"ဘာဖြစ်လို့လဲ ပေါ်တိလေးရဲ့ ဒီပန်းလေးက အရမ်းလှတယ် ကိုင်လို့မရဘူးလား တော်ပြီ အာ့ဆိုပြန်တော့မယ်"
ကျန့်ကျန့်စိတ်ကောက်ကာ ပြန်ထွက်မယ်လုပ်တော့မှ
"မဟုတ်ပါဘူး ကျန့်ကောရယ် ကျွန်တော် ပိုင်တဲ့
ပစ္စည်းဆို ကျန့်ကော အကုန်ပိုင်တယ်
ကြိုက်တာလုပ်"
"တကယ်နော် "
"တကယ်ပေါ့"
"မလိမ်ကြေး"
"တဂယ်တဂယ် မလိမ်ဘူး"
ရိပေါ်မလိမ်ဘူးပြောနေပေမယ့် ရိပေါ်လိမ်နေတယ်ဆိုတာကျန့်ကျန့်ရိပ်မိတယ် သိလား ရိပေါ်ပါစပ်က
ဖွင့်မပြောသရွှေ့ ကျန့်ကျန့် မမေးပါဘူး
ကျန့်ကျန့်ကြောင့် ရိပေါ်ကို စိတ်အနှောက်ယှက်မဖြစ်စေချင်ပါဘူးကျန့်ကောကို ကျွန်တော်မလိမ်ချင်ပါဘူး ဒါပေမဲ့ဒါတွေ
အားလုံးကျန့်ကော ကိုပေးသိဖို့ဆို
အချိန်တစ်ခုလိုသေးတယ် အခုကျန့်ကောကို
လိမ်မိတဲ့အတွက် တောင်းပန်ပါတယ်
ဒီကိစ္စကြောင့် ကျန့်ကောကို စိတ်မခုစေချင်ဘူး
"ရိပေါ် ဘာတွေတွေးနေတာလဲဟင်"
"ကျန့်ကောကိုချစ်တဲ့ အကြောင်းပေါ့"
"ဟုတ်လို့လား "
ကျန့်ကောရဲ့ ခေါင်းလေးကို သူ့ရင်ခွင်ထဲ သွင်းကာ
ဆံပင်လေးကိုနမ်းရိုက်ပြီး
"အခုချိန်မှာ ကျန့်ကောနဲ့ပါတ်သတ်တာတွေဘဲ
ခေါင်းထဲမှာထည့်ထားတယ် ပိုတယ်လို့မပြောရဘူးနော်
ရိပေါ်ရဲ့ တစ်စိတ်တစ်ဒေသကို ကျန့်ကော
ပိုင်နေပြီသိလား"
"အင်းပါ ပေါ်တိလေးစကားတွေကိုမှတ်ထားပါ့မယ်
အခုတော့အိမ်ပြန်ပြီးအိပ်တော့မယ်နော်"
"ကျန့်ကော ကို လိုက်ပို့ပေးမယ်"
ရိပေါ်ကျန့်ကျန့်ကိုခြံဝထိလိုက်ပို့ကာ
"ကျန့်ကော ချစ်တယ်နော် အာဘွား ညကျရင်အိမ်မက်ထဲ
မှာထပ်တွေ့မယ်နော် ပြီးတော့ အိပ်ခါနီးဘာမှမတွေးနဲ့
နော် " နူတ်ခမ်း တထော်ထော်နဲ့ မှာနေတဲ့ ရိပေါ်ကို
ကျန့်ကျန့် အသည်းယားစွား နဖူးလေးလှမ်းနမ်းလိုက်ပြီး
ရိပေါ်ရှေ့က ပြေးဝင်ခဲ့တော့သည် မဟုတ်ရင် ဒီကလေး
ကပြန်နမ်းမှာ သူနမ်းရင် ပြီးမှာမဟုတ်တော့ဘူး
အာ့ကြောင့်ပြေးဝင်လာခဲ့လိုက်တာကျန်ကော လူလည်ကြီး သူကျနမ်းပြီးသူများကျမနမ်း
ရဘူး အကြွေးမှတ်ထားလိုက်ပြီ ကျန့်ကောရေ
ရိပေါ်အိမ်ရောက်တော့ စစ်ကျွေး ထားခဲ့တဲ့အထုပ်ကို
ယူကာ ဥယာဉ်ထဲဝင်ပြီးအလုပ်ကို လက်စသတ်လိုက်တယ်ထိုနောက် အိမ်ထဲပြန်ဝင်ကာအိပ်ယာဝင်လိုက်တော့သည်
မနက်ရောက်တော့ ထုံစံ အတိုင်း
ကျန့်ကျန့်ကို ဝင်ခေါ်ကာ မနက်စာ အတူတူစားကြပြီး
ကျန့်ကျန့် ပြခန်းကို ရိပေါ်က အရင်လိုက်ပို့တယ်
ပြီးတော့မှ သူ့အလုပ်ကိုလာခဲ့လိုက်တယ်