part 26

315 20 0
                                    

Part 26
ရိပေါ်ညနေစာစားပြီး အိမ်အပေါ်ထပ်ရှိ သူ့အခန်း
ထဲဝင်ခဲ့ပြီး အံဆွဲတစ်ခုထဲ မှစာအုပ်ကြားထဲသို့
ခုနက ဖတ်ခဲ့တဲ့ စာရွက်အပိုင်းစလေးကို ညှပ်ထား
လိုက်လေသည်

ထိုအခါ ရှောင်မိန်ရောက်လာကာ

"ရိပေါ်ဆေးသောက်ရအောင်နော် "

ရှောင်မိန်လက်ထဲမှ ဆေးလုံးကိုယူပြီး ရေနဲ့မျော်ချ
လိုက်လေသည်

တစ်ချိန်တည်းမှာ အပေါက်ဝကနေဝင်လာသော
ရွယ်ယန်က ရိပေါ်နဲ့မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး
မေးစေ့လေးကို ကိုင်ကာ

"မောနေတာ အခုမှဘဲအမောပြေသွားတော့တယ်"

ရှင်းသန့်ပြီးကြည်လင်နေတဲ့အသားအရည်ကြောင့်
ရိပေါ်ရဲ့ ချောမောမူက ပိုပြီးမြင်သာနေသည်
ရွယ်ယန် ရိပေါ်ကိုကြည့်ပြီးမရိုးသားတဲ့ စိတ်တွေ
ဖြစ်ပေါ်လာကာ နူတ်ခမ်းလေးကို ဆွဲယူ နမ်းမယ်
ဟန်ပြင်လိုက်တာကြောင့် မြန်ဆန်သော ရိပေါ်လက်က
ရွယ်ယန်ကို တွန်းလျှက်သား ဖြစ်သွားလေသည်

ရွယ်ယန် ရှောင်မိန်ရှေ့မှာရိပေါ်ရဲ့ ငြင်းဆိုမူကို ခံလိုက်ရ
တာကြောင့်ရှက်ရှမ်းရှမ်းပြီး အကြမ်းပတမ်းဆွဲကာ
လုယက်နမ်းမယ်လုပ်နေသောကြောင့်

"ရွယ်ယန် ရိပေါ်ကို အဲ့လိုမလုပ်ပါနဲ့ "

အသံကိုအနည်းငယ်မြင့်ကာရှောင်မိန်
အော်လိုက်လေသည်
ထိုအခါ ရွယ်ယန် ရဲ့ဒေါသတွေက ရောင်မိန်ပေါ်
ကျစုပြုံကျသွားပြီး လည်ပင်းကိုလက်နဲ့
ညစ်ကာ

"နင်က ဘာမို့ ငါ့ကို အော်ရတာလဲ "

"ငါက ဘာမှမဟုတ်ဘူး ဒါပေမဲ့ ရိပေါ်ကိုအဲ့လိုလုပ်
တာငါကြည့်မနေနိုင်ဘူး မကျေနပ်ရင် ငါ့ကို
သတ်လိုက်"

"နင့်ကို ချက်ချင်းသတ်လို့ရတယ် ဒါပေမဲ့
ရိပေါ်နားမှာ နင့်လို အစေခံကို လိုအပ်နေသေးတယ်"

ရွယ်ယန် ရှောင်မိန်ကို လွတ်ချပြီး ခြေသံခပ်ပြင်းပြင်း
နဲ့ အပြင်ပြန်ထွက်သွားတော့သည်

တုန်ယင်နေတဲ့ ရိပေါ်လက်ကလေးကို
ရှောင်မိန် လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး

သွေးတစ်စက်ကံကြမ္မာWhere stories live. Discover now