Part 13
ကားလေးက ကျန်ချန်တို့အိမ်ရှေ့မှာ ရပ်လိုက်တယ်ဆိုရင်ဘဲ ကျန့်ကျန့် ကားတံခါးကို ဖွင့်ပြီး ဆင်းလိုက်တယ်
"ကျန့်ကျန့် ညနေကြရင် ငါစောစော ပြန်လာခဲ့မယ် ငါလာခေါ်မယ် စောင့်နေနော်" ဆိုပြီးလှမ်းပြောလိုက်ကာ
ကျန့်ကျန့် ကလဲခေါင်းညိမ့်ပြတော့မှ ရိပေါ်ကားကို ပြန်ကွေ့ပြီးအလုပ်ကို ဦးတည်မောင်းခဲ့လိုက်တော့တယ်ရိပေါ်အလုပ်ကို ရောက်တော့ အခန်းထဲဝင်ပြီးလုပ်စရာရှိတာလုပ်နေလိုက်တယ် ခနကြာတော့စာရင်းစာရွက်တစ်ခုကိုကိုင်ကာ အတွင်းရေးမူး မျန့်မျန့်ကို လှမ်းခေါ်ပြီး
"ဝမ်ချောင်ကို ငါ့ဆီလွတ်လိုက် "
"ဝမ်ချောင် အခုထိ အလုပ် မရောက်သေးပါဘူး "
ရိပေါ်နာရီကို တစ်ချက်ကြည့်လိုက်တော့ 10 နာရီထိုးနေပြီ
"အရင်တုန်းကကော အဲ့လိုဘဲ နောက်ကျမှ လာတာလား"
"တစ်လမှာ ၂ ရက် ၃ရက်လောက်တော့ အဲ့လိုဘဲ"
"သိပြီ သွားတော့" မျန့်မျန့် လဲ အခန်းထဲကနေထွက်ပြီး သူ့နေရာသူပြန်ကာ အလုပ်လုပ်နေလိုက်တယ်"စစ်ကျွှေး ဝမ်ချောင် အခြေနေဘယ်လိုလဲ "
"မနေ့က သိရသလောက်တော့ သူမှာ တစ်ခြား လုပ်ငန်းတစ်ခုရှိလောက်တယ် ပြီးတော့ မနေ့က သူ တစ်နေရာရာကို သွားခဲ့သေးတယ် ဘာလို့လဲဆိုတော့ မနေ့က သူ့အိမ်ကို မနက်ပိုင်းမှ ပြန်လာတာတွေ့တယ် ကျွန်တော်ဆက်ပြီးစုံစမ်းလိုက်ပါ့မယ် အစ်ကိုလေး"
"အာ့ဆို ညနေ ငါဘဲ ဆေးရုံကို ပစ္စည်းဝင်ယူမယ် ငါမလာနိုင်တဲ့နေ့ ကျရင်သာ မင်းလာပို့ အဲ့တာဆို ဒါဘဲ"
ရိပေါ်ဖုန်းချကာ ဝမ်ချောင် မင်းဘာလုပ်လဲ တစ်ဖြည်းဖြည်းသိလာတော့မှာပါဝမ်ချင် သမီးလေး ရှောင်မိန်ကို ဂရုတစ်စိုက် ကြည့်နေတယ် မနက်ကတော့ သူ့ဦးလေး ဝမ်နင်းနဲ့ ထွက်သွားတာ အကောင်း ညနေပိုင်းတွေဆို ထဖောက်တတ်တာ
ဝမ်ချင်း ဗိုက်က နာလာတာမို့အိမ်သာထဲခနဝင်ပြီး ကိစ္စကိုရှင်းလိုက်တယ် ပြန်ထွက်ပြီး ရှောင်မိန်းအခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့ မရှိတော့ ဘူး ရှောင်မိန်ထွက်သွားပြန်ပြီ ဝမ်နင်းကို လှမ်းအသိပေးမှဖြစ်မယ်
"ဝမ်နင်း ရှောင်မိန် ထွက်သွားပြန်ပြီ "
"အမ အရင်ရှာထားလိုက် သဋေးကို ပြောပြီးမှ ကျွန်တော်လာလို့ရမယ် အမလဲ ဂရုစိုက်အုံး"ပြောပြီး ဝမ်နင်းဖုန်းချကာ အလုပ်ကိုပြန်လုပ်နေလိုက်တယ်