Part 20
"ဝမ်မင်းသားလေးပါလား ဘာကိစ္စများ ကြွချီလာ
ပါသလဲ"
"ဝမ်ချောင် မင်းအကြံပါတ်စပ်လှချည်လား ကလေး
အများကြီးကို သတ်ပြီး ဒီလူအတွက် လုပ်ပေး
တာပေါ့ ဟုတ်လား ချောကလတ်ထဲ ဘိန်းတွေထည့်ပြီး
တရားမဝင် ထုပ်နေတာရော မင်းလိပ်ပြာသန့်တယ်လား"
ရိပေါ် ဝမ်ချောင်ကို ရွံရာမုန်းတီစွာကြည့်ပြီး
ပြောလိုက်သည်
"ဒီလူလို့မပြောပါနဲ့ ဝမ်မင်းသားလေး ကျွန်ုပ်ကို
မမှတ်မိတော့ဘူးလား ဝမ်မင်းသားလေး
ဒိုင်ယာယီ စာအုပ် ဖတ်ပြီးရင်တော့ ကျွန်ုပ်ကို
သိလောက်ပါတယ် ဝမ်မင်းသားလေးက ဒီအဖိုးကြီး
ရုပ်နဲ့မို့ မမှတ်မိတာနေမယ် "
အဘိုးကြီး ပြောချင်ရာပြောပြီး ခုနက ဝမ်ချောင်ချ
ထားတဲ့အိပ်ကိုဖွင့်ကာကလေးရဲ့ လည်ချောင်း
ကို ရက်ရက် စက်စက် ကိုက်ဖောက်ပြီး
ထွက်လာတဲ့သွေးကို ဖန်ခွက်တစ်ခုထဲ ခံကာ
ပါစပ်က ပွစိပွစိ မန်းမူတ်ရင်း သောက်ချလိုက်တော့၏
အဘိုးကြီးရဲ့ခန္ဒာကိုယ် အစိပ်ပိုင်း တစ်ခုစိ က တွဲကျနေတဲ့ အသားအရည်တွေတင်းရင်းလာပြီး လူငယ်လေး
အသွင် တဖြည်းဖြည်းပြောင်းလဲသွားတော့သည်
ထိုအခါ ကျန့်ကျန့်ကို ရှောင်မိန် ဆွဲ ပြတုန်းက
ပန်ချီကား ၃ယောက်ထဲက ပရောဟိတ် ဆိုသော
လူနှင့် တစ်ထေရာတည်းတူနေသည်ကို ရိပေါ်
သတိထားမိလိုက်သည်
"ဝမ်မင်းသာလေး ဖတ်ထားတဲ့ ဒိုင်ယာယီထဲက
ပရောဟိတ်ဆိုတာ ကျွန်ုဘဲပြီးတော့ ဝမ်မင်းသာ
လေးဆိုတာ ဟောဒီ ကျွန်ုရှေ့မှာရပ်နေတဲ့ ဝမ်ရိပေါ်
ပါဘဲ ကျန်သေးတယ် ရှောင်မင်းသမီးလေးက
ဘယ်သူလဲ သိလား အခု ဝမ်ရိပေါ်ချစ်လှပါတဲ့
ကျန့်ကျန့် က အရင်ဘဝက ရှောင်မင်းသမီးလေး
ပြန်ဝင်စားတာဆိုရင်ကော ဝမ်ရိပေါ်လိုအပ်နေတဲ့သွေး
က ကျန့်ကျန့် ဆိုတာကိုရော အသိပေးပြီးပြီလား"
ပြောပြီး အောင်နိုင်သူ အပြုံးနဲ့ ဟားတိုက်ရယ်မော
နေသော ထိုလူကို နားကျဉ်းစွာကြည့်ပြီး
"ခင်ဗျာ ဘာလို့ ဒီကိစ္စတွေ အကုန်သိနေရတာလဲ"
