စားသောက်ပြီးရိပေါ်ဘေရှင်းတာကို ကျန့်ကျန့်စောင့်နေရင်းအပြင်ကိုမျက်စီက ရောက်သွားတော့ မိန်းကလေးတစ်ယောက် ပြောရမယ်ဆိုရင် စူးစူးရဲရဲ စိုက်ကြည့်နေတဲ့မိန်းကလေးတစ်ယောက် သူ့အကြည့်တွေက ကျန့်ကျန့်ကိုတရင်းတနှီး သိနေတဲ့ပုံစံနဲ့ကြည့်နေတာ ကျန့်ကျန့် ထိုမိန်းကလေးနဲ့ အကြည့်ချင်းစုံနေရင်း ကြက်သည်းများပင်ထလာပြီး ရင်ဘက်တွေမောဟိုက်ကာ အသက်ရူလို့တောင်မဝချင် ထိုအချိန်မှာဘဲ ရိပေါ်ရောက်လာကာ
"ကျန့်ကျန့် သွားကြမယ်လေ ဘာဖြစ်နေတာလဲ"ကျန့်ကျန့်ရဲ မျက်မှောင်ကြုတ်ပြီးတစ်စုံတစ်ခုစိုက်ကြည့်နေတာကြောင့်ရိပေါ် ပါလိုက်ကြည့်ရင်းပြောလိုက်တော့မှ
"ဘာမှမဟုတ်ဘူးသွားကြမယ်လေ ရိပေါ်" ဟုဆိုကာရိပေါ်လက်ကိုကိုင်ပြီးထလိုက်ကာ ခုနက သူကြည့်တဲ့နေရာကိုပြန်ပြီးအကြည့်ရောက်သွားတော့ "ဟင် ဟိုမိန်းကလေး ဘယ်ရောက်သွားပြီလဲ ငါဘဲအကြည့်မှားတာလား မဟုတ်ပါဘူး ခုနက သေချာမြင်လိုက်ပါတယ် " ဟု စိတ်ထဲမှာ စဝေစဝါ အတွေးနဲ့ ရိပေါ်နောက်လိုက်ခဲ့ပြီး အိမ်ပြန်လာခဲ့လိုက်တော့တယ်
အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာထိုင်နေတဲ့ ကျန်ချန်နဲ့ ကျိချန်ကို တွေ့ရတယ် "အစ်ကို က ကျွန်တော်မရှိဆို ဒီရောက်နေတာပေါ့ ဟုလား "ဆိုပြီး သူ့အစ်ကိုကျိချန်ကိုစလိုက်တယ် ကျိချန်ကလဲ မခံဘူး" မင်းကအဖော်တွေ့သွားပြီဆိုတော့ ငါမလိုတော့ဘူးလေ အာ့ကြောင် ငါ့သူငယ်ချင်းကျန်ချန်ဆီလာတာပေါ့" ကျိချန်စကားကြောင့် ရိပေါ်နဲ့ကျန့်ကျန် နှစ်ယောက်လုံးရှက်သွားကာ " အားလုံးဘဲ ကျွန်တော်အပေါ်တတ်တော့မယ်နော်ဟုပြောကာ " ကျန့်ကျန့် ခြေလှမ်းကိုခပ်မြန်မြန်လျှောက်လိုက်တော့ ခြေထောက်ကနာသလိုဖြစ်သွားပြီးလှေကားကိုလှမ်းကိုင်လိုက်တော့ "ကျန့်ကျန့်ရလား ငါလိုက်ပို့ပေးရမလား"ရိပေါ်လှမ်းပြောတော့ ကျိချန်က တခါထဖောက်ပြန်တယ်
"ကျန့်ကျန့် လိုက်ပို့ခိုင်းလိုက်ပါကွာ ရိပေါ်က လိုက်ပို့ချင်နေတာကို " ပြောရင်း ကျန်ချန်နဲ့ နှစ်ယောက်သားရယ်လိုက်တယ်ဆိုဘဲ အရှက်ကြောက်ကြီးသူကြီးကျန့်ကျန့်က ပြေးပါလေရော်
"အစ်ကိုတို့တအားစတာဘဲ ဟိုမှာခြေထောက်နာနာနဲ့ပြေးပြီ"ဟု ကျိချန်နဲ့ ကျန်ချန်ကိုအပြစ်တာအိမ်ပြန်လာခဲ့လိုက်တော့တယ် ရိပေါ်စိတ်မှာတော် တော်တော်ကျေနပ်နေတာပါ အပျော်လွန်ပြီးအိပ်မပျော်မှာတောင်ဆိုးရတယ်