အပိုင်း(12)

10.5K 690 46
                                    

ကျွန်မက ဘာလဲ .?
အမှန်အတိုင်းပြောရရင် ကျွန်မကိုယ်ကျွန်မ ပျောက်ဆုံးနေမိပြီ

ကျွန်မက မိန်းကလေးတွေကို စိတ်ဝင်စားတတ်တဲ့ လူမျိုး
ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်မဟုတ်တာသေချာပေမယ့် ..ကျွန်မ အရမ်းချစ်မိသွားတဲ့ သူကတော့ မိန်းကလေးတစ်ယောက် ဖြစ်နေတယ်။

one sided loveလို့ပဲ တင်စားခေါ်ရမလားဘဲ ..?
ဟုတ်ပါတယ် တဖတ်သတ်အချစ်ပေါ့။ ကျွန်မတို့လို မေတ္တာတရားကို လိုအပ်နေတဲ့သူတွေက ကိုယ့်အပေါ်နည်းနည်း ဂရုစိုက်ပြလိုက်တာနဲ့ တွယ်တာတတ်တာမျိုး။ခက်ခဲတယ်
ပင်ပန်းတယ် တကယ် ......

အိပ်ယာဘေးက တတစ်တစ်မည်နေသော နာရီလက်တံရဲ့ အသံတွေကို ကျွန်မမုန်းတယ်။ တိတ်ဆိတ်ခြင်းတွေ၊ အထီးကျန်ခြင်းတွေနဲ့ နေသားကျနေတဲ့ ကျွန်မ ဘဝ မှာ ပျော်ရွှင်မှုဆိုတဲ့ အရာက ရှာလေ ဝေးလေ နေမယ်။

စိတ်ဓာတ်ကျခြင်းနှင့် အိပ်မပျော်ခဲ့တဲ့ ညပေါင်းများစွာ။
အဘွားကရော .. ဒီအချိန်အိပ်ပျော်နေမလား။ အိမ်ကြီးထဲမှာ ကျွန်မတစ်ယောက်ပဲ အထီးကျန်ဆန်ခြင်း များစွာနဲ့ နိုးထနေခြင်းလား။

မျက်ရည်တွေ ...ပါးပြင်ပေါ်မှာ လိမ့်ဆင်းလာတဲ့ မျက်ရည်စက်တွေ။

မပြောဘူး .. ကျွန်မ ခံစားနေရတာကို ဘယ်သူမှ မပြောဘူး။

ဒီလိုနဲ့ပဲ ကျွန်မရဲ့ အဓိပ္ပါယ်မဲ့သော ရှင်သန်မှု တစ်ရက်တာ ကုန်ဆုံးသွားပြန်တယ်။

                  🌸🌸🌸🌸🌸

"တောင်းပန်ပါတယ် ကြယ်စင်.."

ကန်တင်းမှာ ကေကေနဲ့ အတူ ထိုင်ရင်း ကွေ့တီယို အားရပါးရတွယ်နေရင်းမှ ဘေးကနေ ဘူးလေး တစ်ဘူး ထိုးပေးရင်း
တောင်းပန်စကားဆိုနေသော မိုးမီမီဆောင်း ။

"ဟင် ..! Dee...ဘာလို့လဲ ထိုင်လေ .."

ကျောင်းမှာ တာချီဆိုပြီးနာမည်ကြီးလှသည့် ကြယ်စင်နှင့် ကေကေကျော်ကို ပတ်သက်ရဲသော မိန်းကလေးရှားလေသည်။
ကန်တင်းမှာဆို သူတို့စားပွဲနားက ကောင်မလေးတွေ ဖြတ်မလျောက်ရဲပါ။

"ဒါကဘာလဲဟင် Dee.."

နေ့လည်စာ ထမင်းဘူးပုံစံရှိသော ဘူးလေး ဖြစ်တာကြောင့်
ကြယ်စင် မသိဟန်ဆောင်ကာ မေးနေမိသည်။ ဘေးက ကေကေကတော့ ကြယ်စင့်ကို စွံလိုက်တာ ဆိုပြီး အကဲခတ်နေလေရဲ့။

"Silence Area''Where stories live. Discover now