟု ကြယ်စင်တွေးနေမိသည်။
~~~~~~~~~~~~
"တပေါင်းညှာကျင်ကဗျာကို ကုန်ဘောင်ခေတ်တွင်
ဦးယာရေးသားခဲ့ပါသည်။ ...!!"အခန်းထဲက စာကြည့်စားပွဲပေါ်စာအုပ်ကို အကျအနတင်ကာ
စာကို အားရပါးရ ကျက်တတ်သော ကြယ်စင်ရယ်ပါ။ သူများတွေက စာကို တိုးတိုးပဲကျက်မှ ရတယ်တဲ့။ ကြယ်စင်က ထိုကဲ့သို့ မဟုတ်။ စာကျက်ရင် အကျယ်ကြီး အော်ကျက်လိုက်ရမှ
စိတ်ထဲမှတ်မိတယ် ထင်တာ။ ဟိုတစ်ယောက်က တော့ ဘာဖြစ်နေရယ်မသိ။ အိပ်ယာပေါ် ၀မ်းလျားမှောက်အိပ်ကာ ခေါင်းပေါ် ခေါင်းအုံးကြီး ဖိထားလေရဲ့။