အပိုင်း(21)

9.4K 655 107
                                    

"တိတ်ပါ Deeရယ် ...အရမ်းကြီးမငိုနဲ့လေ ..နင်ငိုနေတာ မနေ့ညကတည်းက ခေါင်းတွေကိုက်နေလိမ့်မယ် တိတ်တော့နော် ...ရဲစခန်းကိုလည်း လူပျောက်တိုင်ထားပြီးပြီပဲ အရမ်းကြီးစိတ်မပူပါနဲ့ .ကြယ်စင် တစ်နေရာရာ သွားတာပဲ နေမှာပါ နော် ....တိတ်တော့နော်.."

"ငါသိတယ် . ကြယ်စင် တစ်ခုခုဖြစ်နေပြီထင်တယ် ..သက်ထက် ..ငါဘာဆက်လုပ်ရမလဲဟင် .."

စိတ်ပူခြင်းများစွာနှင့် ကြောင့်ကျခြင်း များစွာ။ ရုပ်တရက် အဲ့ညက ကြယ်စင် ပျောက်သွားတဲ့ ကိစ္စဟာ သွေးရိုးသားရိုးလုံးဝ မဖြစ်နိုင်ပါ။ အခုဆိုရင် Deeနှင့် သက်ထက် နှစ်ယောက်၊ ပြီးတော့ ကေကေကျော် တို့ပါ ကြယ်စင့် အိမ်မှာရောက်နေကြပြီ။

ကြယ်စင့်ရဲ့ အမေကတော့ မျက်ရည်နှင့် မျက်ခွက်ဖြစ်နေရှာပြီ။သူ့အဖေမှာလည်း သမီးပျောက် သော သောကကြီးနှင့် မျက်နှာ မှာလုံးဝ မကောင်းလှပါ။

"ဖုန်းလည်း ဆက်လို့မရဘူး .. မေမေ့သမီးလေး..ဘယ်ရောက်နေလဲကွယ် .."

တစ်ဦးတည်းသော သမီးလေးမို့ ကြယ်စင့်ရဲ့ မေမေ ငိုလေ Deeမှာ ရင်ကွဲမတတ်နာကျင်ရသည်။ ထိုကိစ္စက Deeရဲ့ တိုက်ခန်းမှာ ဖြစ်ခဲ့တာ မဟုတ်လား။

ထိုနေ့က သူ့နောက်ကို အမြန်လိုက်သွားခဲ့ပေမယ့် အောက်ထပ်ရောက်တော့ သူမရှိတော့ပါ။ ကံတရားရဲ့လှည့်စားမှုလား၊ ကြံစည်မှုလား မသဲကွဲပေမယ့် သွေးရိုးသားရိုးလုံးဝ မဟုတ်ဘူး ဟု ထင်သည်။

"စိတ်အေးအေးထားပါ အန်တီ ..
ကြယ်စင့်ကို ပြန်တွေ့မှာပါ ..သမီးတို့တွေအတတ်နိုင်ဆုံး
ကြိုးစားပြီး စုံစမ်းကြမယ်လေနော် "

Dee တစ်ယောက် ကြယ်စင့်ရဲ့ အမေဒေါ်မာလာကို ထွေးပွေ့ကာ ပြောလိုက်သည်။ ဘယ်ဆီတွေများရောက်နေပြီလဲ
ကြယ်စင်ရယ် ။

                         🍷🍷🍷🍷

ထိုင်ခုံပေါ်မှာ စိတ်ပျက်စွာ ထိုင်နေသော ခင်ပွန်းဖြစ်သူကို ဒေါ်မာလာ ကြည့်ရင်း မျက်ရည်များကျမိလာသည်။

"ဖေကြီးရယ် ..ဒီနေ့ဆို သမီးလေး .ကို ရှာမတွေ့တာ
7ရက်ရှိနေပြီနော်...မပြောကောင်းမဆိုကောင်း သမီးလေး
ငါတို့ သမီးလေး ..မသမာသူတွေလက်ထဲမှာ လုပ်ကြံခံရပြီလား မသိပါဘူး..."

"Silence Area''Wo Geschichten leben. Entdecke jetzt