ချောတို့ သူငယ်ချင်း တစ်အုပ်စုလည်း ချက်ချင်းဆိုသလို
ဆေးရုံကို ထသွားကြတော့သည်။ ကောင်တာရှေ့လည်းရောက်ကော ဒါလီက"ဟိုလို အစ်မ ဒေါက်တာ (ချောကို လှည့်ကြည့်ကာ) ဟဲ့ ဘယ်သူ"
ချောက အံ့ကြိတ်ကာ
"ဦးကိုကိုမောင်"
ဒါလီက လည်း အရူးကွက် နင်းကာ ကောင်တာက အစ်မအား
"ဟီး ဟီး ဟီး ဒေါက်တာ ဦးကိုကိုမောင် ဘယ်ဆေးရုံတွေ
ထိုင်လဲဟင်"
"ရှင်"
လဲ့က စိတ်မရှည်တော့တာနဲ့
"ဟဲ့ ဘေးဖယ်(ဒါလီအား တွန်းကာ) အစ်မ ဦးကိုကိုမောင်
ဖုန်းနပတ်လိုချင်လို့"
ကောင်တာက အစ်မကြီးလဲ ကြောင်သွားကာ
"ရှင်"
လဲ့လဲ့ က စိတ်မရှည်ပုံဖြင့်
"အော်အစ်မရယ် ဒေါက်တာဦးကိုကိုမောင် ဖုန်းနပတ်သိချင်လို့ လို့"
အဲအချိန် ကောင်တာရဲ့ မျက်စောင်းထိုး ဆရာဝန်များနားနေဆောင်မှ ဦးမောင်ရဲ့ assistant ဒေါက်တာ ဆုကဗျာ
ထွက်လာတော့သည်။သူမပုံစံသည် စိုးမြတ်သူဇာကဲ့သို့
ကိုယ်လုံးမျိုးနှင့် ခေတ်ဆန်တဲ့ မျက်နှာပေါက်မျိုးဖြစ်ကာ
အနည်းငယ် ခတ်ထန်ပုံ ပေါ်နေတော့သည်။ ထိုအချိန်
ကောင်တာမှ လဲ့လဲ့၏ ဒေါက်တာ ဦးကိုကိုမောင်ဟု
ပြောလိုက်သည်ကို ကြားသောကြောင့် သူမ ကောင်တာဆီ
ကို လမ်းလျှောက်လာတော့သည်။ ကောင်တာကနောက်ထပ် အစ်မတစ်ယောက်က အရင်အစ်မအား
"ဘာဖြစ်တာလဲ ညီမလေး"
"ဟိုလူပျိုကြီးဆိုတဲ့ ဆရာဝန်လေ "
"အေး"
"သူဖုန်းနပတ်တောင်းနေလို့"
ထိုနောက် အစ်မကြီးက ချောတို့အား
"Personalကိစ္စ ဆိုတော့လေ.. ဆေးရုံကလဲ ခွင့်မပြုလို့ပါ"
ထိုအချိန် ဆုကဗျာက
"ဘာဖြစ်တာလဲ"
ကောင်တာက အစ်မကြီးကလဲ ကြောက်ကြောက်ဖြင့်
"ဒေါက်တာ ဟိုလေ သူတို့က ဒေါက်တာကိုကိုမောင်ဖုန်း
နပတ်လိုချင်နေကြလို့"
ဆုကဗျာ၏ မျက်လုံးသည် သုံးယောက်တည်း မှာမှ ချောဆီကို အကြည့်များရောက်နေတော့သည်။ချောက
လည်း အစက ပြုံးပြသော်လည်း နောက်ပိုင်း ဆုကဗျာရဲ့
မျက်လုံးတွေကို မကြိုက်လို့ ချောကပါ ဘုကြည့် ကြည့်တော့သည်။ အဲလိုနဲ့ ၁မိနစ်လောက်အကြာ.ဆုကဗျာက
"ဒါ ဆေးရုံရဲ့စည်းကမ်း ဒေါက်တာ ခွင့်ပြုချက်မပါဘဲ
သူဖုန်းနပတ်ပေးလို့မရဘူး မင်းတို့က ဘာကိစ္စရှိလို့ လိုချင်တာလဲ"
ချောကလဲ လေသံမာမာဖြင့်
"Patient တစ်ယောက်က ဒေါက်တာ ဖုန်းနပတ် ကို လိုချင်တာ ရပိုင်ခွင့်မရှိဘူးလား"