part 28

315 23 1
                                    


ရှောင်မိန်အိပ်ယာမှ ထကာ ရိပေါ်အခန်းသို့
သန့်ရှင်းရေးလုပ်ရန် ဝင်ခဲ့လိုက်သည်

ရိပေါ်ကို မတွေ့ သောကြောင့် အိပ်ယာလိပ်တွေ
လဲ သေချာသပ်သပ်ရပ်ရပ်နဲ့ ဘာမှ

လုပ်စရာမလိုအောင် သန့်ရှင်နေတော့သည်

စားစရာတစ်ခုခု ပြင်ဆင်ဖို့ အောက်ထပ်
ဆင်းလာလိုက်ကာ

ကျောခိုင်းပြီး ချက်ပြုတ်နေတဲ့ ရိပေါ်ကို
မြင်သွားတာ ကြောင့် အနားကို ကဗျာကယာ
လျှောက်သွားပြီး

"ရိပေါ် ဘာလုပ်နေတာလဲ ဘာစားချင်
လို့လဲဟင် ရှောင်မိန်ကို ပြောရော်ပေါ့

ရှောင်မိန်လုပ်ပေးမှာပေါ့ "ပြောရင်း
ရိပေါ်လက်ထဲ က အိုးကို အတင်းလုနေသော
ရှောင်မိန်ကို  မျက်စောင်း
တစ်ချက်ထိုးလိုက်တာကြောင့်

"ရိပေါ် ရှောင်မိန် လုပ်ပေးတာမကြိုက်လို့လား"

ရှောင်မိန်ပြောချင်ရာပြောပြီး
စိတ်မကောင်းဖြစ်သွားတာကြောင့်
ရိပေါ်လုပ်နေတာကို ဘေးကထိုင်ပြီး
ကြည့်နေလိုက်တော့သည်

ခနကြာတော့ ခေါက်ဆွဲပန်ကန်လေး
ရှောင်မိန်ရှေ့ ရောက်လာကြောင့်

"ရိပေါ်ဒါက ရှောင်မိန် စားဖို့ လုပ်ပေးတာလား"
ရိပေါ်ခေါင်းညိမ့်ပြလိုက်တော့
ရှောင်မိန်ရဲ့မျက်နှာမှာ ဝမ်းသာရိပ်သန်းသွားပေမဲ့
ဝမ်းနည်းစိတ်က ဝင်လာပြန်သည်

ရိပေါ် ကျန့်ကျန့်ဆိုတဲ့ ငါ့ကို မင်းမေ့သွားပြီလားဟင်
ရှောင်မိန်နဲ့ တွေ့တာ ဘယ်လောက်မှမကြာ
သေးဘူး ခေါက်ဆွဲပြုတ်ကျွှေးတဲ့အဆင့်
တောင်ရောက်နေပြီပေါ့  တွေးရင်းဝမ်းနည်း
လာတာကြောင့် ခေါက်ဆွဲကို ဆက်မစားပေ

လက်မောင်းကို လာလူပ်နေတဲ့ရိပေါ်ကို
မော့ကြည့်တော့လက်ဟန်ခြေဟန်နဲ့

"စားမကောင်းဘူးလား ဘာလို့လဲ"
မေးနေတာကြောင့်
"စားကောင်းပါတယ် ရိပေါ်လက်ယာ
အကောင်းဆုံးဘဲ" လို့ပြောပြီး
လက်မလေးထောင်ပြလိုက်တော့မှ
ရိပေါ်ပြုံးလိုက်တာကို မြင်လိုက်ရသည်

ကျန့်ကော ခေါက်ဆွဲစားနေရင်း
စိတ်မကောင်းဖြစ်နေတာကို ရိပေါ်သိတာပေါ့
ကျန့်ကောရယ်စိတ်မကောင်းမဖြစ်ပါနဲ့
ရိပေါ်ချစ်တာ ကျန့်ကောပါ

သွေးတစ်စက်ကံကြမ္မာWhere stories live. Discover now