part 8

414 30 0
                                    

Part 8
စဉ်းစားနေရင်း သွားပေးလိုက်ပါ့မယ် ဒဏ်ရာကဆေးမသောက်ရင်ကိုက်ခဲနေအုံးမယ်
ဆေးထုပ်လေးကိုင်ပြီးကျန်ချန်တို့အိမ်ရှေ့ရောက်တော့လူခေါ်ဘဲကိုတီးလိုက်တယ် ခနကြာတော့ ခြံစောင်ကတံခါးဖွင့်ပေးရင်း"ဘယ်သူနဲ့တွေ့ချင်လို့လဲ"  "ကျန့်ကျန့်ဆီလာတာ သူ့ဆေးထုပ်လာပို့တာ" "သြော် အဲ့တာဆိုအပေါ်ထပ်တပ်သွားလိုက်နော်" ရိပေါ်လဲအိမ်ထဲဝင်ပြီး အပေါ်ထပ်တက်လာလိုက်ပြီး အခန်းတံခါးကိုခေါက်လိုက်တယ် အထဲက ဘာလူပ်ရှားသံမှမကြားရတာနဲ့ တံခါးကိုလှည့်ကြည့်တော့သော့ကမခတ်ထားဘူး တံခါးက ပွင့်သွားတယ် ဒါနဲ့ရိပေါ်လဲအခန်းထဲကိုဝင်ပြီး ကြည့်လိုက်တော့ ဘယ်သူမှမတွေ့ဘူး  ကုတင်နားထိအောင်လျှောက်လာလိုက်တော့မှ ရေချိုးခန်းထဲက ရေကျသံကြားရတယ်   ရိပေါ်လဲ ပြတင်းပေါက်နားသွားပြီးအပြင်ကြည့်လိုက်တော့ သူ့အခန်းနဲ့မျက်နှာချင်းဆိုင်ဘဲ သဘောကျပြီးပြုံး နေတုန်းမှာဘဲ
"ရိပေါ်လားဟင်" ခေါ်သံကြောင့်လှည့်ကြည်လိုက်တယ်ဆိုရင်ဘဲ ဆပ်ပြာနံသင်းသင်းလေးကနှာခေါင်းထဲကိုတိုးဝှေ့လာတယ် ခါးမှာ သဘတ် အဖြူလေးတစ်ထည် ပါတ်ထားပြီးသူ့နား ထော့နင့်ထော့နင့် လာနေတဲ့ကျန့်ကျန့်
ခြေတစ်လှမ်းတိုးလာလေ သူ့ရင်ခုန်သံကပိုမြန်လာလေ
ရိပေါ်ရင်ခုန်လဲရင်ခုန်ချင်စရာ ရေချိုးပြီးကာစ မျက်နှာလေးကရှင်းသန့်ပြီးသဘာဝအတိုင်းကြည့်ကောင်းနေတာ နူတ်ခမ်းလေးက ကိုက်ဆွဲချင်လောက်အောင်ရဲနေသေး နူတ်ခမ်းလေးရဲ့အောက်ကမည့်ထင်းထင်းလေးကသူ့ကိုစိန်ခေါ်နေသယောင် ဒီကြားထဲ အပေါ်ပိုင်းဘာမှမဝတ်ရသေးတဲ့ရင်အုပ်ကျယ်ကျယ်ကိုမြင်တော့"အားရိပေါ် စိတ်ထိန်းစမ်း သူကယောင်္ကျားလေး မင်းလဲယောင်္ကျားလေးလေ ဘာတွေတွေးနေတာလဲ" ရိပေါ် သူ့အတွေးကိုသူရှက်ပြီး
"ရော့မင်းဆေးထုပ်လာပေးတာ ဆေးထုပ်တောင်မယူနိုင်လောက်အောင် ဘာတွေမွန်းပြီးပြန်သွားလဲမှမသိတာ ဆေးမသောက်ရင်ရောဂါပိုတတ်ပြီး ငါ့အပေါ် အပြစ်ပုံလာမှာစိုးလို့ လာပေးရတာ စေတနာရှိလွန်းလို့တော့မထင်နဲ့ "ရိပေါ်ပြောပြီးဆေးထုပ်ကိုပြစ်ချကားမပြေးယုံတ မယ်ပြန်လာခဲ့လိုက်တော့တယ်
ရိပေါ်ပြန်သွားတော့မှကျန့်ကျန့်လဲသတိဝင်လာပြီး"ရိပေါ်ရယ် ဘာလို့ငါ့ကိုအဲလောက်ခါးခါးသီးသီးဖြစ်နေရတာလဲ မင်းကြောင့်ငါ့အသက်ဆုံးရှုံးသွားတယ်ဆိုရင်တောင် မင်းကိုအပြစ်မတင်ရက်ပါဘူး" 
ရိပေါ်အခန်းထဲပြန်ရောက်တော့ မှန်ဘီလူးကိုယူပြီး ပြတင်းပေါက်ကနေ ကျန့်ကျန့်အခန်းကိုလှမ်းကြည့်လိုက်တော့"အခုထိအကျီမဝတ်ဘဲ ထိုင်နေတုန်း အအေးပါတ်တော့မှာဘဲ အနာရှိန်နဲ့ မနက်ဖျားနေရင်ဒုက္ခ "မှန်ဘီလူး ကြီး နဲ့လှမ်းချောင်းနေတဲ့ ရိပေါ် ကျန့်ကျန့်ကို စိတ်ပူနေတာ
ကျန့်ကျန့်လဲ ထပြီးအဝတ်စားဝတ်လိုက်တယ် ခုနက ရိပေါ်ထားခဲ့တဲ့ဆေးကိုသောက်ပြီးအိပ်ယာဝင်လိုက်တော့တယ်
အဲ့တော့မှဘဲ ရိပေါ်လဲ မှန်ဘီလူးကြီးကိုချပြီး အိပ်ယာဝင်ခဲ့လိုက်တော့တယ်
မနက် ၈နာရီ အိပ်ယာထ ထခြင်းဘဲ ရိပေါ်လက်ကမှန်ဘီလူးဆီရောက်သွားပြီးကျန့်ကျန့်ဘာလုပ်နေလဲ လှမ်းချောင်းတော့. " မနိုးသေးဘူးထင်တယ် သက်ကောသက်သာရဲ့လားမသိဘူး " တွေးရင်းအလုပ်သွားဖို့ပြင်ဆင်
လိုက်တော့တယ် "အလုပ်ကလဲမသွားလို့မဖြစ်ဘူးလေ ညနေစောစောပြန်လာပြီးမှဘဲ သွားမေးတော့မယ်" ညနေအတွက်အစီစဉ်ဆွဲပြီး အလုပ်ကိုထွက်လာခဲ့လိုက်တယ်

သွေးတစ်စက်ကံကြမ္မာWhere stories live. Discover now