ရိပေါ်တုန်လူပ်ခြောက်ခြားကာ အော်ဟစ်
မေးလိုက်ပြီး ထိုလူကိုစူးစိုက်ကြည့်ကာ
"ပရောဟိတ် ဖြစ်နေလို့ပေါ့ အခုချိန်မှာ ကျွန်ုပ်လုပ်နိုင်
တာတွေမှအများကြီးဘဲ အပေးယူ တစ်ခုလုပ်မယ်ဆိုရင်
တော့ ဝမ် မင်းသားလေးနဲ့ကျွန်ုပ် မိတ်ဆွေဖြစ်လို့
ရတယ် အဲလိုမှ မဟုတ်ရင် ကျန့်ကျန့်ကို သတ်ရ
မလား ဒိုင်ယာယီထဲ က အကြောင်းတွေပြောပြပြီး
အမုန်းခံမလား ကြိုက်တာရွှေး နောက်တစ်ခုရှိသေးတယ်
ကျန့်ကျန့်သွေးမပါဘဲ ဝမ်မျီုးဆက်ရဲ့ကျိန်စာ
ကို ဖယ်နိုင်တဲ့ နည်းလမ်း ကျွန်ုပ်မှာရှိတယ် သိစေချင်ယုံ
ပါ ဟား ဟား ဟား စဉ်းစားလိုက်ပါအုံး" ပရေဟိတ်ရဲ့
လှည့်ကွက်တွေကို ရိပေါ်က မသိရှာတော့
ကျန့်ကျန့် အန္တရာယ်ကင်းဖို့ကအဓိကဘဲ
တွေးကာ ပရောဟိတ်ရဲ့ကန်းလှမ်းချက်ကို
လက်ခံလိုက် သည်
"ပထမဆုံး အနေနဲ့ ဝမ်မင်းသားလေးအိမ်ကို
ကျွန်ုပ်ကို ခေါ်သွားပါ အခုချိန်က စပြီး ကျွန်ုပ်ကို
ရွယ်ယန် လို့ခေါ်ပါ"
အခုချိန်မှာ ရိပေါ်ဘာမှ မလုပ်နိုင်သေးဘူး
ဒီလူ ရွယ်ယန်က အကုန်လုပ်နိုင်တဲ့ပုံစံ
သူ့ကိုငြင်းဆန်လိုက်ရင် မဆိုင်တဲ့လူတွေ
အကုန်ဒုက္ခရောက်ကုန်တော့မှာ ရိပေါ်သိနေတယ်
တဖြည်းဖြည်းနည်းလမ်းရှာပြီး မှ လူပ်ရှားမှရမယ်
ဂူထဲကလေ လူလေးယောက်ထွက်လာပြီး
စစ်ကျွေးက ရိပေါ်နားလာကာ
"အစ်ကိုလေး အဆင်ပြေရဲ့လား"
"ပြေပါတယ် မင်းဝမ်ချောင်နဲ့လိုက်သွားလိုက်
ငါ ရွယ်ယန်ကို အိမ်ခေါ်သွားလိုက်မယ် ဒီကိစ္စတွေ
ဘယ်သူမှ မသိစေနဲ့နော် အဓိက ကျန့်ကျန့်ပေါ့ ငါ
သူပျော်နေတာဘဲမြင်ချင်တယ် သူ့ကို ငါ့ရဲ့ အရူပ်ထဲဝင်
မပါစေချင်ဘူး"
"ဒါပေမဲ့ အစ်ကိုလေး အချိန်တန်ရင်သိမှာဘဲလေ"
"အချိန်တန်လို့သိခါမှသိကော အပျော်တွေနဲ့ဘဲ
နေစေချင်သေးတယ် သူမသိခင် ငါဖြေရှင်းနိုင်
အောင်ကြိုးစားမှာပါ ငါ့ကိုစိတ်ချ သွားတော့စစ်ကျွေး"
