"သမီးလေး မအိပ်သေးဘူးလား ."
အခန်းထဲမှာ တစ်ယောက်တည်းစာဖတ်နေရင်းမှ အဘွားလာလို့ Deeစာအုပ်လေးကို အသာအယာ ပိတ်ကာ စားပွဲပေါ်တင်ရင်း ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ အဘွား ."
အဘွားက Deeရဲ့ အိပ်ယာနားလေး ထိုင်ကာ deeရဲ့ လက်လေးကိုကို ကိုင်ရင်းမေးရှာသည်။
"သမီး အခုတလော စိတ်တွေ အရမ်းပင်ပန်းနေတာမလားဟင် အဘွားတောင်းပန်ပါတယ် မြေးလေးရယ် ."
အကြောင်းပြချက်မရှိပါဘဲ Deeရဲ့ လက်လေးကို ကိုင်ကာ မျက်ရည်များ ကျနေသော အဘွားကြောင့် Deeထိတ်လန့်စွာမေးမိသည်။
"မငိုပါနဲ့ အဘွားရယ် ဘာဖြစ်လို့လဲဟင်
ဘာလို့ တောင်းပန်တာလဲဟင် ."အဘွား ဖြစ်သူ တိတ်ဆိတ်စွာဘဲ Deeရဲ့ ခေါင်းလေးကို ပွတ်သက်ကာ ..
"အံ့ထားလေး ပညာသင်သွားကတည်းက သမီး ပင်ပန်းခဲ့ရတာ မဟုတ်လား မိဘတွေ က တကွဲတပြားဆိုတော့ ငါ့မြေးလေး အရမ်းဝမ်းနည်းနေမှာပဲနော် ."
Dee၀မ်းမနည်းပါဘူး အဘွားရယ်ဟု သာ ပြန်ဖြေချင်သည်။
ဟုတ်ပါတယ် deeက သူတို့ရဲ့ သမီး အရင်မှမဟုတ်တာဘဲ
ငယ်ငယ်လေးထဲက Deeကို မွေးစားခဲ့လို့ ကျေးဇူးတင်သလို
အခုတော့ သူတို့က ကွာရှင်းပြီး ကိုယ့်လမ်းကို လျှောက်နေကြသလို Deeအတွက် အမွေဆိုကာ ဒီတိုက်ကြီးနဲ့ ဘဏ်အကောင့် သာ ဖွင့်ပေးခဲ့သည်။"ဟင့်အင်း အဘွား ..သမီး ၀မ်းမနည်းပါဘူး
သမီးက မွေးစားသမီးပဲဟာ ဒယ်ဒီက သူ့သမီးအရင်းလောက် ဘယ်ချစ်မလဲ ဝမ်းမနည်းပါဘူး .."နေသားကျသွားတာလည်း မဟုတ်သလို ငယ်ငယ်ကတည်းက ပကာသနတွေကြားမှာ ရှင်သန်ခဲ့ရသလို မိဘရဲ့ ကြင်နာမှု၊ နွေးထွေးမှု၊ ဂရုစိုက်မှု၊ မေတ္တာတရားဆိုတာ Dee မခံစားခဲ့ရပါဟေ
"အဘွား အမှားတွေပါ သမီးလေးရယ် .."
အဘွားဟာ မာမီရဲ့ အမေဖြစ်ပေမယ့် အငယ်လေးထဲက Deeကို သူ့မြေးလေး အရင်းလို ချစ်သည်။အဘွားကပြောတယ် deeကို မိဘမဲ့ဂေဟာ တစ်ခု က သူကိုယ်တိုင် မွေးစားခဲ့တာတဲ့။ မာမီဆီက သားအိမ်ရောဂါကြောင့်ကလေး မရနိုင်လို့
သူတို့ရဲ့ မျိုးဆက်အတွက် မွေးစားခဲ့တာ ဆိုပဲ။Dee မပျော်ပါဘူး Deeလိုချင်တာ ငွေကြေးတွေမှ မဟုတ်တာ။
အံ့ထားက ကံကောင်းပါတယ် မိဘအစုံအလင်နဲ့ အခုဆို ဘဝ အတွက်ပါ သူမရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နေပြီလေ။ နင်အရမ်း ကံကောင်းတယ် အံ့ရယ် ...ငါ မပိုင်ဆိုင်ထားတဲ့ ကြယ်စင်ရဲ့ အချစ်တွေရော ပိုင်ဆိုင်ထား လို့လေ။