ည ၁၂ နာရီ ထိုးပြီ ဂေဟာသွားဖို့ တည်းခိုခန်းမှ ထွက်လာခဲ့လိုက်တယ် ဂေဟာနား မရောက်ခင် ဖုန်ကိုထုပ်ပြီး " ယန်ရှင်းအဆင် သင့်ဖြစ်ပြီလား အဆင်သင့်ဖြစ်ရင်ခေါ်လာခဲ့လိုက်တော့ " " ဟုတ်ကဲ့ ဆရာ အားလုံးအဆင်သင့်ဖြစ်ပါဘဲကျွန်တော်အခုဘဲ ထွက်လာနေပါပြီ "
ခနကြာတော့ ဝမ်ချောင် အိပ်အမဲတစ်လုံးကိုထမ်းပြီး လာနေတာကို ဝမ်ချောင်လှမ်းမြင်တော့ ကားနောက်တံခါးကို အဆင်သင့်ဖွင့်ပေးထားလိုက်ပြီး ကားပေါ်ဝင်ထိုင်နေလိုက်တယ်
ယန်ရှင်းလဲ ဝမ်ချောင်ဖွင့်ပေးထားတဲ့ ကားနောက်ခန်းထဲကို သူထမ်းလာတဲ့ အထုပ်ကြီးကိုထည့်လိုက်ကာ ကားအဖုံးကို ပိတိပေးလိုက်ပြီး ကားအနားမှအမြန်ထွက်ခွာခဲ့လိုက်တယ်
ဝမ်ချောင်လည်း ကားကိုမောင်းပြီးမြို့ပြင်ထွက်ခဲ့လိုက်တယ် မြို့ပြင်ကိုတော်တော်ကြာကြာလေးမောင်းထွက်လာပြီး ခနအကြာမှာ ကျောက်ဆောင် ကျောက်ခဲတွေနဲ့ ပိတ်ထားတဲ့ဂူရှိရာကို ဝမ်ချောင် ခြေလျှင်လျှောက်ခဲ့လိုက်တယ် ဂူပေါက်ဝကိုရောက်တော့ အလျှင်အမြန်ဘဲ ဂူထဲဝင်ခဲ့လိုက်တော့ ထိုင်နေတဲ့အဘိုးကိုတွေ့တယ်
"အဘိုး ဒီမှာ အဖိုးလိုချင်တဲ့ကလေးတစ်ယောက် ကျွန်တော်ပြန်တော့မယ်မိုးလင်ရင် ကျွန်တော်ကိုလူတွေတွေ့မှာစိုးလို သွားပြီနော် အဖိုး" ဟုဆိုကာ " အဘိုးကလဲ ခေါင်း
ကြိမ့်ပြလိုက်တော့ ဝမ်ချောင်အဖိုးရှေ့ကနေထွက်လာခဲ့လိုက်တော့တယ်
ရိပေါ်ဒီနေ့အစောကြီးထကာ အလုပ်သွားဖို့ပြင်ဆင်ပြီး
ကျန့်ကျန့်ဆီထွက်လာခဲ့လိုက်တယ်
"ရိပေါ်ပါလား" " အစ်ကို ကျန်ချန် ကျန့်ကျန့်နိုးနေပြီလား"
"မသိဘူး မင်းအပေါ်တတ်သွားကြည့်လိုက်ပါလား"
ကျန်ချန်ပြောလိုက်တော့ ရိပေါ်အပေါ်တတ်ခဲ့လိုက်တယ်
"ကျန့်ကျန့် မင်းနိုးနေပြီလား"
"ဝင်ခဲ့လေ ငါနိုးနေပြီ "
"အော်ရိပေါ်ဘာလာလုပ်တာလဲ"
"ဘာလဲ ငါလာလို့မရဘူးလား" ဘုဆက်ဆက် ပြန်ပြောလိုက်တဲ့ ရိပေါ်အသံကြောင့် ကျန့်ကျန့် ရီချင်သွားကာ
"မဟုတ်ပါဘူးရိပေါ်ရယ် ငါက အံသြ သွားလို့ပါ"
"မင်းမလာစေချင်ရင်လဲ မလာဘူးပြန်တော့မယ်ဟု စိတ်ကောက်သလို ပြန်လှည့်ထွက်မယ် အလုပ်"ကျန့်ကျန့် ရိပေါ်စိတ်ဆိုးသွားတယ် ထင်ကာ လက်မောင်းကို အတင်းလိုက်ဆွဲပြီး " အဲ့လို မဟုတ်ပါဘူး ရိပေါ်ရယ် စိတ်မဆိုးနဲ့နော် "
"တကယ်လား " ကျန့်ကျန့်ခေါင်းလေးငြိမ့်ပြတော့မှ
ရိပေါ်စိတ်ဆိုးပြေကာ
"အာ့ဆို နှောင်နေ့ နေ့တိုင်းလာမယ် လက်ခံလား"
"အင်း လက်ခံတယ် ဒါနဲ့ အခုလာရင်းကိစ္စက "
"မနက်စာအတူတူ စားချင်လို့ လာခေါ်တာ "
"အပြင်မှာသွားစားမှာလား"ရိပေါ်ကျန့်ကျန့်ကို ခေါင်းငြိမ့်
ပြပြီးလက်ကိုဆွဲကာ အပြင်ထွက်ခဲ့လိုက်တယ်