part 15

340 22 0
                                    

Part 15
ကလင်ကလင်
ဖုန်းသံကြောင့်ကျန့်ကျန့်နိုးလားကာ အိပ်ချင်မူးတူးအသံနဲ့
"ဟဲလို "
"မောနင်း အိပ်ပုတ်လေး ကျန့် "
"အင်းမောနင်း သည်းလေး"
"ပေါ်တိ အလုပ်သွားတော့မှာလား "
"အင်းသွားမှာလေ "
"အာ့ဆို ကျန့် ကျန့်ကို ဝင်ခေါ် လေ ပြီးရင် မနက်စာတူတူစားမယ် ပြီးတော့ ကျန့်ကျန့်ကို အလုပ်ဝင်ပို့ပေးနော်"ရလားပေါ်တိလေး
"ရတာပေါ့ ဒီက ရိပေါ်ကလဲ လုပ်ပေးချင်နေတာ ပြောမှပြောပါ့မလား စိတ်ပူနေတာ အခုလို ကျန့်ကော ကိုယ်တိုင်တောင်းဆိုတော့ ပိုလို့တောင်ဝမ်းသာသေး"
"ပိုနေတာလား တကယ်ပြောနေတာလား ပေါ်တိ လေး
ဒီက အပြောနဲ့တင် အရည်ပျော်နေပါပြီနော်"
"တဂယ်ပြောနေတာ အရည်ပျော်ချင်ရင် တိတိနဲ့တွေ့မှပျော် အခုမပျော်နဲ့အုံး သိလား"
"အား ပေါ်တိ ဘာတွေပြောနေတာလဲ စောစောစီးစီး "
"ဟုတ်ပါပြီ ကျန့်ကောကြီး ရှက်နေတာဒီကတောင်လှမ်း
မြင်နေရတယ်သိလား "
"အံမယ် လာရွီးမနေနဲ့နော် မြင်ရတာလဲမဟုတ်ဘဲနဲ့"
"မြင်ရလို့ပြောနေတာပေါ့ ကိုယ့်ချစ်ဆုံးကြီးကို နေ့တိုင်း
ဒီလိုဘဲချောင်းကြည့်နေရတာ"
"ရိပေါ်တဂယ်ပြောနေတာလား ဘယ်ကကြည့်နေတာလဲ"
"ကျန်ကော သိချင်ရင် ပြတင်းပေါက်နားကိုလျှောက်လာခဲ့" ကျန့်ကျန့်လဲသိချင်လို့ အိပ်ယာပေါ်ကနေဆင်းကာ ပြတင်းပေါက်နားရောက်သွားတယ်ဆိုရင်ဘဲ ဟိုဘက်ခြမ်းကနေ မှန်ဘီးလူးကိုတစ်ဖက်ကကိုင်ကာ ဖုန်းပြောနေတဲ့ရိပေါ်ကိုတွေ့လိုက်ရတယ် ကျန့်ကျန့် မပြုံးဘဲ မနေနိုင်အောင်ရယ်ချလိုက်တော့တယ်

"ကျန်ကောရေ လုပ်ပါအုံး ကျွန်တော်နှလုံးသားတွေ
ပြုတ်ကျကုန်ပြီ "
"ဘယ်လိုဖြစ်ရပြန်တာတုန်း တိတိလေးရဲ့"
"ခုနက ကျန့်ကောရယ်လိုက်တာ ကျွန်တော့်နှးလုံးသားတွေအရည်ပျော်ပြီးပြုတ်ကျကုန်လို့ အဲတာပြန်လျှော်ပေး"
" ဟင် ဘယ်လိုလျော်ပေးရမှာလဲ ပေါ်တိလေးရဲ့"
"တွေ့ရင် အာဘွား အကြီးကြီးပေးမှရမှာ"
"အမလေးနစ်နာသွားပါအုံးမယ် ပေါ်တိရယ်"
"ဘာလဲ ကျန့်ကော ကမပေးချင်လို့လား ဒီကနှလုံးသားတစ်ခုတောင်ပြုတ်ကျထားတာနော် ဟွန့် မပေးရင်
စိတ်ကောက်လိုက်မှာ"
"ဟုတ်ပါပြီ ပေါ်တိလေးကို အရူံးပေးပါတယ်
လာမှအာဘွားအကြီးကြီးပေးပါ့မယ် အခု တော့ရေချိုးလိုက်အုံးမယ် ခနစောင့်ပေးနော် ပေါ်တိလေး"
"စောင့်ပေးခ ကသက်သက် ယူမှာနော် ၁မီးနစ်ကို အာဘွားတစ်ချက် ဒါဘဲ ဘိုင့်ဘိုင့်"
ရိပေါ်လူလည်လေး သူပြောပြီးသူဦးအောင် ဖုန်းချသွားလေရဲ့
ကျန့်ကျန့် ရေချိးပြီး အောက်ဆင်းလာတယ်ဆိုရင်ဘဲ
ကိုယ်တော်ချောလေးက
"ကျန့်ကော ၃၅ မီးနစ် တိတိမှာဆင်းလာပါတယ်"
ကျန့်ကျန့် မျက်လုံးပြူးသွားကာ "၃၅ မီးနစ်တောင်ကြာတယ်ပေါ့ ဟုတ်လို့လား ပေါ်တိလေး ရယ်"
"အံမယ်ခုမှ ဟုတ်လားမဟုတ်လား တွေလာမမေးပါနဲ့နော် မပေးချင်လို့တမင်ညစ်နေတာလားပြော"
"မဟုတ်ရပါဘူး ပေါ်တိလေးရယ် ကားပေါ်ကြမှပေးမယ်နော်"
"Ok လာသွားမယ် " ရိပေါ်က ဒရိုင်ဘာနေရာဝင်ထိုင်ကာ သူ့ပါးကို ဖောင်းပြီး လက်ညိုးထိုးပြနေလေရဲ့
ကျန့်ကျန့်လဲ သဘောပေါက်စွာ ရိပေါ်မျက်နှာလေးကို
သူနဲ့မျက်နှာချင်းဆိုင် ဆွဲလှည့်ပြီး နဖူး မှစကာ ပါး မေးစေ့
နှာခေါင်း မျက်လုံးမျက်ခွန် နူတ်ခမ်း ရိပေါ်ရဲ့မျက်နှာ အစိပ်ပိုင်း တစ်ခုချင်းစီကို အနမ်းမိုးတွေ မြတ်မြတ်နိုးနိုး ရွာသွန်းပေးလိုက်တော့ ရိပေါ်အားမရဘဲ ကျန့်ကျန့်ရဲ့ နူတ်ခမ်းလေးကိုဆွဲယူစားသုံးလိုက်တော့တယ်

သွေးတစ်စက်ကံကြမ္မာWhere stories live. Discover now