part 9

410 34 0
                                    


ကလင် ကလင်
ကျန့်ကျန့်. ဖုန်းကိုကောက်ကိုင်လိုက်ပြီး
"  hello မား "
" ကျန့်ကျန့် သားလေးနေကောင်းလား"
"ကောင်းပါတယ်မား  မားလဲ ကျန်းမာရေးကောင်းရဲ့လား သားကသတိရနေတာ"
" သတိရတယ်သာပြောတယ် မားဖုန်းဆက်မှ မားသာ မဆက်ရင် သားသတင်းတောင်သိရမှာမဟုတ်ဘူး ကျန့်ကျန့်သားလေး တကယ်နေကောင်းတာရော်ဟုတ်လို့လား"
" ကောင်းပါတယ်မားရယ် စိတ်မပူနဲ့နော် မားသာကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက် သားကအရွယ်ရောက်နေပါပြီနော်  "
" အင်းဟုတ်ပါပြီ သားလေးနေကောင်းတယ်ဆို ဒါဘဲနော် တစ်ခုခုဆို မားဆီ ဖုန်းဆက်အုန်း"
"ဟုတ်မား ဘိုင်ဘိုင်"
"ဘိုင် သား"
ရှောင်မားမား ဖုန်းချပြီး သားလေးကသာနေကောင်တယ်ပြောနေတာ စိတ်ကပူနေတယ် ပူရမှာပေါ့ ဒီသားလေးကို အခက်အခဲတွေကြားထဲက ရယူထားရတာ ရှောင်မားမားရဲ့အတွေးတွေက အတိပ်ဆီသို့

