"မ အရမ်းရက်စက်တယ် ...!!အား ..."
ဒေါသထွက်တဲ့အချိန်တိုင်း တစ်ခုခုကို နာကျင်စေမှ ထိကရုံးက သက်သာတာမ်ျိုး။ထိုအချိန်မှာ အခန်းထဲက ပစ္စည်းတွေ ပျံကြဲကျန်လေပြီ။ ပြီးတော့ သူမရဲ့ လက်မှာလည်း စီးကျနေသော သွေးတွေ၊ သူမ ကိုယ့်ကိုကိုယ်နာကျင်စေခဲ့ပြီ။
"ဘာလို့လဲ ....ဘာလို့လဲ ...ရုံးက မ ,ချစ်တဲ့သူ မဖြစ်ရတာလဲ
ဘာလို့လဲ ..မုန်းတယ် မကြယ်စင် ခင်ဗျားကြီးကို မုန်းတယ် ..!!"ဘေးက အပြစ်မဲ့သော အရုပ်မှာ တစစီပျက်စီးနေလေပြီ။
စိတ္တဇဆန်စွာ ..အရူးတစ်ယောက်ကဲ့သို ရုံးပြုမှုနေမိသည်။"မဟုတ်ဘူး ...မ ဟုတ်ဘူး ..မ ကို ရုံးပဲ ပိုင်ဆိုင်ရမယ်..
မဟုတ်ဘူး ..."လက်နှစ်ဖက်ဖြင့် သူမရဲ့နားကို ကျစ်ကျစ်ပါအောင် အုပ်ထားကာ မနှင့် ကြယ်စင် နမ်းနေသော မြင်ကွင်းက ရုံးကို အသဲကွဲမတတ်နာကျင်စေသည်။
"ရုံး ...ဘာဖြစ်တာလဲ ...ရုံး သတိထားပါအုံး ညီမလေး.."
လက်နှစ်ဖက်ဖြင့် နားများကို ပိတ်ကာ ငိုနေသော တစ်ဦးတည်းသော ညီမလေးကြောင့် အံ့ အရမ်းစိတ်ပူသွားရသည်။ အလျင်အမြန်ပဲ သူမရဲ့အနားပြေးသွားကာ ရုံးကိုယ်လေးကို ဖက်ထားလိုက်သည်။
"မမ ...မမ ....ရုံး သိပ်ချစ်ရတဲ့ မ, မရှိတော့ဘူး မမရဲ့
ရုံးကို သူရက်စက်သွားပြီ မမ ...ကယ်ပါအုံး ..မကို ရုံးဆီ ပြန်ခေါ်ပေးပါ မမ..."မျက်ရည်မျက်ခွက်နဲ့ အံ့ထား လက်ကို တင်းနေအောင် ဆုပ်ကိုင်ထားကာ စိတ္တဇဆန်သော စကားများကို ပြောဆိုနေသော ရုံးကို အရမ်းသနားလာမိသည်။မမရဲ့ ညီမလေးက ကံဆိုးလှသည်ဟု ပဲတွေးနေမိကာ အံ့လည်း မျက်ရည်များ ကျလာခဲ့သည်။
"သတိထားပါအုံး ရုံးရယ်...နင့်အတွက်ပေးစရာအချစ်မရှိတဲ့သူကိုမှ နင်ချစ်မိသွားခဲ့တာရုံး ...သတိထားပါအုံးကွယ် .."
"ဟင့်အင်း မဟုတ်ဘူး ...မ , မကလေ ရုံးကို ချစ်ပါတယ် သူညာနေတာနေမှာ မမရဲ့ ...မက ရုံးကို ချစ်မှာပါ.."
အံ့ထား ခေါင်းရမ်းကာ အသံမထွက်ဘဲ မျက်ရည်များသာ များစွာ ကျနေမိသည်။ ညီမလေး အတွက် မမ တကြိမ်တခါတော့ အောက်ကျို့ခံရပေတော့မည်။