part 22

261 22 0
                                    

Part 22
ကျန့်ကျန့် ကြားလိုက်ရတဲ့ စကားကြောင့် သူ့နားပင်
မယုံနိုင်အောင်
အောက်ကို ကဗျာကယာ ပြေးဆင်ကာ

"အစ်ကိုကျိချန် " အစ်ကို ကျိချန်"
ကျန့်ကျန့်အော်ခေါ်နေသောကြောင့် ကျိချန် အပြင်ထွက်လာပြီး

"ဘာဖြစ်လာတာလဲ ကျန့်ကျန့်ရယ် မျက်နှာမှာလဲ
သွေးမရှိတော့ဘူး "

" ရိ ပေါ် ဘာဖြစ်နေလဲမသိဘူး
ဖုန်းပြောနေရင်း ရွယ်ယန် ဆိုတဲ့လူ က
ရိပေါ်ကို သူပိုင်တာဆိုပြီးပြောသွားတယ် ဖုန်းထပ်ခေါ်တာလဲ မရတော့ဘူး အစ်ကို လုပ်ပါအုံး
ရိပေါ်ဘာဖြစ်လဲသွားကြည့်ရအောင်နော်"
မျက်ရည်တွေကြားထဲက ပြောနေတဲ့ ကျန့်ကျန့်ကို
သနားလဲသနား သူ့ကြည့်ရတာအရူးတစ်ယောက်
လိုဘဲ
စိတ်ကယောက်ကယတ်ဖြစ်နေတဲ့ပုံမို့

"ကျန့်ကျန့် မင်းစိတ်ကို အရင် ထိန်းအုံး
ငါသွားကြည့်ပေးမယ် ဟုတ်ပြီလား"

"ကျန့်ကျန့်လဲ လိုက်မယ်နော်"

မျက်နှာငယ်လေးနဲ့ ပြောနေတာကြောင့်
ကျိချန် သဘောတူကာ ကျန့်ကျန့်ကိုပါ ခေါ်ခဲ့
လိုက်တော့တယ်
အိမ်ထဲဝင်လိုက်တယ်ဆို
ရွယ်ယန်သူတို့အနားရောက်လာကာ

"ဘာကိစ္စလဲကျိချန်"

ငါ့အခန်းထဲမှာ လိုအပ်တဲ့ ပစ္စည်း လာယူတာ
"သူကဘာလို့ပါလာရတာလဲ "

ရွယ်ယန် ကျန့်ကျန့်ကိုမြင်ပြီး ဒေါသထွက်ကာ
ကျန့်ကျန့်လည်ပင်းကို ညစ်ရင်း မျက်လုံးက
မီးတောက်သလိုစူးရဲကာ မျက်နှာအနေအထားမှာ
အလွန်ကြောက်မက်ဖွယ်အတိဖြစ်နေတော့သည်
ထိုအခါ

"ရွယ်ယန် မင်း ကျန့်ကျန့်ကိုလွတ်လိုက်နော်
ကျန့်ကျန့်က ရိပေါ်ချစ်သူကွ ရိပေါ်သိရင် မင်းကို
မုန်းမှာမကြောက်ဘူးလား"

ရွယ်ယန် ရိပေါ်မုန်းမှာတော့ကြောက်ပါသည်
ကျန့်ကျန့်ကို လွတ်ပေးကာ သူရဲ့အားနဲ့ စောင့်
တွန်းခံလိုက်ရတာကြောင့် ကျန့်ကျန့် အပေါ်တတ်တဲ့
လေကားနားကိုပြစ်ကျသွားချိန်မှာဘဲ
ရိပေါ်အောက်ထပ်က အသံတွေကြောင့်
ပြေးဆင်းလာချိန်
ကျန့်ကျန့် ခန္ဒာကိုယ်လေးကို လွင့်လာတာကို
မြင်ပြီးသူ့ရင်ခွင်ထဲရောက်
အောင် ဆွဲဖတ်လိုက်တော့သည်
အရိုန်နဲ့ကျလာတာကြောင့် ရိပေါ် မထိန်းနိုင်ဘဲ
နှစ်ယောက်သားထပ်လျှက် ကြမ်းပြင်ပေါ်
လုံးထွေးကာကျသွားတော့သည်
ကျန့်ကျန့်သူမြင်ချင်တဲ့ မျက်နှာလေးကိုမြင်လိုက်
ရတာကြောင့် ဝမ်းသာဝမ်းနည်းနဲ့ မျက်ရည်
တွေက မခေါ်ပါဘဲ တစ်လိမ့်ခြင်းစိးကျကာ

သွေးတစ်စက်ကံကြမ္မာWhere stories live. Discover now