Part 24
တစ်လခန့်အကြာ
"မောနင်း သားလေးကျန့်. "
"မေားနင်းမားမား"
"သားလေး အင်ဒီုနီးရှားကို သွားလည်တာ
ပျော်ခဲ့ရဲ့လား စိတ်ပြေလက်ပျောက်ကော
ဖြစ်ခဲ့ရဲ့လား"
"ပျော်ပါခဲ့ပါတယ်မားမား"
ပျော်ခဲ့တယ်လို့ပြောနေပေမဲ့ ကျန့်ကျန့်ရင်ထဲမှာ
တစ်သက်လုံးစာ မေ့မရတဲ့ ပုံပြင်လေးကတော့
ဘယ်တော့မှမေ့လို့ရမှာမဟုတ်သလို
ဘယ်တော့မှ မေ့ပြစ်ဖို့ စိတ်မကူးခဲ့ဘူး
"သားလေးကျန့် ဒီနေ့ စိတ်ကြည်သွားတာသေချာ
တယ်နော်"
"ဟုတ်မား"
"အဲ့တာဆို မားက သားကို ပေးစရာ
တစ်ခုရှိတယ်"
မားက သူ့လက်ထဲကို စာအုပ်လေး
တစ်အုပ် ထည့်ပေးကာ
"ဒီစာအုပ်ကလေးကို သားအဖွားက ပေးခဲ့တာ
သား အခက်အခဲ တစ်ခုခု ကြုံခဲ့ရင်
စာအုပ်လေးကို ပေးလိုက်ပါလို့မှာခဲ့တာအခုသားဆီ
မှာ ဖြေရှင်းမရတဲ့အခက်အခဲ တစ်ခုရှိနေမယ်လို့
မားထင်တယ် ဒါကြောင့် ဒီစာအုပ်လေးကို
သားလက်ထဲထည့်ပေးရတာ သားမဖြေရှင်းနိုင်တဲ့ပုစ္စာ
တွေကို ဒီစာအုပ်လေးက ဖြေရှင်းပေးနိုင်လိမ့်မယ်လို့
မားထင်တယ် တခါတလေကြရင် အမုန်းနဲ့ အရူံးကြား
မှာ လဲ စစ်မှန်တဲ့ ချစ်ချင်းတစ်ခု ပေါက်ဖွားလာနိုင်တယ်
အဲဒီအချစ်ကိုမြင်အောင်ကြည့်ဖို့ကလဲကြည့်တဲ့သူရဲ
အမြင်မှန်နေဖို့ကလဲအရေးကြီးတယ်သား ငါ့ကလေးက
မေတ္တာ တရားနဲ့ပြည့်ဝတဲ့သူမို့ အရာရာကို အောင်မြင်
အောင်ဆောင်ရွက်နိုင်မှာပါ"
ကျန့်ကျန့် မားရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ကာ
အခုချိန်ဆိုရိပေါ်ဘာလုပ်နေမလဲ မဆီမဆိုင်စိတ်က
ရောက်သွားသေးတယ်ကျောခိုင်းထွက်သွားတဲ့ ကျန့်ကျန့် နောက်ကို
ရိပေါ်ပြေးလိုက်ပြီး
"မသွားပါနဲ့ ကျန့်ကော ကျွန်တော်တောင်းပန်ပါတယ်"
အော်ခေါ်ပြီး နောက်ကျောကိုပြေးဖတ်လိုက်တာ
ကျန့်ကောကလှည့်တောင်မကြည့်ဘူး ရှေ့ကိုသာ
ဆက်သွားနေလေရဲ့
ရိပေါ်ကျန့်ကော နာမည်ကို ခေါ်ရင်း
နိုးလာတော့ မျက်နှာကျတ်အဖြူရောင်ကို
အရင်ဆုံးမြင်လိုက်ရပြီး
"ရိပေါ်သတိရလာပြီလား နေလို့ကောင်းလား"
ကျိချန်ကရိပေါ်ကို ကြည့်ကာမေးလိုက်တော့
"အင်း သက်သာပါတယ် "
ရိပေါ်မျက်လုံးပြူကာ သူဘာဖြစ်တာလဲ အသံတွေ
ကထွက်မလာ
"အစ်ကို ကျိချန်း"ရိပေါ်စိတ်လူပ်ရှားစွာခေါ်လိုက်တယ်
သူ့အသံတွေ ဘယ်ပျောက်ကုန်တာလဲ
"ရိပေါ်စိတ်အေးအေးထား အရမ်းစိတ်မလူပ်ရှားနဲ့
ခနနေဆရာဝန်လာတော့မှာ စိတ်ကိုလျော့ထားနော်"