ရွယ်ယန်ကိုခေါ်ပြီးရိပေါ်အိမ်ပြန်လာခဲ့လိုက်
တော့သည်
"မနက် ၈နာရီတောင်ထိုးနေပြီ ရိပေါ်ဘာလို့
ပြန်မလာသေးတာလဲ အစ်ကိုကျိချန်
အရင်က အဲ့လောက်ထိ နေဖူးလားဟင်"
"တစ်ခါမှ မနေဘူးဖူး ကျန့်ကျန့်"
ကျန့်ကျန့် စိတ်ပူနေပါပြီ ညကတည်းကပြန်မလာ
ရိပေါ်အခန်းထဲမှာ စောင့်ရင်းအိပ်ပျော်သွားတာ
မနက်စောစောတော့ ရောက်လောက်မယ်ထင်တာ
အခုထိတောင် မရောက်သေးဘူး လည်ပင်းတွေလည်း
ရှည်နေပါပြီ အခု ကျိချန်း ပြောလိုက်တဲ့ စကား
ကြောင့် နေမရထိုင်မရတွေတောင်ဖြစ်ကုန်ပြီ
ထိုအချိန် ခြံထဲ ကားဝင်ခါတဲ့ အသံကြောင့်
ကျန့်ကျန့် အပေါက်ဝကိုပြေးထွက်လာကာ
"ပေါ်တိလေး ပြန်လာပြီလား ဘယ်သွားနေတာလဲ
စိတ်ပူနေတာ "ပြောပြီး ပြေးဖတ်လိုက်တာကြောင့်
ရိပေါ် ကျန့်ကော ကိုယ်လုံးလေးကို ရင်ခွင်ထဲထည့်
ကာကျစ်ကျစ်ပါအောင် ဖတ်ထားလိုက်သည်
သူလည်းလွမ်းနေတာလေ ဟောဒီ ကျန့်ကောရဲ့
အငွေ့သက်လေးကို လွမ်းနေတာ ခနတာလေးခွဲရတာကို
တစ်သက်စာလောက်ဝေးနေသလိုခံစားမိတာကြောင့်
ကျန့်ကောရဲ့ဂုတ်သားဖွေးဖွေးလေးကို မလွတ်တမ်းနမ်း
ရိုက်နေမိလိုက်သည်
ကားတံခါးကို စောင့်ပိတ်ပြီး ရွယ်ရန် ဆင်းလိုက်ကာ
ပန်းအိုး နှစ်လုံးလောက်ကို လက် ငါးချောင်းဝှေ့ရမ်းကာ
ပြစ်ခွဲလိုက်သည် ပန်းအိုးကွဲသံကြောင့် ကျန့်ကျန့်ကို
ရိပေါ်လွတ်ပေးလိုက်ကာ
"ကျန့်ကောနဲ့မိတ်ဆက်ပေးရအုံးမယ် သူက
ရိပေါ်ရဲ့သူငယ်ချင်း ရွယ်ယန်တဲ့"
"ရွယ်ယန် ဒါ ကငါ့ချစ်သူ ကျန့်ကော "
ပန်းအိုးကွဲသံကြောင့်ကျိချန်ထွက်လာကာ
"အစ်ကိုကျိချန် ဒါက ရိပေါ်သူငယ်ချင်းရွယ်ယန်"
"အစ်ကို တွေ ရီးစားတွေ ငါနားမလည်ဘူးရိပေါ်
ဒီအိမ်မှာ မင်းနဲ့ငါ နှစ်ယောက် တည်းဘဲ ရှိရမယ်
ကျန်တဲ့လူပိုတွေမမြင်ချင်ဘူး"
ရွယ်ယန်စကားကြောင့် ရိပေါ်ဒေါသထွက်ကာ
"ဘာဆိုင်လို့လဲ ရွယ်ယန် သူတို့က ဒီအိမ်သားတွေ
မင်းကဧည့်သည်လေ"
