Part 3
အဖြေရှာဖို့ဖတ်လက်စနေရာလေးကိုလှန်လိုက်တယ်
မင်းသမီးလေးဝမ်နိုင်ငံကိုရောက်တယ်ဆိုရင်ဘဲမင်းသားလေးကနူနာရောဂါစွဲနေပြီမင်းသမီးလေးကိုအတွေ့မခံဘူးသူချစ်တဲ့မင်းသမီးလေးသူ့ကိုမြင်ပြီးစိတ်ဆင်းရဲမှာစိုးလို့မောင်းထုပ်တယ်မင်းသမီးလေးကလည်းမင်းသားလေးဘယ်လောက်ဘဲမောင်းထုပ်မောင်းထုပ်မပြန်ဘူးပေကပ်နေတယ်ခနကြာတော့ပုရောဟိတ်ဆေးဆရာကြီးတစ်ယောက်မင်းသားလေးရဲ့ရောဂါကုဖို့ရောက်လာတယ် ဆေးဆရာကမင်းသမီးလေးကိုမြင်ပြီးချစ်ခင်နှစ်သက်သဘောကျသွားတယ်
ပရောဟိတ်< မင်းသားလေးရဲ့ရောဂါကသန့်စင်တဲ့သွေးကို အနီရောင်ပန်းနဲ့ရောစက်ပြီး ၇ ရက်တိုက်ရမယ်အဲဒီသွေးရဖို့က ဘယ်သူနဲ့မှအတူမနေဘူးတဲ့ အပျိုစစ်ဖြစ်ရမယ် သစ္စာစောင့်သိတဲ့သူဖြစ်ရမယ် နူးညံတဲ့နှလုံးသားရှိရမယ် အချစ်ဦးကိုဖြစ်ရမယ် အဲဒီအချက်တွေနဲ့ညီမှ သန့်စင်တဲ့သွေးကိုရမယ်အဲ့ဒီလူကိုရှာပေးနိုင်ရင်မင်းသားလေးရဲ့ရောဂါပျောက်ကင်းအောင်ကုလို့ရမယ်လို့ပြောပြီးပရောဟိတ်အပြင်ထွက်ဖို့ထလိုက်တယ်ဆိုရင်ဘဲမင်းသမီးလေကပရောဟိတ်အနားကိုလျှောက်လာခဲ့တယ်
မင်းသမီးလေး< ငါ့သွေးကိုယူပါ ပရောဟိတ်ရှာတဲ့သူက ငါနဲ့ဘဲသင့်တော်ပါတယ် လို့ပြောလိုက်တော့
ပရောဟိတ်<အဲ့ဒါဆို မင်းသမီးလေးကျွန်ုအနားမှာ ၇ ရက်တိတိနေရပါမယ် မင်းသားလေးရောဂါပျောက်မှ ကျွန်ုအနားကထွက်သွားလို့ရမယ်လို့ပရောဟိတ်ကပြောတော့မင်းသမီးလေးကလက်ခံခဲ့တယ်
ဒီလိုနဲ့မင်းသမီးလေးကပရောဟိတ်အနားမှာနေပြီးသွေးကို ၆ ရက်တိတိ ပန်းနီနဲ့ရောတိုက်ခဲ့လို့မင်းသားလေးရဲ့ရောဂါအနည်းငယ်ပျောက်လာခဲ့တယ် ၇ မြှောက်တိုက်တဲ့သွေးကြောင့် မင်းသားလေးရဲ့ရောဂါက အရှင်းမပျောက်ဘဲ နည်းနည်းကျန်နေတယ်
မင်းသမီးလေးကတော့ မင်းသားလေးနဲ့ပြန်တွေ့ရတော့မယ်ဆိုပြီးပျော်နေခဲ့တာပေါ့ မင်းသမီးလေးတစ်ချက်မသိလိုက်တာကတော့ ပရောဟိတ်ကမင်းသမီးလေးရဲ့သွေးကိုလိုတာထက်ပိုထုပ်ခဲ့တယ်ဆိုတာဘဲ
ဒေါက်ဒေါက် တံခါးခေါက်သံကြားလို့ ရိပေါ်အခန်းတံခါးကိုဖွင့်လိုက်တော့
ကျိုချန်< ရိပေါ် ပါးအခြေနေမကောင်းဘူး
ကျိုချန်စကားကိုဆုံးတာနဲ့ ပါးဆီပြေးလာခဲ့လိုက်ပြီး
ရိပေါ်<ပါး ခေါ်လိုက်ပေးမဲ့အသံကထွက်မလာဘဲ လည်ချောင်းဝတင်ဘဲပျောက်သွားတယ် ပါးကသူ့ရဲ့လက်ကိုဆုပ်ကိုင်ပြီးမျက်လုံးလေးတွေမှေးစင်းသွားတယ်
ကျိုချန်<ရိပေါ်စိတ်ထိန်း ပါးအသက်မရှိတော့ဘူး