"ဖေဖေ တောင်းပန်ပါတယ် သမီးလေးရယ် ..."
အံ့ထား အံ့ကို ကြိတ်ထားလျက် အဖေဖြစ်သူရဲ့ မျက်နှာကို စိုက်ပြီး ကြည့်နေမိသည်။
"ဖေဖေ့ကို တခုခုတော့ပြောပါအုံး သမီး...
ဖေဖေ့ကို ခွင့်လွှတ်ပါကွာ .. သမီးလေးကို အမြဲတမ်းတွေ့ချင်ခဲ့တာ ..သမီးလို့ အမြဲတမ်းခေါ်ချင်ခဲ့တာပါ ..."မငိုဖို့ တင်းခံထားသော်လည်း ဘယ်ကလာမှန်း မသိသော မျက်ရည်များက ကျနေလေပြီ။
အံ့ထား ကျနေသော မျက်ရည်တွေကို ခပ်ကြမ်းကြမ်း ဆွဲသုတ်ကာ...
"ဖေဖေ...."
ဦးမင်းထင် အံ့ထားရဲ့ မျက်နှာလေးကို ကြည့်ကာ အံ့သြသော အမှုအယာများဖြင့်...
"သမီး ...ဖေဖေလို့ခေါ်လိုက်တာလားဟင်.."
"သမီး ဖေဖေ့ကို အပြစ်လည်း မယူပါဘူး
ဖေဖေ့မှာ ခက်ခဲတဲ့ အချိန်တွေလည်း ရှိခဲ့မှာလေ သမီးနားလည်ပါတယ်.."ဦးမင်းထင်တစ်ယောက် အံ့ထားရဲ့ စကားကြောင့် သွေးကြောထဲထိစိမ့်ကာ အံ့သြခြင်းကိုခံစားလိုက်ရသည်။ သမီး အံ့ထားက အရွယ်နှင့်မလိုက်အောင် ရင့်ကျက်နေတာကို လည်း ပိုမို အံ့သြရသည်။
"ဖေဖေ ပြောထားတဲ့ ပညာသင်ကိစ္စရော သမီးဘယ်လိုသဘောရလဲ ..သွားမယ် မဟုတ်လား .."
"ဖေဖေ့ သဘောပါ ...သမီး ဘဝ မြင့်မားဖို့ပဲ သမီးသွားရမှာပေါ့.."
ဧည့်ခန်းထဲမှာ စကားပြောနေသော သားအဖနှစ်ယောက်ကို ကြည့်ကာ ဒေါ်သူဇာ ချွေးပျံလေပြီ။
အိမ်အထိ လာပြီး သမီးလေးကို လာတွေ့သော အကိုရဲ့ သတ္တိကိုလည်း လေးစားမိသည်။ သူ့ရဲ့ ဂုဏ်တွေ ပကာသနတွေ မပါပဲပေါ့။
ထမင်းစားခန်းကနေပဲ အကိုနဲ့ သမီးလေးကို လှမ်းကြည့်နေမိသည်။
"မေမေ...မမက ဘယ်သွားမှာလဲဟင် အထုတ်အပိုးတွေ
ရုံး တွေ့လို့ ..."နောက်အိမ်ထောက်နဲ့ ရပြီး ကျန်ခဲ့သော သမီးလေး ထိကရုံးကို ဒေါ်သူဇာ ပြုံးပြုံးလေးကြည့်ကာ ...
"သမီးရဲ့ မမက .မေမေတို့ထက်.ချမ်းသာတဲ့နေရာကို သွားတော့မှာလေ."