ရွယ်ယန် ရိပေါ်ရဲ့မေးစေ့လေးကို လှမ်းကိုင်ကာ
ရိပေါ်ကလဲ ရွယ်ရန်လက်ကိုပုတ်ထုပ်လိုက်ပြီး
"ဘာဆိုင်လဲ ဟုတ်လား ဆိုင်မဆိုင်သိချင်လား ရိပေါ်"
ရွယ်ယန် လက်တစ်ချက်လူပ်လိုက် ပန်းအိုးတစ်လုံး
ပြုတ်ကျလိုက် အချက်ပေါင်းများစွာလူပ်နေတာကြောင့်
ပန်းအိုးတွေ တစ်လုံးပြီးတစ်လုံး ပြုတ်ကျကွဲနေတာ
ကြောင့် ရိပေါ်နဲ့ ရွယ်ယန် တစ်ခုခု ပတ်သတ်နေတာကိုရိပ်မိပြီ အခြေနေကို ဝင်ထိန်းလိုက်ရတော့သည်
"ကောင်းပြီ ရွယ်ယန် ငါနဲ့ ကျန့်ကျန့် မင်းဖြစ်စေချင်
သလို ကျန်းချန်အိမ်မှာသွားနေပေးမယ် ဟုတ်ပြီလား"
ထိုအခါမှ ရွယ်ယန်လဲ ပန်းအိုးခွဲတာတွေကိုရပ်လိုက်ပြီး
ကျန့်ကျန့်နဲ့ကျိချန် လဲ ကျန်းချန်အိမ်ဖက်ကိုပြန်ဖို့
ဟန်ပြင်လိုက်တော့
"ကျန့်ကော"ရိပေါ်ရဲ့ ငိုမဲ့မဲ့ ခေါ်လိုက်တဲ့အသံကြောင့်
ကျန့်ကျန့် ရိပေါ်လက်ကို ကိုင်ကာ
"ပေါ်တိလေး ဘာမှ မစိုရိမ်နဲ့ ကျန့်ကျန့်ကို တွေ့ချင်ရင်
ဟိုဘက်ကို ကူးလာခဲ့နော်"
"ကျန့်ကော ကျွန်တော်ကို စိတ်ဆိုးနေလား ဟင်
စိတ်ဆိုးရင် ရိုက်လိုက်ပါ ထုလိုက်ပါ အခုလိုမပြောပါနဲ့
မခံစားနိုင်လို့ပါ"
"မဆိုးပါဘူး ပေါ်တိလေးကိုယုံတယ် အပြည့်အဝ
ယုံကြည်ပေးထားတယ် ဒါကြောင့်အခုကျန့်ကျန့်
ပြောတာကိုလဲယုံပါနော်"
"ကျန့်ကောကို အရမ်းချစ်တယ် အသက်လောက်
ချစ်တယ် ကျန့်ကောကလွဲပြီး ဘယ်သူမှမချစ်တော့ဘူး
စိတ်ချနော်"
"ပေါ်တိလေးကိုလဲ အသက်နဲ့ထပ်တူ မြတ်မြတ်နိုးနိုး
နဲ့ချစ်တာ ဘယ်သူ ခွဲခွဲ မကွဲကြေးနော်
အတူတူရင်ဆိုင်ရအောင်နော် ပေါ်တိလေး အခက်ခဲ
ရှိရင် ကျန့်ကျန့်ကိုပြောပါနော် တစ်ယောက်တည်း
ဖြေရှင်းရင် ဒုက္ခရောက်မှာ ကျန့်ကျန့် စိတ်ပူတယ်
စိတ်ချမယ်နော်"
ကျန့်ကျန့် ဒီစကားတွေကို အပိုတွေ ပြောနေတာ
မဟုတ်ဘူးဆိုတာ ရိပေါ်နားလည်ပါစေ
ရိပေါ်ကို နားချပြီး ကျန့်ကျန့် ထွက်လာခဲ့လိုက်သည်