part 6

481 32 0
                                    

Part 6
ရိပေါ် လုပ်လက်စအလုပ်တွေသိမ်းပြီးကားပါကင်ကိုထွက်လာခဲ့တယ် ကားနားရောက်ခါနီးသူ့ရှေ့ကနေကားတစ်စီးတည့်တည့်ဝင်လာပြီးတိုက်မိမလိုဖြစ်လာတာကြောင့်ဘေးကိုအသာလေးရှောင်လိုက်ရသေးတယ် တမင်သက်သက်ရန်စသလိုလုပ်သွားတဲ့ကားကိုကြည့်လိုက်တော့ "တောက် ဝမ်ချောင် မင်းအရင်လာစတာနော် ငါဆိုတဲ့ကောင်က ငါ့ကိုလာမထိသရွှေ့ ငါကအရင်ဘယ်တော့မှစမလုပ်ဘူး ငါ့ကိုလာထိရင်တော့ငြိမ်နေမယ့်အကောင်ထဲမှာငါမပါဘူး မင်းငါ့ကိုလျှော့တွက်လိုက်တာဘဲဝမ်ချောင်"စိတ်ထဲမှာရေရွတ်ရင်းကားတံခါးကိုခပ်ကြမ်းကြမ်းဖွင့်ပြီးဝမ်ချောင်ကားနောက်ကိုနောက်ယောင်ခံဖို့ မောင်းထွက်ခဲ့လိုက်တယ်

ဝမ်ချောင်ကားပါကင်ကိုလမ်းလျှောက်လာတဲ့ရိပေါ်ကိုမြင်တော့မနက်ကသူ့ကိုလုပ်လိုက်တာကိုဒေါသထွက်ပြီးကားနဲ့တိုက်မိမလိုလုပ်ခဲ့တာ "သူ့ကိုမကျေနပ်ဘူးဆိုတာသိမှ ဖြစ်မယ် ဒါမှသူ့လုပ်ရက်တွေ ပြောင်းလာမှာ ရိပေါ် နောက်ဆိုရင်မင်းလဲကျမယ့်အရာမှန်သမျှငါလုပ်တော့မှာမပူနဲ့ စောင့်သာကြည့်နေလိုက်"တွေးရင်းကားကိုကွေ့ချလိုက်တာ အမှတ်မထင်ဘဲ ဝင်လာတဲ့ဆိုင်ကယ်နဲ့
"ဝုန်း " ကားတိုက်မိတဲ့အသံ
ဆိုင်ကယ်တော့ကားမီးအောက်မှာ ထင်းထင်းကြီးဘီးကသူကားနဲ့မျက်နှာချင်းဆိုင်လှည့်ပြီးလဲနေတာ
ဝမ်ချောင်သတိဝင်လာပြီး လူကော လူမတွေ့ပါလား
တွေးမနေတော့ဘဲ ချက်ချင်းကားကိုဂီယာထိုးပြီးမောင်းထွက်လာခဲ့လိုက်တော့တယ်

ဝမ်ချောင်ကားနဲ့ မနီးမဝေးကနေ နောက်ယောင်ခံလိုက်တာမို့ ဝမ်ချောင်လုပ်ရက်အစအဆုံးကိုရိပေါ်မြင်လိုက်တာတယ် ကားကို ဆိုင်ကယ်ရှေ့မှာရပ်ပြီး ဆင်းလာခဲ့လိုက်တော့ လူမတွေ့ဘူး ဆိုင်ကယ်နံပါတ်ကိုကြည့်လိုက်တော့ "ဟင်ဒီဆိုင်ကယ် ဟုတ်တယ် ငါ့ကားဘတ်မှန်ကိုတိုက်ပြီးထွက်ပြေးသွားတဲ့ဆိုင်ကယ် အခုတော့မင်း
ပြန်ခံရပြီပေါ့ ဝမ်ချောင်က မင်းကိုတိုက်ပြီးထွက်ပြေးသွား
ပြီး" ပြောရင်း ဘေးကိုမျက်စီကရောက်သွားတယ်ဆိုရင်ဘဲ
လူတစ်ယောက်အောက်ကဘောင်းဘီအနက်နဲ့ အပေါ်က အကျီင်္အနက်လက်ရှည်ကိုဝတ်ထားတယ် အထဲကအကျီင်္ကအဖြူနဲ့ ဆိုင်ကယ်ဟဲမက်ကိုဆောင်းပြီး လဲနေတယ် "ငါနဲ့မှမဆိုင်တာ ထားခဲ့လိုက်မယ်" လှည့်ထွက်မယ် ပြင်ပြီးမှစိတ်ကဘယ်လိုမှ မထားခဲ့နိုင်တော့ အနားကိုအသာလေးလျှာက်သွားပြီး ဟဲမက်ကိုချွတ်လိုက်တယ်ဆိုရင်ဘဲ "ဟင်"  ကျန့်ကျန့်ပါလား သူ့ရင်တွေပလောင်ဆူပြီးဘယ်ကကျလာမှန်းမသိတဲ့မျက်ရည်တွေနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့စိတ်ကြောင့် လက်တွေကတုန်
ပြီး ကျန့်ကျန့်ကို ပွေ့ချီလိုက်တော့

သွေးတစ်စက်ကံကြမ္မာWhere stories live. Discover now