"သမီးရေ ...သမီး ...ကြယ်စင် ...
ဟူး ဒီကလေးမလေး အကျင့်တွေပျက်နေပါတယ်
ဘယ်နှနှာရီရှိနေပြီလဲ ..အခုထိမထသေးဘူး ..""ဘာဖြစ်တာလဲ မေကြီးရဲ့ .."
"ရှင့်သမီးပေါ့ ကြည့်ဦးလေ ...မနက် 10နာရီထိုးနေပြီ
အခုထိ မထသေးဘူးလေ..""အိပ်ပါစေကွာ ..မင်းကလည်း ..ကလေးက ပင်ပန်းနေလို့ဖြစ်မှာပါ ..မနေ့ညကလည်း ဟိုကလေးမတွေနဲ့ အပြင်သွားတာ နောက်ကျတယ်လေ ."
ဒေါ်မာလာ စိတ်ပျက်စွာပဲ ထိုင်ခုံပေါ်ထိုင်လိုက်သည်။ ထို့နောက် ..ခင်ပွန်းဖြစ်သူကို စေ့စေ့ကြည့်ကာ ...
"ဟုတ်တော့ ဟုတ်ပါတယ် ..အခုတလော အရင်ကနဲ့ကို မတူတော့တာ ..ညဘက်ဆိုလည်း ဘုရားရှိခိုးမအိပ်တာ ကြာပြီ
ပြီးတော့ ..ကျွန်မတို့ကိုလည်း လာမကန့်တော့ဘူးလေ ဟွန်း
သမီးလေး အကျင့်တွေပျက်နေတာပါတော် .."ဦးကျော်ခိုင်လည်း သမီးဖြစ်သူကို အရမ်းချစ်၍သာ သူအခုတလော အကျင့်ပျက်နေတာ သိပေမယ့် မဆူရက် ၊ မငေါက်ရက်ပါ။ ဟိုတလောကလို သမီးဖြစ်သူ ရုပ်တရက် ပျောက်သွားသည့်အဖြစ်မ်ျိုး လက်မခံနိုင်ပါ။
"နိုးပြီ ..."
လှေကားက တလှမ်းချင်း ဆင်းလာသော ဆံပင်စုတ်ဖွားနဲ့ သမီးကို ဒေါ်မာလာ အကဲခတ်နေမိသည်။
ရေခဲသေတ္တာထဲက ရေကို အရင်ယူသောက်သည်။ ပြီးတော့ ဆံပင်တွေကို ကုတ်ကာ ..ထိုင်ခုံပေါ်မှာ ပြန်အိပ်နေပြန်သည်။
"သမီး ...ဖေဖေ အလုပ်သွားတော့မယ် .."
"ဟုတ် .."
အိပ်ချင်မူးတူးပြန်ဖြေသော သမီးဖြစ်သူရဲ့ ဝတ်ကျေတန်းကျေ စကားကို ဦးကျော်ခိုင် အသာပဲ ပြုံးကာ သမီးဖြစ်သူရဲ့ ခေါင်းလေးကို ပွတ်ကာ အလုပ်သွားရန် ထွက်ခဲ့သည်။ အရင်ကလို သမီးဖြစ်သူရဲ့ အိမ်ပေါက်ဝထိ လိုက်ပို့ခြင်းကို မခံရပါပဲပေါ့။
"ဟဲ့ ..မိကြယ်စင် ...မျက်နှာသစ်လေ ."
ဒေါ်မာလာ လည်း သမီးကို စိတ်မရှည်စွာ သူ့အနားသွားပြီး
ပြောမိသည်။ ပုံမှန်တိုင်းပဲ အသာအယာ ရိုက်ကာ ပြောမိသည်။"အား ...ဘာလို့ရိုက်တာလဲ .!!"
ရုပ်တရက် ထရပ်ကာ အော်လိုက်သော သမီးကြောင့် ဒေါ်မာလာ ကြောင်သွားသည်။