ညရောက်တော့ ချောလဲ သူစားပွဲမှာ စာထိုင်လုပ်နေတော့သည်။ မသိစိတ်ကနေ ဦးမောင်က လည်း ချောအား
သတိရနေသဖြင့် လိုက်ကာ များ တင်ထားမလားစိတ်နှင့်
ပြတင်းပေါက်ကို ကြည့်လိုက်တော့ လိုက်ကာ ချထားသော
ကြောင့် စိတ်ပျက်လျက် စာအုပ်ပဲ ထိုင်ဖတ်နေတော့သည်။ထိုအချိန် ဦးမောင် တံခါးကို ဦးဇော်က
ခေါက်တော့သည်။ ဦးမောင်လည်း ဖွင့်ပေးလိုက်တော့"ညီရေ အစ်ကိုတို့ ပတ်ဝန်းကျင်ကို အလှူ ကိစ္စလိုက်ဖိတ်
ရအောင်လေ ရှေ့ ၇အိမ် နောက် ၇အိမ်ပေါ့"ဦးမောင်လည်း ချက်ချင်း
"အင်း လိုက်မယ်လေ"
အဲလိုနဲ့ ညီအစ်ကို နှစ်ယောက် ချောတို့ အိမ်ဘက်ကို
ခြေဦးလှည့်လာတော့သည်။ ဦးမောင်တို့ကို ကြီးကြီးအေး
မြင်လိုက်ချိန်တွင်"ဟယ် ဒေါက်တာ တို့ပါလား လာကြွပါရှင်"
အပေါ်ထပ်က ချောလဲ ဒေါက်တာ ဟူသော အသံကြားတာနှင့် ပြေးဆင်းလာတော့သည်။ ကြီးကြီးအေးက ချောအား
"ဟဲ့ ကလေးမ ဖြေးဖြေးဆင်း ချော်လှဲမယ် နမောနမဲ့နဲ့သူကြည့်တော့ဖြင့်"
"ကြီးအေးကလည်း"
ချောကလည်း ဦးမောင်ကို ကြည့်ပြီး ပြုံးပြကာ ဦးမောင်ကလည်း ချောကို ပြုံးပြတော့သည်။ ကြီးအေးမှ
"ဒေါက်တာများ ဘာများ ကိစ္စရှိလို့ပါလဲရှင်"
"ကျွန်တော်တို့အိမ် အိမ်တက်လေး ဖိတ်ချင်လို့ပါခင်ဗျာ
လာမဲ့ စနေ့ လာပေးပါနော်"
"လာရမှာပေါ့ ဒေါက်တာရယ် ကျွန်မတို့နဲ့အိမ်နီးနားချင်းတွေဖြစ်သွားပြီးပဲ ဟာကို.."
ဦးမောင်က ချောအား ကြည့်ပြီး
"သမီး သူငယ်ချင်းတွေကိုလည်းပြောလိုက်နော် ဦးက
ဖိတ်တယ်လို့"
"ဟုတ်..ဟုတ်ကဲ့"
"အင်း အဲဆို Good Night "
"ဟုတ်"
"ကယ်အဲဆို ကျွန်တော်တို့ပြန်လိုက်ပါဦးမယ်ခင်ဗျာ"
"ဟူတ်ကဲ့ပါရှင်"
ဦးမောင်တို့ ခြံအဝရောက်တော့ ချောက ဦးမောင်အား"ဦး..."
ဦးမောင်ကလည်း လှည့်ကြည့်လိုက်သည်။
"တာ့တာ့"
ဦးမောင်က ပြုံးပြီး ခေါင်းငြိမ့်ပြတော့သည်။ အဲလိုနဲ့ ကျန်တဲ့အိမ်တွေ လိုက်ဖိတ်ပြီး ညီအစ်ကို နှစ်ယောက်
ခြံထဲတွင် ထိုင်နေကြတော့သည်။ ထိုအချိန် ဦးဇော်က
"မင်း ဟိုဘက်အိမ်က ကလေးမလေးကို ဘယ်လိုမြင်လဲ"
သတင်းစာဖတ်နေတဲ့ ဦးမောင် ကြောင်သွားတော့သည်။
"ဘာကိုလည်း ကိုကြီးရဲ့"
"အော် ဟိုဘက်အိမ်က ချာတိတ်မလေ"
"အင်း"
"သူကြည့်ရတာ ငါတစ်ယောက်ယောက်ကို သတိရမိတယ်"
"ဘယ်သူလဲ"
"ပိုးမြတ်ဆွေလေ"
"ဟာ အစ်ကို ကလည်း မတူပါဘူး ပြီး သူနဲ့ ကလေးမလေးနဲ့ကို မနှိုင်းပါနဲ့..ကလေးက ဖြူစင်တယ်"
"ပိုးမြတ်မှာလဲ အကြောင်းရှိလို့နေမှာပါ ငါညီရာ.. သူမင်းကို တကယ်ချစ်ခဲ့ပါတယ်..."
"ကျွန်တော် သူအကြောင်းမေ့ထားတယ်အစ်ကို"
"အာဒါနဲ့....ဆုဆု တစ်ယောက် UKသွားတော့မှာဆို"
"ဟူတ်တယ် ကိုကြီး"