ရိပေါ်ရေချိုးပြီး အပြင်ထွက်လာတော့ ခုတင်ပေါ်မှာ
ရှောင်မိန် ထုပ်ထားပေးတဲ့ အဝတ်လေးကိုယူပြီး
ဝတ်ဆင်လိုက်သည်"ရိပေါ်အတွက် ကော်ဖီနဲ့ မုန့်ယူလာပေးတယ်"
ရှောင်မိန် ကော်ဖီခွက်လေးကို ယူပြီး ရိပေါ်ရှေ့
ချပေးလိုက်ပြီး နောက်ထပ် မုန့် ပန်ကန်ကို
ပါ ယှဉ်ချပေးလိုက်ပြန်သည်
ရိပေါ်ရှောင်မိန်ချပေးလာသော ကော်ဖီနဲ့မုန့်ကိုစားရင်း
ရှောင်မိန်ရဲ့ လက်ချောင်းလေးတွေကို သတိထားကြည့်
မိလိုက်သည် လက်ချောင်းကလေးများက
အဆစ်အမြစ်မထင် သွယ်သွယ်ပြည့်ပြည့်နှင့် ချောမွတ်
နေသည် အသွေးအရောင် ညိုလတ်လတ် နှင့်
ထင်ရှားမြင်သာသော မွေးညင်းကလေးများကြောင့်
ရှိမ်းရှိမ်းမြမြ လည်းရှိသည် လက်ချောင်းကလေး
များကိုကြည့်ရင်း ရိပေါ် ရင်မှာ မခုန်စဖူး
တလှပ်လှပ် ခုန်လာသည်"ရိပေါ် ကော်ဖီယူအုံးမလား"
ရိပေါ်ခေါင်းခါပြလိုက်တော့ ရှောင်မိန် ခွက်များကို
ပြန်သိမ်းသွားတော့သည်ရိပေါ်သည် စာပွဲပေါ်မှ စာအုပ်လေးတစ်အုပ်ကို
ယူပြီးဖတ်နေလိုက်သည်
ခနကြာတော့ ရှောင်မိန် အခန်းထဲပြန်ဝင်လာပြီး"ရိပေါ်စာအုပ် ဖတ်နေတာလား ရှောင်မိန်ဖတ်ပြ
မယ်လေ"သူဖတ်ပြမယ်ဆိုတော့ ရိပေါ်စာအုပ်လေးကို
ပေးလိုက်ပြီးဖတ်ခိုင်းလိုက်သည်
စာဖတ်နေသော ရှောင်မိန်ကို ရိပေါ်ခိုးကြည့်
နေမိသည် ခိုးကြည့်ရတော့ ဘယ်လိုဆိုမလဲ
ပိုပြီးရင်ခုန်နေမိသည်
ရှောင်မိန်စာဖတ်နေရင်း ရိပေါ်ခိုးကြည့်နေတာ
ကိုသိပြီး ငိုချင်လာတာကြောင့်စာဖတ်ခြင်းကို
ခေတ္တရပ်ပြီး အပြင်သို့ နေကြည့်လိုက်သည်
ရိပေါ်လဲအပြင်ကရူ့ခင်းကို လိုက်ကြည့်သည်
ခနကြာတော့ ရှောင်မိန် စာပြန်ဖတ်နေ၏
ရိပေါ်ကတော့ ရှောင်မိန် ကိုသာငေးနေမိပြန်သည်မမျော်လင့်ဘဲ နောက်ပါးမှ ချောင်းဟန့်သံထွက်ပေါ်
လာ၏"ရိပေါ် ရှာင်မိန်နဲ့အဆင်ပြေရဲ့လား"
အဆင်ပြေကြောင်းရိပေါ်ခေါင်းငြိမ့်ပြလိုက်တော့
"အဲ့တာဆို ကိုယ်အလုပ်သွားတော့မယ်နော်"
ရိပေါ်ရဲ့ဆံပင်တွေကို ဖွပြီးပြောနေသော
ရွယ်ယန်ကြောင့် ရှောင်မိန် ဖတ်လတ်စ
စာအုပ်ကိုသာ ပေါက်ထွက်မတတ် စိုက်ကြည့်
နေလိုက်တော့သည်