ရှောင်မားမားက ငယ်ငယ်ကတည်းက အဘွားရှန် ပြုစုလို့ကြီးပျင်းလာခဲ့တာအဖွားရှန်က ရှောင်တိုင်းပြည်မင်းသမီးလေးနားမှာအထိန်းတော်အဖြစ်အလုပ်အကျွှေးပြုရတယ် တစ်နေ့တော့ အဖွားရှန်က မင်းသမီးလေးနဲ့ဝမ်တိုင်း ပြည်ကိုလိုက်သွားရမှာမို့ အဘွားရှန်ရဲ့အသိတစ်ယောက်အိမ်မှာ ရှောင်မားမားကိုအပ်ပြီး ထားခဲ့တယ် ၁၀ရက်လောက်ကြာတော့ အဘွားရှန်ပြန်ရောက်လာခဲ့တယ်
"သမီးငယ် အဘွားတို့ ဒီမှာနေလို့မရတော့ဘူး လို့ပြောလာတယ်"ဒါနဲ့အဘွားရှန်နဲ့နှစ်ယောက် ကုန်သွယ်သင်္ဘောနဲ့ ခိုးလိုက်ခဲ့ကြတယ် ကျွန်းစွယ်လေးတစ်ခုမှာသဘောင်္ကပ်တော့  အဘွားရှန်နဲ့နှစ်ယောက် ထိုကျွန်းစွယ်လေးမှာ အခြေချဖို့ဆုံးဖြတ်ခဲ့တယ် အခုကျတော့လူသူအများအပြားဖြစ်လာပြီးစင်ကာပူနိုင်ငံရယ်လို့အမည်တွင်ခဲ့တယ်
ရှောင်မားမား အရွယ်ရောက်လာတော့ လူငယ်သဘာဝအရ အိမ်ထောင်ကျခဲ့တယ် သူတို့အိမ်ထောင်သက် ၅ နှစ်လောက်အထိ ရှောင်မားမားက ကိုယ်ဝန်မရဘူး ရှောင်ပါးပါးကလည်းကလေးလိုချင်လာပြီ ဒီလိုနဲ့ မဖြစ်တော့ဘူးဆိုပြီး  ဒီကိစ္စကို အဘွားရှန်နဲ့တိုင်ပင်ကြည့်တော့ အင်ဒိုနီးရှားမှာ ကလေးရအောင်လုပ်ပေးနိုင်တဲ့သူတွေရှိတယ်ဆိုတာသိခဲ့ရတယ် ရှောင်မားမားလဲ ကလေးလိုချင်တာကြောင့် အဘွားရှန်နဲ့နှစ်ယောက် အင်ဒိုနီးရှားကိုသွားခဲ့တယ် ဟိုရောက်တော့ အမျီုးသမီးက ဂါထာတွေနဲ့မန်းမူတ်ပြီး သူပေးလိုက်တဲ့အရည်ကို ၇ ရက်တိတိသောက်ခိုင်းတယ် ၇ရက်မြှောက်မှမထူးခြားရင် သူ့ဆီ ပြန်လာခဲ့ဖို့ မှာလိုက်သေးတယ်
ကလေးလိုချင်တဲ့ရှောင်မားမားကလည်းအမျီုးသမီးပေးလိုက်တဲ့အရည်ကို ညတိုင်းသောက်ပြီးအိပ်တယ် ၇ ရက်မြှောက်တဲ့နေ့မှာဘဲ ရှောင်မားမား အိမ်မက်မက်တယ် အမျီုးသမီးတစ်ယောက် သူ့ဆီလာပြီး "နင်ကငါ့ကိုခေါ်တာနော် ငါနင့်ဆီလာခဲ့မယ် နင်ငါ့ကိုဂရုစိုက်မှရမယ် အထူးသဖြင့်အနာတရမဖြစ်အောင် ငါသွေးမထွက်အောင် ဂရုစိုက်ပေးရမယ် အဲ့တာဆို ငါလာခဲ့မယ် လို့ပြောတယ်"
"ရှောင်မားမားကလည်း ဂရုစိုက်မှာပေါ့ ဒီလောက်ချောတဲ့လှတဲ့သူကို ဂရုစိုက်ရမှာပေါ့လို့" ကတိပေးပြီး ထိုမိန်းကလေးလဲ ပျောက်ကွယ်သွားတယ် ရှောင်မားမားလဲလန့်နိုးလာတယ်
အကြောင်းစုံကို အဘွားရှန်ကိုပြောပြတော့ အဘွားရှန်မျက်စိမျက်နှာပျက်ပြီး  " သူကလူကောင်းပါ မွေးလိုက်ပါသမီး သမီးကို အကြိုးပြုမှာပါလို့ ပြောရင်း" မျက်ရည်တွေနဲ့ပြောနေတဲ့ အဘွားရှန်ကိုမြင်လိုက်ရတယ် ဒီလိုနဲ့ကိုယ်ဝန်ဆောင်ပြီးမွေးလာတော့ ယောကျာင်္းလေးဖြစ်နေတယ် အိမ်မက်ထဲကမိန်းကလေးမဟုတ်ဘူးဆိုပြီးနေခဲ့ရာကတစ်နေ့သားလေးချော်လဲပီဒဏ်ရာရတော့ သွေးထွက်သွားတယ် အဲ့ဒီညမှာဘဲ ဝဉ်ညာဉ် လိုလို  ဘာလိုလို အကောင်တွေ သားလေးကိုနှောက်ယှက်တော့တာဘဲ
သားလေးကိုကာကွယ်ရင်းနဲ့ သားလေးရဲ့ပါးပါး အသက်ကိုနူတ်ယူသွားကြတယ်
ဒါကြောင့်ငယ်ငယ်ကတည်းက သားလေးကို  ဂရုစိုက်ခဲ့တာအဘွားရှန်ဆုံးတော့ သားလေးအတွက် ဒိုင်ယာယီစာအုပ်ထားခဲ့တယ် သားလေးတစ်စုံတစ်ခု အကြပ်တည်းဖြစ်တဲ့အခါကြရင် ဒီစာအုပ်ထဲမှာအဖြေရှိတယ်လို့လဲပြောခဲ့တယ် ဒီကြားထဲမှာစာအုပ်ကို သေသေချာချာသိမ်းထားဖို့လဲမှာခဲ့တယ်
အခုသားလေးက china ရဲ့ ရူ့ခင်းအလှပတွေကိုသဘောကျလို့ သွားနေချင်တယ်ပြောလို့ သားလေးစိတ်ချမ်းသာအောင် လွတ်ထားပေးရတာ စိတ်ကတော့ပူနေမိတယ် ရှောင်မား ရှေ့ဆက်ဘာတွေဖြစ်လာမလဲ စိတ်ပူရင်း သက်ပြင်းရည်ကြီးချကာအတွေးကိုလက်စသတ်လိုက်တယ်

သွေးတစ်စက်ကံကြမ္မာWhere stories live. Discover now