စိမ်းမြမြ မြက်ခင်းလေးပေါ်မှာ သစ်ပင်လေးတစ်ပင်ရိပ်ခိုပြီး ပန်ချီဆွဲနေတဲ့ ကောင်လေး🖼 ကျန့်ကျန့်
သူစိတ်ငြိမ်အောင်ပန်ချီထဲမှာ အာရုံစိုက်ထားရတာ
တကယ်တော့ သူ ညတိုင်းအိမ်မက်လိုလို တကယ်လိုလို
ခြောက်ခြားဖွယ်အိမ်မက်တွေကို မက်နေခဲ့တယ် အိမ်မင်ထဲမှာ သူ့ရဲ့သွေးကို အငမ်းမရ တောင်းတနေတဲ့လူတွေ အဲ့လူတွေကသူ့ကို သွေးဖောက်ပေးဖို့အငမ်းမရတောင်းဆိုနေကြတဲ့အသံတွေ
အားးး သူအရမ်းကြောက်တယ် ဆွဲလက်စ ပန်ချီလေးကိုဘဲ အာရုံပြောင်းလိုက်တော့တယ်
သူအမှတ်မထင်ဘဲ ဆွဲမိတဲ့ ပန်ချီလေး က ရဲတောက်နေတဲ့ ပန်းတစ်ပွင့် ဘာပန်းလဲလို့တောင် သူအမည်တပ်လို့မရဘူး သူမြင်လဲမမြင်ဘူးဘူး ထူးခြားတာက အရွက်တေက စိမ်းမနေဘဲ ရဲတောက်နေတဲ့အရွက်တွေ
သူ့ကိုယ်တိုင်တောင် နားမလည်တဲ့ အပြုမူကို သူလုပ်နေမိတာဘဲ 🌹
ဝမ်အိမ်တော်မှာ မင်းသားဝမ်ကျိုချန်နဲ့ ဒုတိယမင်းသားလေး ဝမ်ရိပေါ်တို့ ညီအစ်ကိုနှစ်ယောက် အလုပ်ရူပ်နေကြတယ် ပါးပါး အတွက် သွေးဖြည့်ဆေးပင် စိုက်ထားတာအပင်တွေကဘာ့ကြောင့်မှန်းမသိ မြေသြဇာတွေလဲထည့်ပေးနေပါလျှက် တစ်ပင်ပြီးတစ်ပင်သေနေတာဒီအပင်တွေတာအကုန်သေကုန်ရင် သူတို့တစ်မိသားစုလုံး ဒုက္ခရောက်ကုန်မှာ ဝမ်အိမ်တော်က ကျိန်စာမိနေတာ
အသက်သုံးဆယ်ကျော်တာနဲ့ ပန်းပင်ကရတဲ့ သွေးနဲ့ အားဖြည့်အသက်ရှင်နေရခဲ့ရတာ အခုဆို ပါးပါး က ပန်းသွေးနဲ့အားဖြည့်ရတာ နှစ်သုံးဆယ်ကျော်ပြီလေ
အစ်ကိုကြီး ကျိချန်က ၂၈နှစ် နောက်၂နှစ် ဆိုရင် သူလဲ ပန်းသွေးသောက်ရတော့မယ် အခု ပန်းတွေက ပွားလို့မရဘူးဖြစ်နေတယ် ကျိန်စာ ပျယ်ဖို့ ကလဲ လူတစ်ယောက်ကိုရှာရအုံးမယ် အခုထိမတွေ့သေးဘူး
ကျိချန် < ပေါ်လေး ဘယ်လိုလုပ်ကြမလဲ
ရိပေါ်< စိတ်အေးအေးထားပါ အကောင်းဆုံးနည်းလမ်းရှာတွေ့မှာပါ
