Part 7
"လူနာက ဘာလို့ အဲ့လောက်ဒဏ်ရာတွေများနေရတာလဲ ရန်ဖြစ်လာတာလား ကားတိုက်မူ့ဖြစ်လာတာလား အမူ့ခင်းနဲ့ပါတ်သတ်နေရင် ဆရာမကုပေးနိုင်ဘူး" ဒေါက်တာရဲ့စကားကြောင့် ကျန့်ကျန့် ဘာပြောရမလဲအကြပ်ရိုက်နေချိန် " ကျွန်တော်တို့ ချစ်သူနှစ်ယောက်စကားများရင်း မတော်တဆဆိုင်ကယ်ချော်လဲသွားတာပါ အမူ့ခင်းဘာမှမဖြစ်စေရပါဘူးဒေါက်တာ ကုလို့ရပါတယ်" ရိပေါ်ရဲ့စကားကြောင့်ကျန့်ကျန့်မျက်နှာမှာ ရဲတတ်လာတော့"အခုမှရှက်မနေနဲ့ တစ်ယောက်နဲ့တစ်ယောက်နားလည်မူထားရမယ်လေ တစ်ယောက်မကြိုက်ဘူးဆိုရင်ပွင့်ပွင့်လင်းလင်းဖြေရှင်းကြ ရင်ထဲမှာသိမ်းမထားကြနဲ့ ရင်ထဲမှာသိမ်းထားတော့ အခုလိုမဖြစ်သင့်တာတွေဖြစ်လာရော် နောက်ဒီလိုမဖြစ်စေနဲ့ကြားလား" ဒေါက်တာမရဲ့စကားကြောင့်ကျန့်ကျန့်ရယ်ချင်စိတ်ကိုမနည်းထိန်းထားရတယ် ရိပေါ်မျက်နှာကြည့်လိုက်တော့ ဘာမှမဖြစမသလိုရုပ်တည်ကြီးနဲ့ကြည့်နေတာ
"ခြေထောက်က ခြေကျင်းဝတ် အဆစ်နည်းနည်းလွဲသွားတယ် လူနာရှင် ခနလာကိုင်ထားပေးဆွဲတည့်မှရမယ် "
ဒေါက်တာမစကားကြောင့်ရိပေါ် ကျန့်ကျန့်ခြေထောက်လေးကိုလာကိုင်လိုက်တယ် ကျန့်ကျန့် ကြောက်ပြီးလက်က ရိပေါ်ရဲ့ပခုံးကိုအားကိုးတစ်ကြီးဆုပ်ကိုင်လိုက်တယ်
ပခုံးပေါ်ကြလာတဲ့အထိတွေ့တစ်ခုကြောင့် ရိပေါ်ကျန့်ကျန့်ကို ကြည့်လိုက်တယ် ထင်တဲ့အတိုင်းဘဲ ဒီကောင်လေးကြောက်နေတာဘဲ မျက်ဝန်းအိမ်ကျယ်ကျယ်လေးထဲမှာ မျက်ရည်တွေကပြည့်လာပြီ ခနနေကျတော့မယ့်ပုံစံ
ရိပေါ်" မငိုပါနဲ့ ကျန့်ကျန့်ရာ မင်းမျက်ရည်တွေမြင်ရတာငါ့ရင်တွေနာလွန်းလို့ပါ ဖြစ်နိုင်ရင်မင်းရဲ့ဒဏ်ရာတွေငါဘဲ ယူလိုက်ချင်တယ် မငိုနဲ့နော်" စိတ်ထဲမှာပြောရင်းအပြင်မှာတော့ "ဘာလဲမင်းက ကလေးလား ငိုမလို့လား မင်းကိုမင်း ၃နှစ်သားလေးထင်နေလား မရှက်ဘူးလား မငိုနဲ့ တောင့်ခံ ယောကျာင်္းလေးဘဲ ဒီလောက်လေးဖြစ်တာကို သည်းပြမနေနဲ့"
ကျန့်ကျန့် ရိပေါ်စကားအဆုံးပိုပြီးဝမ်းနည်းသွားတယ်
"သည်းပြမနေနဲ့"တဲ့လားရိပေါ်ရယ် ခေါင်းကို အပေါ်မော့ပြီးမျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်နဲ့ကျလဲတဲ့မျက်ရည်တွေကိုထိန်းလိုက်တယ်