ဇတ်သိမ်း part 30
လေပြင်းတွေက တရကြမ်းဝင်လာသည်
လူတွေတောင် လွင့်ထွက်သွားမတက်
အားနဲ့ တိုက်ခတ်လာတာကြောင့်
ရိပေါ် ကျန့်ကျန့် လက်ကို လွတ်ထွက်မသွား
အောင်ဆုပ်ကိုင်ထားတော့သည်ရွယ်ယန် ရဲ့ဒေါသ တွေက
လူစိတ်ပျောက်လောက်အောင်ပင်
ကြီးမားနေသည်
ထိုကြောင့် တွဲထားတဲ့လက်ကို
အရှိန်နဲ့ တိုက်ခိုက်လိုက်သည်ရိပေါ်နဲ့ ကျန့်ကျန့် တကွဲတပြားစီ
မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့မှ
ရွယ်ယန် ဓားအနားကို ဖြည်းဖြည်းချင်း
လျှောက်သွားပြီး
သူ့ရဲအတွင်းအားကို စုစည်းပြီး
ဖျတ်စီးလိုက်သည်ကျန့်ကျန့်က ဓားကို ဖျတ်စီးနေသော
ရွယ်ယန်နောက်ကျောကို သံတုပ်နဲ့ရိုက်
လိုက်သည်
ရွယ်ယန်မှာ လူပ်တောင်မလူပ် ဘဲ
ကျန့်ကျန့်ကို လက်တစ်ဖက်နဲ့ လည်ပင်း
ကိုညှစ်ထားလိုက်တော့သည်ထိုအခါရိပေါ်က ဘေးနားမှာရှိသော
အပင်ညှပ် ကပ်ကြေးနဲ့
ရွယ်ယန်လက်ကို နာကျင်အောင်
လုပ်ပြီး ကျန့်ကျန့်ကို လွတ်အောင်
လုပ်လိုက်သည်သူ့အသားနာကျင်သွားတာကြောင့်
ရွယ်ယန် ပိုပြီး ဒေါသထွက်ကာ
ဓားကို ဖျတ်စီးဖို့အားကုန်သုံးလိုက်တော့သည်တဆက်တည်းမှာဘဲ ဓားသာပျက်စီး
သွားရင် ရွယ်ယန်ကို တစ်သက်လုံး
သက်လို့ရမှာမဟုတ်တာကို သိနေသော
ကျန့်ကျန့်က ဓားရှေ့ကို ဝင်ပြီး
ရွယ်ယန် ရဲ့ အတွင်းအားကို ဝင်ခံလိုက်တော့
သည်
ရွယ်ယန်ရဲ့ အတွင်းအားတွေက
ွှနှလုံးသားတည့်တည့်ကို ထိမှန်
ကျရောက်သွားတာကြောင့်
ကျန့်ကျန့်ရဲ့ ခန္နာကိုယ်က မြေပေါ်သို့
အရုပ်ကြိုးပြတ်လို ပြုတ်ကျသွားတော့သည်
ထိုအခါ ကျန့်ကျန်ရဲ့နှလုံးသားနဲ့စပ်ဆက်နေသော
အစိမ်းနဲ့ အနီရောင် ရောယှက်ပြီး
တောက်ပစွာ လှပနေတဲ့ ဓားကလဲ
အရောင်တွေပျောက်ကွယ်ပြီး
မြေပေါ်သို့ ပြုတ်ကျသွားတော့သည်"ကျန့်ကော ကျန့်ကောထပါအုံးကျန့်ကော
ကျန့်ကော မနောက်ပါနဲ့ ထပါအုံး "ပြောလဲပြော လက်ကလဲ နှလုံးခုံလာအောင်
ရင်ဘတ်ကို ရှေ့ဦးသူနာပြုနည်းကိုသုံးကာ
ဖိနေသည် ကျန့်ကျန့်ရဲ့ နူတ်ခမ်းကို
သူ့နူတ်ခမ်းနဲ့ ထိတွေ့ပြီး အသက်ပြန်ရူ
လာစေရန် ကြိုးစားနေသည်
ရိပေါ်အရူးတစ်ယောက်လို
ပေါ်ဟစ်ကာ ကျန့်ကျန့်ခေါင်းလေးကို
သူ့ရင်ခွင်ထဲ ထည့်ပြီးငိုကြွေးလိုက်တော့သည်
ရိပေါ်ဘဝမှာ ကျန့်ကောမရှိလို့ မဖြစ်ဘူး
ကျန့်ကော သာမရှိရင် ရိပေါ်လဲ
ကျန့်ကောနဲ့အတူတူလိုက်သေ
မယ်လို့ ဆုံးဖြတ်ကာ
ဓားကို ကောက်ကိုင်ပြီး လည်ပင်းကိုရွယ်ကာ
ဟန်ပြင်လိုက်တာကြောင့်
ရွယ်ယန် ဓားကို လွှင့်စင်သွားအောင်
လုပ်လိုက်သည်
ကျန့်ကျန့်သေတာ သူ့အတွက်ဘာမှမဖြစ်ပေ
ရိပေါ်သေလို့တော့မဖြစ်ဘူး
ရွယ်ယန်ရဲ့ တစ်ယောက်တည်းသော
ချစ်ရသူဖြစ်သောကြောင့်
ဖြစ်သည်