အပိုင်း(10)

10.9K 686 40
                                    

"ဘာပြောတာလဲ မေမေ ...."

အံ့ထားရဲ့ အံ့သြခြင်းအမှုအယာက လုံးဝ ပေါ်လွင်နေသည်။

'ဒါဆို Deeက ဦးမင်းထင်ရဲ့ သမီးအရင်း မဟုတ်ဘူးပေါ့.'

မခေါ်ပေမယ့် မတော်ချင်လို့မရသော မိမိအရမ်းမုန်းခဲ့တဲ့ အဖေဖြစ်သူရဲ့ သမီးက မွေးစားသမီးတဲ့လား။

'သမီးလေး ..မေမေ ပြောတာကို သေချာစဉ်းစားစေချင်တယ်
တကယ်တော့ သမီးရဲ့ အဖေဟာ မေမေ့ကို တာဝန်ယူဖို့ သူကြိုးခဲ့ပါသေးတယ် ...အကိုရဲ့ မိဘတွေက သဘောမတူကြဘူးလေ မေမေလို့ သာမန်လူတန်းစားကို ဘယ်သဘောတူချင်ကြမှာလဲ .....သမီးလေးရဲ့ ဖေဖေက လူကောင်းတစ်ယောက်ပါ ...သမီး မသိအောင် တိတ်တဆိတ် မေမေတို့ မိသားစုကို ထောက်ပံ့ခဲ့တာ ..'

အံ့ထား တချက်စဉ်းစားမိသည်။ ဘာလို့ အဖေက သမီးကို လာမတွေ့ရတာလဲ လို့ မေမေကို အရမ်းမေးချင်မိပေမယ့် မမေးလိုက်ပါပဲ မျက်ရည်တွေသာ ကျနေမိသည်။

'ထိကရုံးလေး ဖေဖေ ဆုံးပြီးတဲ့နောက်ပိုင်း ..မေမေမှာ သမီးနှစ်ယောက်နဲ့ ဒုက္ခတွေ အရမ်းရောက်ခဲ့ရတယ် သမီး ..
အဲ့ အချိန်တွေမှာလည်း သမီးလေးရဲ့ ဖေဖေပဲ မေမေ့ကို ထောက်ပံ့ပေးခဲ့တာ ...သူ့က အမြဲ သမီးလေးကို စောင့်ရှောက်ပေးနေခဲ့တာပါ..'

အံ့ထား မျက်ရည်များ သာ အဆက်မပြက်ကျနေမိတော့တယ်။
အဖေဆိုတာ အံ့ထား အတွက်တော့ ကလေးထဲက မကောင်းတဲ့ သူလို့ သတ်မှတ်ထားခဲ့တာ။ အချိန်လွန်မှ သိခဲ့ရတာ ဖေဖေက အံ့ထားတို့ အပေါ် အရမ်းကောင်းခဲ့တာ ဆိုတာ။

'သမီး..အဖေနဲ့ တွေ့ချင်တယ် မေမေ ...'

ဒေါ်သူဇာ အားရဝမ်းသာပြုံးမိလိုက်သည်။သူမလိုချင်နေခဲ့တာ ထိုကဲ့သို့သော ပြေလည်မှုလေးတွေ မဟုတ်ပါလား။

'တွေ့ရမှာပေါ့ သမီးလေးရယ် .'

                      🌸🌸🌸

'ဘွားရေ ...လာကြည့်ပါအုံး
သမီး စိုက်ထားတဲ့ အပင်လေ ပန်းလေး ပွင့်နေပြီ ဘွားရေ ...'

အိမ်ရှေ့က ခြံကြီးထဲတွင် သူမစိုက်ထားသော နှင်းဆီပင်လေးမှ အပွင့်လေးကို မြင်လို့ မြူးထူးခုန်ပေါက်နေသော မိုးမီမီဆောင်း။

"Silence Area''Where stories live. Discover now