part 10

406 32 0
                                    

စစ်ကျွေးဂျူတီ ချိန်ပြီးတာနဲ့. အစ်ကိုလေး ရိပေါ်ဆီထွက်လာခဲ့တယ်
ကျိုချန်က စစ်ကျွှေး ဝင်လာတာကိုမြင်ပြီး "လာလေ စစ်ကျွှေး"  စစ်ကျွေးက ကျိချန်ကိုပုံးပြရင်းနဲ့ " အစ်ကိုလေးရိပေါ် မရှိဘူးလား " " ရိပေါ်ကိုတွေ့ချင်လို့လား အပေါ်ကိုတက်သွားလိုက် သူဒီနေ့အလုပ်က အစောကြီးပြန်လာတာ သူ့အခန်းမှာရှိလိမ့်မယ်"
" ဟုတ်ကဲ့ အစ်ကိုကျိချန် အာ့ဆို တတ်သွားလိုက်အုံးမယ်နော် "  ပြောပြီး ရိပေါ်ရှိရာ အခန်းအပေါ်ထပ်ကို စစ်ကျွှေးတတ်လာပြီး
" ဒေါက် ဒေါက် အစ်ကိုလေးရိပေါ်ရှိလား အထဲ ဝင်လာလို့ရလား "  " ဝင်ခဲ့စစ်ကျွေး" အဝတ်ဗီဒိုရှေ့မှာ  အပေါက်ကိုကျောခိုင်းပြီး သဘတ် တစ်ထည်သာခါးမှာပတ်ထားတဲ့ အစ်ကိုလေးကို စစ်ကျွှေးမြင်တော့
"အစ်ကိုလေး အပြင်သွားမလို့လား "
"ဟုတ်တယ်  ဘာဝတ်ရမလဲလို့ရှာနေတာ အခုထိမတွေ့သေးဘူး" ရိပေါ်စကားကြောင့် စစ်ကျွေး အဝတ်ဗိဒို ခြေရင်းကျနေတဲ့  အဝတ်ပုံကြီးကိုအကြည့်တစ်ချက်ရောက်သွားပြီး ပြုံးလိုက်တယ်
"အစ်ကိုလေးရီးစားနဲ့ချိန်းထားလို့လား " စစ်ကျွေး စကားကြောင့်ရိပေါ် စစ်ကျွှေးကိုလှည့်ကြည့်လိုက်တယ်
"ငါအဲ့လောက် သရုပ်ပျက်နေလို့လား " "မဟုတ်ပါဘူး အစ်ကိုလေးရယ် " ဆိုပြီး ရိပေါ်ခြေရင်းက အဝတ်ပုံကြီးကို မျက်စ ပြစ်ပြလိုက်တော့ ရိပေါ်ရဲ့ ရေချိုးပြီးစ မျက်နှာလေးမှာချက်ချင်းပန်းသွေးရောင်ပြောင်းသွားတယ်ဆိုင်ဘဲ ရိပေါ်ရှက်သွားတာကိုရိပ်မိတဲ့ စစ်ကျွေးကဘဲစပြီး
"ကျွန်တော်ကြည့်ပေးမယ် ဘယ်အကျီင်္နဲ့အဆင်ပြေမလဲဆိုတာ" ပြောလဲပြောစစ်ကျွေးကအနက်ရောင်ပေါ့ပေါ့ပါးပါး T shirt လက်တိုလေးတစ်ထည်ကိုကောက်ယူလိုက်ကာ"ဒါလေးက လူငယ်ဆန်တယ် ဒါလေးဝတ်သွားလိုက်"လို့ပြောရင်းရိပေါ်လက်ထဲကို ထိုးထည့်ပေးနေတဲ့ အကျီင်္ကို ယူုပြီးအောက်က အနက်ရောင်ဘောင်ဘီဘောင်းဘီအတိုလေးနဲ့တွဲဝတ်လိုက်တော့  ဝင်းနေတဲ့အသားအရည်က ထင်းပြီး ပေါ်လွင်တောက်ပြောင်နေသလိုခံစားရတာကြောင့် သူ့ကိုယ်သူစိတ်တိုင်းကျကြည့်ပြီးမှန်နားကခွာလိုက်တော့တယ်
"ကဲစစ်ကျွေး အခြေနေဘယ်လိုလဲ"စစ်ကျွေးက လက်ထဲအထုပ်ဘေးကို ရိပေါ်ကိုကမ်းပေးလိုက်တယ်
" ဝမ်ချောင်က မိဘမဲ့ဂေဟာကလာတာ ကျွန်တော် မိဘမဲ့ဂေဟာသွားစုံစမ်းကြည့်တော့ ဝမ်ချောင်ကို အဘိုးကြီးတစ်ယောက်က လာပို့သွားတာတဲ့ အဲ့ဒီအဖိုးကြီးက ဘယ်မှာနေတယ်ဆိုတာဘယ်သူမှမသိကြဘူး တဲ့ "
" အဲတာဆို မင်းဆက်ပြီးစုံစမ်းထား အခုငါလဲ ကိစ္စရှိလို့ အပြင်သွားမလို့မင်းလဲ ပြန်လို့ရပြီ" စစ်ကျွေးပြန်သွားတော့ ရိပေါ်လဲ စစ်ကျွေးပေးခဲ့တဲ့ အထုပ်လေးကိုင်ပြီး ဥယဉ်ထဲ ဝင်သွားတယ်  ၁၀ မီးနစ်လောက် ကြာတော့ ရိပေါ်ပြန်ထွက်လာပြီး ညနေစာစားဖို့ကျန့်ကျန့်နဲ့ချိန်းထားတာကြောင့် ကားယူပြီကျန်းချန်တို့ အိမ်ရှေ့ရှေ့ရပ်ကာ ကျန့်ကျန့်ကိုခေါ်ဖို့ အိမ်ထဲဝင်ခဲ့လိုက်တယ်

သွေးတစ်စက်ကံကြမ္မာWhere stories live. Discover now