part 29

350 26 0
                                    

ရွယ်ယန် ရဲ့ကားလေးက သူအရင်နေခဲ့ဖူးတဲ့
ကျောက်ဂူလေးရှိရာသို့ ဦးတည်မောင်းနှင်နေသည်
အရင်နေရာဟောင်းလေးကို

ပြန်ရောက်တော့ လွပ်လပ်စ္စာ သူ့ရဲ့ဒေါသတွေကို
ဖွင့်ထုပ်လိုက်တော့သည်

ထိုအခါ ကျေးငှက်တို့ရဲ့ ကြောက်ရွံစွာအော်သံ
တိရိစ္စာန်တွေရဲ့ ပြေးသံတွေ
နေရာအနှံ သူကြားနေရသည်

သူ့ရဲ့စိတ်စွမ်းအားတွေကို စုစည်းပြီး
လက်ရှိအနေအထားကို ကြည့်လိုက်တော့သည်
ပေါ်လာတဲ့ မြင်ကွင်း

ကုတင်ပေါ်မှာရိပေါ်နဲ့ လူတစ်ယောက်
ထိုလူ့မျက်နှာကို သေချာကြည့်လိုက်တော့
ဟင် ကျန့်ကျန့် ဒါဆို

ရှောင်မိန်အယောင်ဆောင်ထားတာ
ကျန့်ကျန့်ပေါ့
မင်းကငါ့ကို လှည့်စားတယ်ပေါ့
ရိပေါ်ရဲ့ ပြုံးရွှင်နေတဲ့မျက်နှာ
ကြောင့်ရွယ်ယန် ရင်နာရပြန်သည်

ရိပေါ်ကို ဟိုးအရင်ကတည်းက သူချစ်ခဲ့ရတာ

အဲဒီအချိန်တုန်းက ရိပေါ်က ဝမ်မင်းသားလေးပေါ့
ရွယ်ယန်ရဲ့ ပါးပါးက နန်းတွင်းအမူ့ထမ်းဘဝ
တစ်နေ့ ပါးပါးက နန်းတွင်ထဲကို အလည်အပတ်
ခေါ်လာခဲ့တယ် အဲဒီအချိန်တုန်းက
ပါးပါး ဝမ်မင်းကြီးဆီ အခစားဝင်နေတုန်း
ဥယဉ်ထဲကို လျှောက်သွားရင်း
အမှတ်မထင် ဝမ်မင်းသားလေးနဲ့ဆုံစည်ခဲ့ရတယ်
ဝမ်မင်းသားလေးက ငယ်ငယ်ကတည်းက
ချစ်ဖို့ကောင်းတာမို့

"ဝမ်မင်းသားလေးကို ကျွန်တော်မျီုး
မြင်မြင်ချင်းချစ်မိပါပြီ"

ကလေးသဘာဝအရ ပြောချင်တာကို တဲ့တိုး
ဝန်ခံခဲ့မိတယ် ထိုအခါ ဝမ်မင်းသားလေးက

"ဟားဟား မင်းက ငါ့ကို ချစ်တယ်
ဟုတ်လား မမျော်လင့်ပါနဲ့ကွာ ယောကျာင်္းချင်း
ချစ်လို့ရတယ်လို့ ကြားဖူးလို့လား"

အဲဒီ အချိန်တုန်းက ယောကျာင်္းချင်းချစ်
တာမျီုး မရှိသေးတဲ့ခေတ်မို့ ဝမ်မင်းသား
လေးက ရွယ်ယန် အချစ်ကို လှောင်ပြောင်ခဲ့ဖူးတယ်

အဲ့ဒီကတည်းက ဝမ်မင်းသားလေးကို
အငြိုးတေးထားခဲ့ပေမဲ့ အခုထိ ရိပေါ်ကို
ချစ်နေဆဲ ချစ်နေတုန်းမို့ ပြောင်းလဲပြီး
သူ့အပေါ်ပြန်ချစ်ပေးမဲ့ နေ့ကို စောင့်နေရတာ
ဘဝတွေသာပြောင်းသွားတယ်
ရိပေါ်ရဲ့အချစ်က ကျန့်ကျန့် တစ်ယောက်
တည်းမှာဘဲ စုပြုံပေးထားတာကိုး

သွေးတစ်စက်ကံကြမ္မာWhere stories live. Discover now