ပြောသာပြောရတယ် ရိပေါ်စိတ်ထဲ နည်းလမ်းကိုရှာမတွေ့ဘူး အစ်ကို စိတ်ညစ်သွားမှာဆိုးလို့သာ အားပေးခဲ့ရတာ
ကြိမ်စာပျယ်ဖို့က လူတစ်ယောက်ရဲ့သွေးလိုတယ် အဲ့သွေးနဲ့မှပန်းပင်ကအရွက်တွေပြန်စိမ်းလာမှာပြန်စိမ်းလာတဲ့အရွက်ကိုသောက်မှကြိမ်စာကပျယ်မှာ
ရိပေါ်အတွေးလက်စကိုဖျတ်ပြီး ကားမောင်းထွက်လာခဲ့တယ်
စစ်ကျွေး< သခင်လေးအဆင်သင့်လုပ်ထားတယ် ရော့ဒီနေ့လာတဲ့ လူနာရဲ့သွေး
ရိပေါ်< ငါပြန်တော့မယ်
စစ်ကျွေး<ဟုတ်ကဲ့
စစ်ကျွေးအဖေကရုတ်တရက်သေမှန်းမသိရှင်မှန်းမသိပျောက်နေလို့ ဝမ်ပါးပါးကခေါ်ပြီးကျောင်းထားပေးထားတာ သူကျောင်းပြီးတော့ ဆရာဝန်အကူလုပ်ခိုင်းပြီး လူနာတွေရဲ့သွေးကို ဖောက်ပြီး ဝမ်သခင်လေးကိုပေးရတယ်
ဘာမှန်းတော့မသိပေမဲ့ သူ့တာဝန်ကိုသူကျေအောင်လုပ်ပေးရမယ်လေ ဝမ်မိသားစုက သူ့ရဲ့ကျေးဇူးရှင်တွေလေ
ကျိုချန်< ရိပေါ်ပြန်လာပြီလား
ရိပေါ်<အင်း ပါးပါးအခြေနေကောင်းလား
ကျိုချန်<အင်း အခုဘဲ ဆေးတိုင်ထားတယ် ကောင်းနေပါပြီ ညီသွားလိုက်အုံးလေ ပါးပါးဆီ
ရိပေါ်< အင်း
ပြောရင်း လက်ထဲကအထုပ်လေးကိုင်ပြီး အိမ်ဘေးဖက်လမ်းကြားလေးထဲဝင်သွားလိုက်တယ် အထဲမှာ ပန်းမျီုးပေါင်းအစုံရှိတဲ့ပန်းဥယဉ်လေးတစ်ခု အဲ့အထဲမှာမှ ဘယ်သူမှမသိတဲ့ တံခါးလေးတစ်ချပ် အဲ့အနောက်မှာမှ သွေးသောက်ပန်းတွေဘဲ သီးသန့်စိုက်ထားတဲ့ နေရာ
အထဲကိုဝင်လိုက်တယ် ဆိုရင်ဘဲ ရဲတောက်နေတဲ့ပန်းတွေ သူ့အနံက သွေးနံထွက်နေတယ် ရိပေါ် အပင်တစ်ပင်ပေါ်ကို သွေးနည်းနည်းလောင်းလိုက်တယ် ခနစောင့်ကြည့်နေတယ် ဘာအပြောင်းအလဲမှမတွေ့ရဘူး ဒါနဲ့ ဥယဉ်ထဲက ပြန်ထွက်လာခဲ့တယ်
ကျွီးး
တံခါးလေးကို အသာလေးဖွင့်လိုက်တော့ အထဲမှာလဲနေတဲ့ပါးပါး ဘေးနားကို အသာလေးလျှောက်လာခဲ့တယ်
ဝမ်ပါးပါး<သားငယ် ပေါ်လေး ပင်ပန်းနေပြီလားသား
ရိပေါ်< မပင်ပန်းပါဘူးပါးပါးရယ်
