အပိုင်း(16)

9.5K 681 73
                                    

"ဟုတ်ကဲ့ မမဟာလေ အရမ်းကို စကားများတာပဲ.."

"အော် များတာတောင် နင်က သင့်ခါမကျဘူးလေ
မေ့မေ့ကို အရမ်းမဆိုးနဲ့ ကြားလား ...မမရှေ့လထဲ ပြန်လာမှာ မမအဖေရဲ့ Companyမှာ ဦးစီးရမယ်တဲ့ အဲ့တာ နင်လည်း စာကြိုးစား   နင်အောင်မြင်ရင် နင်အတွက်ချည်းပဲ ထိကရုံး ."

အမဖြစ်သူဟာ သူ့အဖေအရင်းရဲ့ ကောင်းမှုနဲ့ မကြာခင် companyကြီး တစ်ခုရဲ့ CEO ဖြစ်တော့မည်။ မိမိကတော့ ဝေလေဝါးလား လမ်းပျောက်နေသည်။ အခုလောလောဆဲတော့ စိတ်ထဲမှာ ဟိုအမသာ စိုးမိုးထားဆဲ။

ဖုန်းထဲကတောင် ဒီလောက် ဟောက်နေတာ ပြန်လာရင် နေစရာပင်ရှိပါ့မလားဟု ထိကရုံး တွေးကာ သက်ပြင်းချလိုက်မိသည်။ မမရဲ့ အဖေကောင်းမှုကြောင့်ပဲ ထိကရုံးနဲ့ မေမေ စမ်းချောင်းဘက် ပြောင်းကာ အရမ်းခမ်းနားသော တိုက်ကြီးမှာနေရသည်။ ထိုဦးလေးနှင့် မေမေကလည်း အတော်အဆင်ပြေရောပါပဲ။ သူ့သမီး မမအံ့ထား ပြန်လာရင် အတူနေကြမည်ဟုလည်း ပြောသည်။

"မမ ဒါပဲဟာ ...ဖုန်းချတော့မယ်
နင်သာ ပြန်လာရင် ငါ့အတွက် လက်ဆောင်ဝယ်ခဲ့ .."ဟု ပြောကာ ထိကရုံး ဖုန်းကို အမြန်ချလိုက်သည်။

ပြီးနောက် လက်ကိုင်အိတ်ကို ယူကာ သူငယ်ချင်းတစ်ယောက်အား စုံစမ်းခိုင်း၍ ရခဲ့သော အချေမမရဲ့ ဖုန်းနံပတ်ကို စဉ်းစားတွေဝေ ခြင်းမရှိဘဲ ခေါ်လိုက်လေသည်။

ဖုန်းက ဝင်သွားပေမယ့် မကိုင်ပါ။
ထိကရုံးပြုံးရင်း Call 15 အရောက်မှာတော့ 'ဘယ်သူလဲ'
ဟုသော မရဲ့ အသံချိုချိုလေးကို ကြားရသည်။

"မ  ...မအိပ်သေးဘူးလားဟင်.."

"ရှင် ...အခုပြောနေတာဘယ်သူလဲ မသိဘူး."

ထိကရုံး ပြုံးလိုက်မိသည်။ မ ဟာ ထိကရုံးကို ရင်ခုန်အောင် လုပ်နေပြန်တယ်။

"အော် မကလည်း မ ,သိပါတယ် ထိကရုံးလေ.."

"......"

ဟိုဖက်က အတော်လေး တိတ်ဆိတ်သွားတာကို သတိထားမိလိုက်သည်။

'ဟဲလို ...မ..ရုံးပြောတာကို ကြားလားဟင်
ပြန်ပြောပါအုံး  ..."

"မင်း တို့ဖုန်းနံပတ်ဘယ်လိုရတာလဲ  .."

ထိကရုံး ရယ်မိလိုက်တယ်။ကိုယ်စိတ်ဝင်စားနေတဲ့ သူရဲ့ အကြောင်းတွေ၊ သူနဲ့ ပတ်သတ်တာတွေကို အကုန်သိနေသင့်တာပဲ မဟုတ်လား။ ရူးနေပြီ မ ..မကြောင့် ရုံး ရူးနေပြီ။

"Silence Area''Where stories live. Discover now