"ဟူး စိတ်တွေ လေးလိုက်တာ...."
အိမ်ပြန်ရောက်လို့ ရေချိုးပြီး စာကြည့်လိုက်ပေမယ့်
စိတ်ထဲက လုံးဝ မလန်းပါ။ Deeကိုသာ လွမ်းနေပြီး၊စိတ်ကလည်း သူ့ဆီသာ ရောက်နေတော့ခက်သား။ ကိုယ်ဟာ Deeအပေါ် အရမ်းစွဲလမ်းနေပြီဆိုတာ သေချာပြီ။ ကျောင်းပြီးလို့ ဘွဲ့ရရင် အလုပ်အတူလုပ်ကြမယ် ဆိုသော စိတ်ကူးလေးကလည်း ကြယ်စင့်ကို ပျော်ရွှင်စေတာ အမှန်ပင်။စားပွဲပေါ်ချထားသော ဖုန်းကို တွေဝေခြင်းမရှိဘဲ ကောက်ကိုင်လိုက်ကာ Dee❤️ဆိုသော contactလေးကို ဖုန်းခေါ်မိလိုက်သည်။ဖုန်းဝင်တာ အတော်ကြာသွားပြီးနောက် ဖုန်းမကိုင်ပါ။ သူမကြားလို့ နေမှာပါ ဟုပဲ တွေးကာ နောက်ထပ် ထက်ခေါ်မိသည်။ထိုအခါ ကိုင်တော့မှ Deeရဲ့ တုန်ယင်နေသော အသံ ထွက်ပေါ်လာသည်။
"ဟဲလို ..Dee...အဆင်ပြေရဲ့လား.."
"ဟင့်အင်း ..ကြယ်စင် Deeရဲ့ နောက်ကို လူနှစ်ယောက်လိုက်နေလို့ ...Deeကြောက်လာပြီ ကြယ်စင်...ကယ်ပါအုံး..."
"ဟုတ်ပြီ Dee ..ဘာမှ မကြောက်နဲ့ အခုက ဘယ်နေရာမှာလဲ ...."
အချိန်ကလည်း ညနေခင်6းနာရီလောက်ဖြစ်ဟန်ပေါ်သည်။
ထိုအချိန်ထိ Deeဟာ အပြင်မှာ ရောက်နေသေးတာလားဆိုတာ ကြယ်စင့်ကို ပိုပြီးစိတ်ပူလာစေပါသည်။"Dee အိမ်နားရောက်တော့မယ် ထင်တယ်...ကြယ်စင် အခုလာခဲ့ပါလားဟင်..Deeကြောက်တယ်.."
"ဟုတ်ပြီ Dee ဘာမှ မကြောက်နဲ့နော် ကြယ်စင် အခုလာပြီ."
ကြယ်စင် ဘယ်လိုလုပ်ရမည်နည်း။ အိမ်က သိရင်လည်း တစ်ယောက်တည်း အပြင်ပေးထွက်မည်မဟုတ်ပါ။ Deeကရော
သူတစ်ယောက်တည်း ဘယ်လောက်တောင်ကြောက်နေလိမ့်မလဲ။ဖုန်းကို ကောက်ကိုင်ကာ ကေကေကျော်ဆီသို့ ဆက်လိုက်ရပြန်သည်။
"ဟယ်လို...ကျော်ကြီး အရေးကြီးလို့ ငါ့အိမ်ကို အမြန်လာခဲ့ပါ
နင့်ရဲ့ကားယူခဲ့လိုက်နော်.."တဖက်က အေးအေး ဆိုကာ ဖုန်းချသွားလေသည်။
ကြယ်စင့်ရဲ့ စိတ်တွေ မငြိမ်မသက်ဖြစ်ကာ အလွန်စိတ်ပူနေလေပြီ။ကေကေကျော်မှာလည်း ကားမောင်းလိုင်စင်မကြာသေးမီက ရထားသည့်မို့ သူ့အိမ်က ကားဝယ်ပေးထားသည်။