ဒီနေ့အထိ ရိပေါ်ဆီက ဘာပြောသံမှမကြားသေးဘူး
ဘာဘဲဖြစ်ဖြစ် အဘကို အသိပေးထားမှဖြစ်မယ်
ဝမ်ချောင်ညနေ အလုပ်ဆင်းတော့ အဘဆီထွက်ခဲ့လိုက်တယ်
မြို့ပြင်ထိ ကားကိုမောင်းရတာကြောင့် မိုးနည်းနည်းချုပ်
တော့မှ အဘနေတဲ့ ဂူထဲကို ရောက်လာခဲ့တယ်
"အဘ " ဝမ်ချောင်ရဲ့ ခေါ်သံကြောင့် အဘဆိုတဲ့လူကြီး
သူ့ရဲ့ ပါးရေတွန့်နေတဲ့ မျက်ခွံ ကလူပ်ရှားလာပြီး
မျက်လုံး စူးစူး ကြီးက ပေါ်ထွက်လာကာ
"ဘာလဲ ဝမ်ချောင်"
"အဘကို ပြောစရာရှိတယ်"
"အခု ဝမ်မျီုး နွယ်နားမှာ လူတစ်ယောက် ရောက်နေပြီ
ပြီးတော့ အဲ့လူက ဝမ်မျီုးနွယ် လိုအပ်နေတဲ့သူဘဲ
ဒါပေမဲ့ ရိပေါ်က အခုထိတော့ မသိသေးဘူး"
"အင်း ငါသိတယ် "
"အဲ့တာဆို ကျွန်တော်က ဆက်ပြီးဘာလုပ်ပေးရ
မှာလဲ"
"ဝမ်မျီုးနွယ် ကိစ္စကို ငါဆက်လုပ် မယ် မင်းလုပ်ရမှာက
ငါလိုအပ်တဲ့အချိန်တိုင်း လူတစ်ယောက်ငါ့ဆီလာပို့
ပေးဖို့ဘဲ"
"ဟုတ်ကဲ့ အဲ့တာဆို ကျွန်တော်ပြန်လိုက်ပါအုံးမယ်"
ဝမ်ချောင်ပြန်ထွက်လာတော့ အတွေးများစွာနဲ့
သူငယ်ငယ်တုန်းက မိဘတွေရဲ့စွန့်ပြစ်မူကြောင့်
တစ်ကောင်ကြွက်ဘဝနဲ့ ခိုးဝှက်ကာ စားသောက်ခဲ့
ရတယ် တစ်နေ့သူ အဖျားအကြီးကျယ်တတ်ခဲ့တယ်
ဒါကို အဘက တွေ့ပြီးသူ့ကိုပြုစုပေးခဲ့တယ်
တစ်နေ့တော့ အဘက ဝမ်မျီုးနွယ်ထဲကိုဝင်နိုင်
အောင်လုပ်ရမယ် ဆိုပြီးမိဘမဲ့ဂေဟာကိုပို့ပေးတယ်
တစ်နေ့တော့ ဦးလေးဝမ်လိန် (ရိပေါ် အဖေ ဝမ်ပါးပါးနဲ့
ညီအစ်ကိုတော်) ရောက်လာပြီး အစားအသောက်တွေယဝေခြမ်းပေးနေတုန်း ချော်လဲပြီး မူယာမာယာ
များခဲ့တာကြောင့် ဦးလေးဝမ်လိန်က သနားကာ
သူ့ကိုမွေးစားခဲ့တယ် အဲ့ဒီအချိန်ကတည်း အဘက သူ့ရဲ့
အစေခံပုတုန်းကောင်လေးကိုလွတ်ပြီး
ဝမ်မျီုးနွယ်ရဲ့ဖြစ်ပျက်သမျှကို သတင်းပို့ပေးခဲ့ရတာ
အခုတော့ အဘက မလိုတော့ ဘူး ဆိုတော့
တာဝန်တစ်ခုသက်သာသွားတာပေါ့
ဝမ်ချောင် အတွေးထဲမျောနေတုန်း
ကားတစ်စီးက သူ့နောက်လိုက်နေသလိုခံစားရတာ
ကြောင့် ထိုကားကို မျက်ခြေဖြတ်ရန် အရိုန်ကိုမြင့်လိုက်
ပြီး အိမ်သို့ အရောက်ပြန်မောင်းခဲ့လိုက်တော့တယ်