"ဘာလို့ ....ဘာလို့ အခုတွေ လုပ်ရပ်ကြတာလဲ ..."
ဒေါသနှင့် ခံပြင်းမှုကြောင့် ကျလာတဲ့ မျက်ရည်တွေ ပိုဆိုးနေသည်။အခုအချိန်မှာ Dee ဘာကိုမှ မကြားချင်သလို ၊ ဘယ်သူနဲ့မှ လည်း စကားမပြောချင်ပါ။ ကိုယ်ဟာ ညံ့ဖျင်းစွာပဲ
ကိုယ်အရမ်းမုန်းသော သူကို ချစ်သူတော်ထာပြီး တယုတယဆက်ဆံခဲ့သည် တဲ့လား။ စိတ်ပျက်မိသည် အရမ်းကို ဒုက္ခတွေ ရောက်ခဲ့ရတဲ့ ချစ်သူတစ်ယောက်လုံးရဲ့ အဖြစ်ကို မသိနိုင်အောင် ညံ့ဖျင်းခဲ့ပါသည်။"မ ....မရယ် စိတ်ထိန်းပါဘူး ...ရုံး ရှင်းပြပါရစေ.."
ကြယ်စင်ရဲ့ မျက်နှာဖြင့် Deeရဲ့ အချစ်ကို လိမ်ညာယူထားသော ထိကရုံး။
"နင် ..နင် ရှေ့တိုးမလာနဲ့နော် ...ငါ နင့်ကို မုန်းတယ်.!!
အဟင့် ဟင့် ..""မ ရယ် ..မငိုပါနဲ့ ...ရုံး အရမ်းခံစားရလို့ပါ .."
Dee ပြိုလဲစွာ ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် မျက်နှာအုပ်ကာ ငိုကြွေးနေမိသည်။
"ဘာလို့ အခုလို လုပ်ရတာလဲ ...အဟင့် ဟင့် ..ထွက်သွား
ငါ့တိုက်ခန်းထဲကနင့်ကို မမြင်ချင်ဘူး ထိကရုံး ...ထွက်သွား.!!""မရယ် ...ရုံး ခံစားချက်ကို နည်းနည်းလောက်လေး ငှဲ့သင့်ပါတယ် မကို အရမ်းချစ်ခဲ့လို အခုလိုတွေ ဖြစ်ခဲ့တာပါ...ရုံးကို မနဲ့ အဝေးကို မနှင်ပါနဲ့နော် ရုံး မနဲ့ ဝေးရင် သေသွားလိမ့်မယ် မရဲ့ ........မလုပ်ပါနဲ့ ကျေးဇူးပြုပြီး .."
Dee ထိုင်နေရာက ထရပ်ကာ ထိကရုံးရဲ့ လည်ပင်းက အကျီ င်္စကို ဆွဲကာ သူမရဲ့ မျက်လူံးတွေကို စေ့စေ့ကြည့်မိလိုက်သည်။
"ငါ နင့်ကို သတ်မိလိမ့်မယ် ထိကရုံး ....ထပ်မပြောပါနဲ့တော့
ဒီမှာပဲ ရပ်လိုက်ပါတော့ ..."အကျီ င်္စကို စောင့်လွှတ်လိုက်တော့ ထိကရုံး ရဲ့ ခြေလှမ်းတွေ ယိုင်သွားကာ နောက်ဆုတ်သွားသည်။
"မရယ် ..ရုံးတောင်းပန်ပါတယ် ...."
မှားသွားခဲ့ပါပြီ။ ရုံးရဲ့ လုပ်ရက်တွေ၊ မတရားပိုင်ဆိုင်ချင်စိတ်တွေ အရမ်းကို လွန်သွားလေပြီ။