"ဦး သမီး တို့ လက်ထပ် ရအောင်လား "
"ချော"
"ဘာလဲ..ဦး က သမီး ကို လက်မထပ် ချင်ဘူးလား"
ဦးမောင်လည်း ချော လက်ကလေးကို ကိုင်လိုက်ပြီး
"ချော...ဦး ချောကို လက်ထပ်ချင်တာ ချော အသိဆုံး ပါ. အခုက ရုတ်တရက်ကြီးလေ ကလေး ရယ်"
"အဲဆို အခု လက်ထပ် ရအောင်လေ"
"ချော ....ဦး ကို သေချာကြည့်....ချော ဘာဖြစ်နေတာလဲ"
"အိမ်မှာ ဒေါ်ကေသီရောက်နေတယ်တဲ့ ကြီး အေး စာပို့တယ် သူယောက်ျား နဲ့ကိစ္စကို လာပြောတာ နေမှာပေါ့ ကြီးအေးက အိမ်ပြန်မလာနဲ့ဦးတဲ့..."
"ချော...အခု ဖြစ်တဲ့ဟာက ချော မမှားဘူးလေ ချစ်ရဲ့"
"ဒါပေမဲ့လည်း..."
"ဒါဆို ချော ဖြစ်ခဲ့သမျှ ကို အမှန်တိုင်း ဖွင့်ပြော"
"ဦး...သမီး ပြောပြီးပြီးလေ သမီး သူအိမ်ထောင်ရေးကို အပျက် မခံချင်ဘူးလို့"
"သူသိဖို့ လိုပြီး လို့ တော့ ဦးထင်တယ် ချော"
"ဦး"
"ဗျာ"
"သမီးကို ဒီလူတွေ နဲ့အဝေးဆုံးကို ခေါ်သွားလို့ မရဘူးလား"
"ချော...ဦးကိုကြည့် ဦးပြောမယ်...ချောက strongဖြစ်တဲ့ မိန်းမလေး၊ ချော ဖြစ်နေတာတွေ အကုန်လုံးကို ချော ဖြေရှင်းနေမယ်ဆိုတာ ဦးသိပြီးသား ကလေး၊ ချော ဟာ အခုဖြစ်နေတဲ့ ပြဿနာတင်မက နောင် ကြုံလာမဲ့ အရာရာ ကို ဖြေ ရှင်း နိုင်မယ် ဆိုတာ ဦး ယုံတယ် ကလေး"
"ဦး"
"ဗျာ"
"သမီး. ကို လောလောဆယ်တော့ ခဏ သူတို့နဲ့ ဝေး ရာမှာ ထားပေးပါနော်"
"ချော သဘော ပါ"
ဦးမောင်လည်း ချော စိတ်ပြေ လက်ပျောက် ဖြစ် အောင်ကား ပတ်မောင်းနေတော့သည်။ ပင်ပန်းတာရယ် ကြောင့် ချော လည်း ဘေး ထိုင်ခုံ လေးမှာ အိပ်မော ကျသွားတော့သည်။ ထို့နောက် ဦးမောင်ဆီ အန်တီ အေးဆီ မှ ဖုန်း ဝင်လာတော့သည်။
"ဟလို အစ်မ"
"အေး မောင်မောင်ရေ ချော မင်းနဲ့ အတူတူ ရှိနေတာ မလား.."