part 5

497 29 0
                                    

Part 5
ဒီနေ့တော့ပန်ချီပြခန်းသွားရမယ် ကျန်ချန်အိမ်ပြောင်းလာကတည်းကပြခန်းကိုမသွားဖြစ်တာ "ကျန်းချန် မင်းအလုပ်သွားရင် ငါလိုက်ခဲ့မယ် ငါ့ကိုပြခန်းဝင်ပို့ပေးပါ ညနေတော့ငါ့ဖာသာဘဲ ဆိုင်ကယ်နဲ့ပြန်လာခဲ့မယ်"
"အေးလိုက်ခဲ့လေ  ဒါနဲ့ညနေပြန်လာရင်သတိထားအုံးနော် တစ်ခုခုဆို ဖုန်းဆက်အကုန်လုံးဖြစ်ပျက်ပြီးမှအသိလာမပေးနဲ့" "အေးပါကွာ ငါ့ဖာသာဖြေရှင်းနိုင်တာတွေမို့ ဖုန်းမဆက်လိုက်တာပါ နောက်တစ်ခါဆို ဖုန်းဆက်မယ်ဟုတ်ပြီလား ကဲအခုတော့ ငါ့ကိုလိုက်ပို့ပေးအုံး" ကျန်ချန်ပုခုံးကိုဖတ်ပြီးနှစ်ယောက်သားကားဆီထွက်လာခဲ့တယ်
တစ်ချိန်ထဲမှာဘဲ အပေါ်ထပ်ကနေ မျက်လုံးစိမ်းတွေနဲ့ကြည့်နေတဲ့လူတစ်ယောက်ရဲ့ရင်ထဲမှာတော့

ရိပေါ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူ့ကိုယ်တိုင်ဘာဖြစ်မှန်းမသိဘူး သူမြင်လိုက်ရတာက ကျန့်ကျန့်လက်ကကျန်ချန်ရဲ့ပုခုံးပေါ်ကိုရောက်နေကာဖက်ပြီးကားထဲဝင်သွားတဲ့မြင်ကွင်း ထိုမြင်ကွင်းကိုမြင်ပြီး ဘေးမှာအလှထားထားတဲ့ပန်းအိုးကို စိတ်ရှိတိုင်းပေါက်ခွဲပြစ်လိုက်တယ်
နံရံကိုလက်သီးနဲ့ ၃ ချက်လောက်ထိုးပြီး သူ့အသားတွေနာအောင်လုပ်လိုက်တယ် နံရံကိုမှီပြီးစိတ်ပြေအောင်ခနငြိမ်နေလိုက်တယ် သတိဝင်လာတော့ သူ့လက်မှာသွေးတွေနဲ့ သူစိတ်လွတ်သွားတာလား သူနဲ့ဘာမှမဆိုင် ဟိုနေ့ကတောင်သူငယ်ချင်းမဖြစ်ချင်လို့ငြင်းလိုက်တဲ့လူတစ်ယောက်ကို ငါကဘာကိစ္စဒီလိုဖြစ်နေတာလဲ သူကိုယ်တိုင်တောင်နားမလည်တဲ့ သူ့စိတ်ကြောင့်ပိုပြီးဒေါသထွက်မိတယ်
စိတ်ငြိမ်သွားတော့ ရေချိုးအဝတ်စားလဲပြီးအောက်ထပ်ဆင်းလာခဲ့လိုက်တယ်
"ရိပေါ် လက်ကဘာဖြစ်တာလဲ " ကျိချန်မေးတာကိုမသိချင်ယောင်ဆောင်ကာ
"အစ်ကို ကျိုချန် ကျွန်တော် ကုမ္မဏီ သွားလိုက်အုံးမယ် ပါးမဆုံးခင်ကတည်းက ဝမ်ချောင်နဲ့ လွဲထားရတာ စိတ်မချ ဘူး " ပြောလဲပြော ကားသော့ကောက်ယူပြီး ထွက်လာခဲ့ အစ်ကိုမေးတာကို ကျွန်တော်ကြားပါတယ် ဒါပေမဲ့ ဘယ်လိုအဖြေပေးရမှန်းမသိလို့ မကြားချင်ယောင်ဘဲဆောင်ပြီးထွက်ခဲ့လိုက်တော့တယ်

သွေးတစ်စက်ကံကြမ္မာWhere stories live. Discover now