"ဘာမှ အဆင်မပြေဘူး မမရယ် ..ငါလေ မရဲ့အချစ်တစ်ခုတည်းကို ကြည့်ပြီး လုပ်ခဲ့မိတာ မှားပြီထင်တယ်ဟာ .."
"အခုမှ မှားတယ်မပြောနဲ့ ရုံး ...နင့်အတွက် ..ငါလုပ်ပေးခဲ့တာ လူတစ်ယောက်လုံးရဲ့ အသက်ကို သတ်ခဲ့ပြီးတော့ .ပြီးတော့ ငါချစ်တဲ့ သူတစ်ယောက်.."
အံ့ရဲ့ စကားလုံးတွေ ထွက် မထွက်နိုင်လောက်အောင် ချို့နစ်စွာ ခံစားရပါတယ်။ ကိုယ်သိပ်ချစ်တဲ့ ညီမလေးအတွက် ကိုယ့်ချစ်တဲ့သူတစ်ယောက်ကို စတေးခဲ့ရတယ်။ စီးပွားရေး အမြင်အရပြောရရင်လည်း အံ့ဟာ တစ်ခု အတွက် တစ်ခုကို စွန့်လွှတ်ခဲ့တာပဲ မဟုတ်လား။
"မေမေကရော ..? မေမေကို နင့်ဘယ်လိုပြောထားလဲ မမ."
"ငါ နင့်ကို ပညာသင်ပို့ထားတယ်ပဲ ပြောလိုက်တာ
သူက ဖုန်းပြောချင်တယ်ပြောတယ် ညကျ မေမေ့ကို ဖုန်းဆက်လိုက်အုံး .. အဆင်ပြေတယ် ဘာညာ ကြည့်ပြီးပြောလိုက်ပေါ့ဟာ ..အဓိကက နင့်ကို မေမေ မရိပ်မိအောင်နေဖို့ပဲ ..""မမ...ငါ ..မကြယ်စင်နေရာမှာ တသက်လုံးနေသွားရမှာလားဟင်."
ရုံး ကြောက်နေမိပြီ။ အစက ကိုယ်အရမ်းလိုချင်ခဲ့တဲ့ နေရာက အခု
အဲ့နေရာမှာ ဆက်နေနိုင်ဖို့အတွက်တောင် အားမွေးနေလေရပြီ။ ဘာပဲ ဖြစ်ဖြစ် အခုအခြေအနေက ရုံး မရဲ့ အချစ်ကို ပိုင်ဆိုင်ထားပြီးပြီ မဟုတ်လား။"ဘာဖြစ်လဲ နေပေါ့ ...ငါလည်း မေမေ့ကို အကျိုးအကြောင်း လိမ်ပြီးပြောထားမယ် ..နင်မြန်မာကို ပြန်မလာတော့ဘူးပေါ့ ကြာရင် ဒါပဲလေ ဘာခက်တာမှတ်လို့ ..ဒီမယ် ညီမလေး ..အဓိကက နင်ပျော်ဖို့ပဲ မဟုတ်လား နေသွားလိုက် ..တသက်လုံးပေါ့ .."
ထိကရုံး အရှေ့က ဘီယာ ခွက်ကို ကြည့်ကာ တွေးနေမိတာက
မနဲ့ အတူနေရန် ဆိုသော ကိစ္စသာ။"ငါ...မရဲ့ ဘဝ ကိုပိုင်ဆိုင်ချင်ပြီဟာ .."
"ဘာခဲယဉ်းတာ မှတ်လို့ ...ယူလိုက်လေ သူ့ဘဝကို ...ဟားဟား"
မရဲ့ ဘဝ ကို ရုံးအပိုင်ယူမှ ရှေ့ဆက်မယ့် အနာဂဏ်အတွက် သေချာမှာမို့ ခွင့်လွှတ်ပါလို့ စိတ်ရင်းနဲ့ တောင်းပန်ချင်တယ် မနဲ့ မကြယ်စင်။