ဝမ်ပါးပါး<သားငယ်အသက် 20ကျော်ပြီ ဆိုတော့ ပါးတိုအိမ်ရဲ့ အကြောင်းတွေ သိထားရတော့မယ် သားကြီးကတော့သိထားပြီးပြီး နောက်၂နှစ်ဆို သားကြီးလဲ ပန်းသွေးရဲ့အကူညီနဲ့အသက်ရှင်ရတော့မယ် သားငယ်ကိုဘဲအားကိုးရတော့မယ်
ဝမ်ပါးပါး ဒိုင်ယာယီ စာအုပ်လေးထုပ်ပြီး ရိပေါ်ကိုပေးလိုက်တယ်
ဝမ်ပါးပါး<သားငယ် ဒီစာအုပ်ထဲမှာ ဝမ်အိမ်တော်ကြိမ်စာမိတဲ့အကြောင်းအကုန်ပါတယ် သားသိရမဲ့အချိန်ရောက်ပြီဝမ်အိမ်တော်ကိုကျိန်စာပျယ်အောင် ကြိုးစားပေးပါ သွားနားတော့သားငယ် ပါးပါးလဲခန နားလိုက်အုံးမယ်
ရိပေါ် စာအုပ်လေးကိုင်ပြီးအခန်းထဲကနေထွင်ခဲ့တော့တယ် စာမျက်နှာတစ်ကိုစလှန်လိုက်တယ်ဆိုရင်ဘဲ
တစ်ဖက်မှာ
ကျန့်ကျန့် စိတ်ရူပ်လာတာနဲ့ ပန်ချီကားကို ကောက်ကိုင်လိုက်တယ်ဆိုရင်ဘဲ အမှတ်မထင် ဘောင်လေးနဲ့လက်ကိုနည်းနည်းခြစ်မိသွားတယ် ကျန့်ကျန့်လက်ကိုကြည့်လိုက်တယ် သွေးစလေးနည်းနည်းထွက်လာတာမြင်တော့ မားမားမှာထားတဲ့စကားကိုပြန်ကြားမိသွားတယ်
သား ဘယ်နေရာဘဲရောက်ရောက် အနာတရမဖြစ်စေနဲ့နော် သွေးမထွက်စေနဲ့တဲ့ သားကသွေးထွက်လို့မရဘူးတဲ့ ချက်ချင်းလက်ကအနာကို ပါစပ်နဲ့စုပ်လိုက်တယ် သွေးနံမရအောင်ပေါ့ ဒါနဲ့ချက်ချင်းအိမ်ပြန်မယ်ခဲ့တယ်
တစ်ချိန်ထဲမှာဘဲ ပိတုန်းကောင် လေး သူနှာခေါင်းထဲမှာ သူရှာနေတဲ့ အနံတစ်ခုရလိုက်တယ် ဘေးပါတ်ဝန်းကျင်တွေလိုက်ကြည့်မိတော့်သူ့ကိုမှမတွေ့ဘူး
သေချာတယ် သူရလိုက်တဲ့အနံက သူ့သခင်ဝမ်ချောင် ရှာခိုင်းတဲ့အနံ သူ့သခင်ဆီသတင်းပို့ရမယ်
ပုတုန်း< တဝီတဝီ နဲ့ ဝမ်ချောင်အနားမှာ သတင်းပို့နေတယ် ဝမ်ချောင်အားရဝမ်းသာ မျက်နှာကြီးပြုံးရွင်ကာ သူ့တပည့် ယန်ရှင်းကို ခေါ်လိုက်တယ်
ဝမ်ချောင်< ယန်ရှင်း ပုတုန်းလေးသတင်းပို့တယ် သူငါရှာနေတဲ့သွေးနံရတယ်ပြောတယ် သူနဲ့လိုက်သွားဘယ်သူလဲဆိုတာ သိအောင်စုံစမ်းလာခဲ့
ယန်းရှင်< ဟုတ်ကဲ့ ဝမ်ချောင်